Thursday, October 29, 2009

သစ္စာ

ရသစာပေကို ဖန်တီးသူသည် မိမိ၏ နှလုံးသားအပေါ် သစ္စာရှိရမည်။
သုတစာပေကို ဖန်တီးသူသည် မိမီ၏ ဦးနှောက်အပေါ် သစ္စာရှိရမည်။

-အောင်သင်း-

..

world: အခု ဘလောက်စာပေလောကမှာ
စာကောင်းပေကောင်းတွေ ရှားပါးလာတာ
ဘာကြောင့်လို့ ထင်ပါသလဲ
shwunmi: စာပေလောက ကနေ စာပေါလောက ဖြစ်သွားလို့ပါ

Willingly

One of the guest lecturer yesterday, quoted Confucius.
If you can make your job is your hobby, you will never work again.

Thursday, October 22, 2009

Life Game UPS

In the games of life, people like to encounter Unexpected Pleasant Surprises.
So that they play and play and stay and stay .. . 
. .. for a long time, until they realize it is time to quit, or got beaten badly.

သိပ္ပံခေတ်

သိပ္ပံနဲ့နည်းပညာအစွမ်းအားဖြင့် ကမ္ဘာကြီးပြောင်းလဲနေတာကို ကျုပ်တို့အနေနဲ့ မတားနိုင်ဘူးလို့ လက်ခံတယ်ဆိုပါစို့။ ဒီအပြောင်းအလဲတွေကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ပြောင်းလဲအောင် ကျုပ်တို့ကြိုးစားနိုင်ပါတယ်။

ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ လူထုဟာ သိပ္ပံပညာအခြေခံကို နားလည်ဖို့လိုပါတယ်။ ဒီနည်းအားဖြင့် လူထုကိုယ်တိုင်ဟာ ဗဟုသုတနဲ့ ပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး ကျွမ်းကျင်သူတွေလက်ထဲချည်း လွှဲမထားတော့ဘူးပေါ့။

- -- - -- - -- -
Stephen Hawking - သိပ္ပံပညာအပေါ် လူထု၏သဘောထား
(၁၉၈၉ အောက်တိုဘာလ စပိန်ပြည် အော်ဗီယေးဒိုးမြို့၌ ဟောပြောခဲ့သည်။)
မြန်မာဘာသာပြန်- ဘိုးလှိုင်၊ ကိုတာ (စတီဖင်ဟော့ကင်း အက်ဆေးများ)

Wednesday, October 21, 2009

စကားပြောရင် လူမျက်နှာကို ကြည့်ပြောပါ.. မရှက်ပါနဲ့..
တစ်ဖက်သားကို ဂရုမစိုက်သလို အချိုးချိုးပုံ ပေါက်နေမယ်..

-B.K.-

ချယ်ရီ ဒဿန

ချယ်ရီရွက်နှင့်ချယ်ရီပွင့်တို့သည် ချယ်ရီပင်ပေါ်မှာ တစ်လှည့်စီ မင်းမူကြရတာချင်းအတူ သဘာဝချင်း မတူကြ။
ကြွေကျရမည့်အချိန်တွင် ချယ်ရီပင်များသည် တော်ရုံနှင့် နေရာဖယ်၍မပေး။ မတတ်သာ၍ လက်လျှော့ရသည့်နှယ် ကွယ်ပျောက်ကုန်ကြသည်။
ချယ်ရီရွက်များမှာမူ ထိုသို့မဟုတ်။ ကြွေချိန်တွင် ကြွေသည်။ ဝေချိန်တွင် ဝေသည်။
လူတွေက ချယ်ရီပန်း၏ အလှကို ချီးကျူးကြသည်။
ချယ်ရီရွက်၏ အလှကို မည်သူမျှ ဂရုမစိုက်ကြ။
သို့သော် ချယ်ရီပန်းများသည် ဒီဇင်ဘာလကုန်ပိုင်းနှင့် လွန်ရောကျွံရော မတ်လဆန်းပိုင်းအထိသာ အပင်ပေါ်မှာ မင်းမူနိုင်ကြသည်။
အရွက်များမှာမူ တစ်နွေလုံး တစ်မိုးလုံး မင်းမူသည်။

တင်သန်းဦး - စန္ဒီမိုးဦးဖြူ

Sunday, October 18, 2009

TrendS

Do not follow trends. Make your own trends.
- Frank Capra, a famous movie director and winner of several awards

youthful ambition

Jackie Chen Philosophy -
Do whatever you want when you are young.
Do not hold back, Do not regret, to set your trend.

Friday, October 16, 2009

ဆားအန်ခြင်း


လောကကြီးမှာလေ..

လူများတရားနိုင်တယ်..

မျက်နှာကြီးရာဟင်းဖတ်ပါတယ်..

ကြာလာတော့ အမှန်တရားဟာ

ပဲလှော်ကြားဆားညပ်

ဝါးဖတ်ဖြစ်လာတော့တာပဲ..

October 16, 2009 12:38 AM

Inspiration of : http://soethawn.blogspot.com/2009/10/blog-post_07.html

Thursday, October 15, 2009

Changes

စိတ်က အပြောင်းအလဲတွေ များနေရင် ဘဝကို ပြောင်းလဲဖို့ ခက်နေလိမ့်မယ်။
ဘဝကို ပြောင်းလဲချင်ရင် စိတ်ကိုငြိမ်အောင်ထားမှပါ။

Monday, October 12, 2009

My Hand

ဓားခုတ်ရာ လက်ဝင်လျှိုရင် ကိုယ့်လက်အောက်ကလူ နာလားမနာလား မသိရခင်မှာ ကိုယ့်လက်ကိုတော့ အရင်ဓားထိမှာပါပဲ။

Sunday, October 11, 2009

ဆံပင်ရှည်မလေး


ဆံပင်ကို ဆီလိမ်းရင် ညဘက်လိမ်းရတယ်.. ဒါမှ မနက်ဝတ်မယ့် အင်္ကျီသစ်မှာ ဆီမပေဘဲ ဆံပင်လည်း ကောင်းကောင်းမွန်မွန် နေလိမ့်မယ်..
လုပ်စရာ ရှိတယ်ဆိုရင် ကြိုတင်စဉ်းစားချင့်ချိန်တတ်ရတယ်.. ဒါမှ အတိမ်းအစောင်းနည်းပြီး လှလှပပ လျှောက်လှမ်းနိုင်မယ်..

Wednesday, October 7, 2009

at the sea

maggie and milly and molly and may
went down to the beach(to play one day)

and maggie discovered a shell that sang
so sweetly she couldn't remember her troubles,and

milly befriended a stranded star
whose rays five languid fingers were;

and molly was chased by a horrible thing
which raced sideways while blowing bubbles:and

may came home with a smooth round stone
as small as a world and as large as alone.

For whatever we lose(like a you or a me)
it's always ourselves we find in the sea

-- E. E. Cummings

Hey, you know!
I have not found my stone, nor shell nor star . ..
Although horrible things chasing me around, I still hope that I will find that something I lost, . . . . in this sea of everything.,, one day.. ..

Monday, October 5, 2009

Would he want me to help him?

" What queer ideas you have! You have a kind heart, I see, but, dear, sometimes you cannot always help others. That's life. "


Khin Myo Chit : Come Live With Me, of the book: Her Infinite Variety and Other Stories

Sunday, October 4, 2009

to be rich

လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် အဲ့ဒီလုပ်ငန်းအပေါ်မှာ ကျွမ်းကျင်မှုရှိတဲ့သူတွေဆီက အကြံဥာဏ် ယူရမယ်..
ခိုင်မာပြီး အခြေအမြစ်ရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ အလုပ်တွဲလုပ်ခွင့်ရအောင် ကြိုးစားရမယ်

ယာယီအားဖြင့်ဆိုလျှင် ကိုယ်တိုင်ထုတ်လုပ်တာထက် သူတစ်ပါးထုတ်လုပ်ထားသော ကုန်ပစ္စည်းကို အဆင်သင့် ဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းက မြန်ဆန်လွယ်ကူစွာ အမြတ်အစွန်းရရှိနိုင်၏။
သို့သော် ရေရှည်အတွက်ဆိုလျှင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကသာ ကြီးပွားနိုင်သည်။

သေချာစဉ်းစားကြည့်ပေါ့
ဘုန်းကံရှိတယ်ဆိုတာ ရှေ့ဘဝ နောက်ဘဝတွေနဲ့ သိပ်မဆိုင်လှဘူးကွ..
ဒီဘဝမှာပဲ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် လူအများက လေးစားတန်ဖိုးထားမြတ်နိုးခြင်းခံရရင် အလိုလို ဘုန်းကံရှိသွားတော့တာပဲ..
ရရှိပိုင်ဆိုင်ထားတဲ့ ဘုန်းကံ နိမ့်ပါးမသွားအောင်လည်း အမြဲသတိထား ထိန်းသိမ်းနေရမယ်..

၁ ကိုယ်ရှာဖွေလို့ရလာတဲ့ ကိုယ်ပိုင်ဥစ္စာဓနကို အကျိုးမဲ့ သုံးဖြုန်းပစ်တာမျိုး မထေမဲ့မြင်ပြုတာမျိုးတွေ မလုပ်ရဘူး

၂ ကိုယ်နဲ့ဆက်ဆံပြီး စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူတွေအပေါ် မထေမဲ့မြင် မဆက်ဆံရဘူး

၃ အကျိုးစီးပွား ဖြစ်ထွန်းသည်ထက် ဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ နေ့စဉ်နှင့်အမျှ ကြံစည်စိတ်ကူးပြီး လေ့လာဆည်းပူးရမယ်..

ဝိဇ္ဇာ - ရွှေပြည်သာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်

http://www.scribd.com/full/20554018?access_key=key-1op9hsj5c26q7hctzsxx

for wealth

ကံကြောင့်လည်း မတော်တဆ ငွေရနိုင်တယ်
လုပ်အားကြောင့်လည်း ငွေရနိုင်တယ်
အရင်းအနှီးကြောင့်လည်း ငွေရနိုင်တယ်
အဲဒီလိုပဲ သိမှုကြောင့်လည်း ငွေရနိုင်တာပဲ
ကိုယ့်လုပ်ငန်းရဲ့ အစိတ်အပိုင်းအားလုံးကို အသေးအမွှားဖြစ်စေ အကြီးအမားဖြစ်စေ သေသေချာချာ သိအောင် လုပ်ထားရမယ်..။

ဝိဇ္ဇာ - ရွှေပြည်သာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်

http://www.scribd.com/full/20554018?access_key=key-1op9hsj5c26q7hctzsxx

Thursday, October 1, 2009

Flying Lesson

No one can predict to what heights you can soar. 
Even you will not know until you spread your wings.