Wednesday, October 21, 2009

ချယ်ရီ ဒဿန

ချယ်ရီရွက်နှင့်ချယ်ရီပွင့်တို့သည် ချယ်ရီပင်ပေါ်မှာ တစ်လှည့်စီ မင်းမူကြရတာချင်းအတူ သဘာဝချင်း မတူကြ။
ကြွေကျရမည့်အချိန်တွင် ချယ်ရီပင်များသည် တော်ရုံနှင့် နေရာဖယ်၍မပေး။ မတတ်သာ၍ လက်လျှော့ရသည့်နှယ် ကွယ်ပျောက်ကုန်ကြသည်။
ချယ်ရီရွက်များမှာမူ ထိုသို့မဟုတ်။ ကြွေချိန်တွင် ကြွေသည်။ ဝေချိန်တွင် ဝေသည်။
လူတွေက ချယ်ရီပန်း၏ အလှကို ချီးကျူးကြသည်။
ချယ်ရီရွက်၏ အလှကို မည်သူမျှ ဂရုမစိုက်ကြ။
သို့သော် ချယ်ရီပန်းများသည် ဒီဇင်ဘာလကုန်ပိုင်းနှင့် လွန်ရောကျွံရော မတ်လဆန်းပိုင်းအထိသာ အပင်ပေါ်မှာ မင်းမူနိုင်ကြသည်။
အရွက်များမှာမူ တစ်နွေလုံး တစ်မိုးလုံး မင်းမူသည်။

တင်သန်းဦး - စန္ဒီမိုးဦးဖြူ

No comments: