Friday, May 28, 2010

gtalk နိုင်ငံရေး အကြံပေး

Bro-s: ၂၀၁၀ ပြီးရင် ဒီမိုကရေစီ ရတော့မှာ
အဲခါကျ ရင် မြန်မာ အင်ဂျင်နီယာတွေ တစ်လ ဒေါ်လာ ၂၀၀၀ ပေးမှာတဲ့
မီးတွေလည်း အကုန်လင်းတော့မှာတဲ့
ရေတွေလည်း ပုံမှန်လာတော့မှာ
ကုန်ဈေးနှုန်းလည်း ကျမှာ
ခု ရွှေဈေး ၆ သိန်းကျော် ၂၀၁၀ ပြီးရင် ၆ ထောင်တဲ့
ဆန်တစ်ပြည် ပြား ၅၀ ဖြစ်မယ်တဲ့
ရန်ကုန်-မြစ်ကြီးနား ကို ၂၀၁၂ မှာ ကျည်ဆံမီးရထားလမ်း အပြီးဆောက်ပေးမှာတဲ့
၂၀၁၁ ဧပြီမှာ ATM စနစ်နဲ့ မြန်မာတစ်ပြည်လုံး လမ်းဘေးငွေထုတ်လို့ ရစေရမယ်
အိမ်တိုင်း မြန်နှုန်းမြင့် အင်တာနက်လိုင်း ချိတ်ပေးမယ်တဲ့ တစ်လမှ ၅ ကျပ်ပဲ ကျမယ်တဲ့
၂၀၁၅ မှာ အရွယ်ရောက်သူတိုင်း ကိုယ်ပိုင်ကားတစ်စီးစီရှိစေရမယ်တဲ့ ဓာတ်ဆီ ၁ ဂါလံကို ၂ ကျပ်တဲ့
၂၀၁၃ နှစ်ကုန်ပိုင်းမှာ အိုင်ဖုန်းနောက်ဆုံး မျိုးဆက်ဖြစ်တဲ့ အိုင်မုန်း ဆိုတာကို မြန်မာတပြည်လုံး သုံနိုင်းစေရမယ်တဲ့

shwunmi: ဟင်
အေပရယ်ဖူးက လွန်တာ ကြာပီလေ

Bro-s: ဟီးဟီး

shwunmi: ဘယ်သူတွေဘာပဲပြောပြော
ပုံပြင်ပဲ တို့ သိကြတာ
:D
ဘယ်သူတွေ ဘာပဲပြောပစေ
အချိန်တန်ရင် သမိုင်းကို ပြန်မှာ ...
ဒန်တန့်တန်

Bro-s: ရွှန်းမီ ကို ၀န်ကြီးချုပ် လုပ်ခိုင်းမယ်

shwunmi: ဇတ်ထဲပဲ လိုက်ပါရစေ

Bro-s:
ဟာ

shwunmi:
ဇာတ်ထဲက ဝန်ကြီးလုပ်တာကမှ လူချစ်လူခင် များဦးမယ်

Bro-s:
ရွှန်းမီတို့လို နိုင်ငံတကာ အသိအမြင်ရှိတဲ့ လူတွေကမှ
တိုင်းပြည်တာဝန်ကို မယူရင်

shwunmi:
နိုင်ငံတကာအသိအမြင်ရှိတဲ့လူက နိုင်ငံတကာအသိအမြင် မရှိတဲ့လူတွေ ပေးလာမယ့်တာဝန်ကို ယူစရာလား
:D

Bro-s:
တိုင်းပြည်ကြီးတော့ သွားပြီ

shwunmi:
တာဝန်ပဲ ပေးပါစေဦး
နာဂစ်မဖြစ်ခင်ကတည်းက သစ်ပင်တွေ စိုက်သင့်ပါတယ် ပြောနေတာ
မကြာဘူး.. ခု ကုန်ပီ

Bro-s:
ဟာ

shwunmi:
သည်တော့ကာ .. စိတ်ကုန်တယ်

Bro-s:
ကုန်သေးဘူး
ခုတ်ရောင်းလို့ရသေးတယ်
:P

shwunmi:
သစ်ပင်ကုန်ရင် လူပါခုတ်ရောင်းကြပါဦး လို့ပဲ အကြံပေးချင်တော့တယ်

Bro-s:
အယ် ဒါကြောင့်ပြောတာ
ဝန်ကြီးချုပ်လုပ်ပါလို့
တော်တော် ထက်မြက်တာပဲ

shwunmi:
ဇာတ်ထဲက ဝန်ကြီးချုပ်တောင် ဆင်ဆာမလွတ်ရင် ထမင်းငတ်မယ့်ခေတ်ကြီးမှာ
တကယ့်ဝန်ကြီးချုပ်တော့ မလုပ်ပါရစေနဲ့
အန္တရာယ်များတဲ့ အလုပ်ကြီး
လူကလည်း ဗလတောင့်တောင့် ဆိုတော့

Bro-s:
အမ်မယ်
ရွှန်းမီကို စနိုက်ပါနဲ့ ထုမယ်ဆို

shwunmi:
ထိမှာမဟုတ်ဘူး.. ပစ်မှတ်ရှာမတွေ့လို့ :D

Bro-s:
အတော်ရှာရမှာ
မပူနဲ့

shwunmi:
စင်ပေါ်မတ်တပ်ရပ်နေတာတောင် မိုက်နဲ့ကွယ်ပြီး ပျောက်နေမှာ

Bro-s:
ဒါကြောင့်ပြောတာပေါ့

shwunmi:
ဟိ

Bro-s:
ဝန်ကြီးချုပ်လုပ်ဖို့
ပုဂ္ဂိုလ်ဟာ
ရွှန်းမီမှ တစ်ပါး
အခြားမရှိပါဘူး

shwunmi:
ဟမ်.. ဘယ်သူတွေဘာဖြစ်ကုန်ပီလဲ?
တခြားလူကြီးတွေ ဘယ်ရောက်ကုန်လဲမသိ
ကိုစိုင်းခမ်းထွန်း သမ္မတလုပ်မယ် ဆိုရင်တော့ စဉ်းစားပါမယ်း)

Bro-s:
ဂျာ
ခေါင်းမကောင်းဘူး
လုပ်လို့ဖြစ်ဘူး
ကိုဂျူလိုင်ကို တင်လိုက်
သူက ခုတောင် သွေးလှူနေတာ
သူမြန်မာ သမ္မတ ဖြစ်ရင်
မြန်မာပြည် ထမင်ရည်ချောင်းစီးတာ နည်းတယ်

shwunmi:
ဝေသန္တရာ သတိရသလိုလိုပဲ =)

Bro-s:
သွေးချောင်းစီးစေရမယ်
:D

shwunmi:
ကြောက်ရတယ် =)

Bro-s: အယ် လှူတာပြောတာပါ
shwunmi: ဟုတ်..း)
Bro-s: ကိုဂျူလိုင်ကြီး ဂုဏ်ပြုရမယ်ဗျ
အကောင်းဆုံး စီဗယ်လီယမ် ဆု

shwunmi: ဟုတ်ပ
ဘယ်သူဂုဏ်ပြုမလဲ
ဂုဏ်ပြုမယ့်သူ ရှာပေးရမယ်

Bro-s: အစ်ကိုက တစ်မဲ ပေးတယ်
shwunmi: ၂မဲ ပေးသင့်တယ်.. အယ်.. ၃ မဲ
ညီမက ၁မဲ .. ကိုစိုင်းခမ်းထွန်းက ၃မဲ

Bro-s: ဟေ
ကိုယ့်လူကိုယ်ခန့်ရင်
ခု ဒီမိုကရေစီ ပေးသလိုဖြစ်နေမှာပေါ့
ဟုတ်သေးဘူး
ဟီး
shwunmi: မတတ်နိုင်ဘူး
အဖွဲ့တွင်း သဘောထားကွဲတာတွေ ရှင်းနေရရင် ပိုဆိုးမယ် :P

Bro-s: အဲ
လုပ်ပြီ
မောင်မင်းကြီးဆန္ဒမေးဦးမှာပဲ

shwunmi: မေးစေဗျား :D

----------------------------------------------- ဤတွင် တစ်ခန်းလုံး ရပ်လေ၏။

No comments: