Wednesday, March 31, 2010

High and Low

It is the low moments which make the high moments so much better.

(petSociety, Win or Lose?)

Monday, March 29, 2010

ဘဝအတွေ့အကြုံ အလုံးစုံ အဖုံဖုံ နိဒါန်းသွယ်ကို ဘယ်လိုပဲညည်းညည်း စိတ်ချမ်းသာဖို့ နီးမယ်မဟုတ်ပါဘူး။

ခင်မျိုးချစ်၊ အမွေရထိုက်သူများ ဆောင်းပါး
ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ

Sunday, March 28, 2010

Be God of yourself

ခင်ဗျား ဘ၀မှာ ဘာဖြစ်ချင်လည်းတော့ ကျွန်တော်မသိဘူး
ဒါပေမယ့် ဖြစ်ချင်တာ တစ်ခုခုရှိတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို အရင်ဆုံး ဘုရားသခင်ဖြစ်အောင် လုပ်ရတယ်

ကိုယ့်ဆန္ဒအလျှောက် အကျင့်က ကိုယ့်ဘ၀ကို ပြန်ဖြစ်စေတယ်
စဉ်းစားတယ်ဆိုတာ စိတ်ကိုလေ့ကျင့်တာ တစ်မျိုးပဲ
နည်းမှန်လမ်းမှန်စဉ်းစားတတ်လာရင် စိတ်က အလေ့အကျင့်ရလာတယ်
အလေ့အကျင့်ရလာတဲ့အတွက် သိစရာရှိတာတွေ သိလာတယ်

kophyoe.letranger:
:)

Saturday, March 27, 2010

အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း

ကျွန်မက ကိုယ့်ကို သူများတွေ မသိတာ လာမေးရင် သိသလောက် ဖြေပါတယ်။ ဖြေတတ်သလောက် ဖြေပါတယ်။ မဖြေတတ်ရင် မဖြေတတ်ဘူး ပြောပါတယ်။ ဘယ်တော့မှ ရစ်တယ်လို့ မခံစားမိပါဘူး။ ကိုယ်က မသိတာတွေ မေးမိတဲ့အခါ ရစ်တယ်လို့ ထင်ခံရတော့ အရမ်းဝမ်းနည်းမိပါတယ်။ ဒါကြောင့် အမေးအမြန်းထူတာ မကြိုက်တတ်သူရှိရင် ကြိုပြောထားကြပါ။

Friday, March 26, 2010

all things to read

http://en.wikipedia.org/wiki/Agga%C3%B1%C3%B1a_Sutta
http://en.wikipedia.org/wiki/Charles_Darwin
http://en.wikipedia.org/wiki/Common_descent
http://en.wikipedia.org/wiki/Buddhist_cosmology
http://en.wikipedia.org/wiki/Outline_of_Buddhism
kophyoe.letranger: ကိုယ့်စည်းကိုယ်ခတ်ပြီး ကိုယ့်ဆိုင်းဘုတ်ကို ကောက်တပ်လိုက်တယ် ... မှတ်ထား ... အရူးတဲ့ဟေ ...

Thursday, March 25, 2010

လေးတန်းကျောင်းသူ

ပင့်ကူအိမ်မှာ ငြိနေတဲ့ ပျားလေးတစ်ကောင်ကို ကယ်ခဲ့ဖူးတယ်။
လေနဲ့မှုတ်လိုက်တာပါပဲ။
ပင့်ကူအနားမရောက်နိုင်လို့ ပျားလေးရုန်းဖို့ အချိန်ပိုရသွားခဲ့တာ။

Wednesday, March 24, 2010

အိမ်လွမ်းစာ

There are a lot of the best things mother has given to you, but you remember most of the bad occasions in your life. What children are we?

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျောင်းပြတင်းပေါက်လေးမှာ မှီငေးနေတုန်း သူငယ်ချင်း ပြုံးက ပြောပြခဲ့တာ။
"အမေက ကိုယ့်ကို အတတ်နိုင်ဆုံး ပေးဆပ်ကျွေးမွေးပေးခဲ့တာ တို့ကဘာလို့ အဆင်မပြေတာတွေကိုပဲ ပိုသတိရတတ်တာလဲ" တဲ့ ...
သူ့ ဘုရားကျောင်းမှာ နားထောင်ခဲ့ရတာကို ပြန်လာပြောပြခဲ့တာ..
အဲ့ဒီနေ့က အမှတ်လျော့လို့ ဆူခံထိတာတွေ ပြန်ပြောမိနေလို့။

လိမ္မာတဲ့သားသမီးဖြစ်ဖို့ ဆိုတာ ကဗျာထဲစာထဲမှာပဲ လွယ်တာပါ။ မိဘတွေဟာလည်း လူသားတွေမို့ အမှားတွေ ရှိတယ်။ လောဘ အတ္တတွေရှိတယ်။ သားသမီးတွေကို ကိုယ့်လိုပဲထင်ပြီး ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင်တွန်းအားပေးတဲ့အခါ အစွန်းရောက်သွားတာတွေအတွက် ဆင်ခြေလွယ်လွယ်မပေးကောင်းပါဘူး။

စာတော်လို့ဆိုပြီး ဝိုင်းအထင်ကြီးနေတဲ့ သူငယ်ချင်းတွေဟာ တစ်မှတ်လျော့ရင်တစ်မှတ်မို့ တစ်ဆင့်လျော့ရင်တစ်ဆင့်မို့ ဘယ်လိုဝမ်းနည်းဖို့ကောင်းအောင် ဆူခံထိတယ်ဆိုတာကို နားမလည်ကြဘူး။ သူများမိသားစုနဲ့ ကိုယ့်မိသားစု မတူညီတာတွေက ကိုယ့်ကို မာနကြီးခေါင်းမာတဲ့လူတစ်ယောက် ဖြစ်လာစေခဲ့တယ်။ အပြုံးနဲ့ အဲ့ဒီလို အကြောင်းတွေ ပြောဖြစ်ခဲ့တယ်။

သားသမီးတွေဟာ မိဘကိုယ့်အပေါ် မျှော်လင့်ထားတဲ့အတိုင်း ကိုယ်က ဖြစ်မြောက်မလာဘူး ဆိုတဲ့အကြောင်း မိဘကိုယ်တိုင်က ပြောဆိုတာခံရရင် အရမ်းဝမ်းနည်းကြပါတယ်။ ငယ်စဉ်ကလေးဘဝမှာ မိဘတွေကို ဂုဏ်ယူအောင်လုပ်ဖူးခဲ့ရင် အဲ့ဒီတစ်ကြိမ်အတွက် နောက်အကြိမ်တိုင်းမှာ မျှော်လင့်ချက်အကြွေးတင်ပါတယ်။ မိဘတွေဟာ ဆိုးတဲ့သားသမီးတွေကိုကျတော့ သိပ်စိတ်ကူးမယဉ်တာတွေ့လာရတယ်။ ကလေးဆိုးဖြစ်ဖူးတဲ့ သူငယ်ချင်းတွေကို အားကျပါတယ်။ ကိုယ်ကဆိုးဖို့ သတ္တိမရှိတဲ့အခါ လူကြီးတွေ ကျေနပ်ကောင်းမယ့် ကိစ္စတွေကို လိုက်လုပ်မိတယ်၊ ကိုယ့်ဘာသာကိုယ် မဖြစ်လာတဲ့အခါ ဘာကြောင့်မှန်းမသိ ပိုဝမ်းနည်းစရာကောင်းနေတယ်လို့ ခံစားရပါတယ်။

ကလေးတွေက ကိုယ့်မိဘကို အရိပ်တကြည့်ကြည့်နဲ့ တတ်နိုင်သလောက် အတုခိုးဖို့ ကြိုးစားတတ်ကြတယ်။ လူကြီးတွေက ကိုယ့်ကလေးကိုယ် တတ်နိုင်သလောက် ခြောက်ပြစ်ကင်း သလဲစင် ဖြစ်စေချင်ကြတယ်။ လူဆိုတာ အမှားကို လက်ခံတတ်ဖို့လည်း သင်ယူရတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ကောင်းကင်ဘုံက နတ်ဝိဉာဉ်တွေကို အိမ်လာလည်ဖို့ ဖိတ်ခေါ်တဲ့အခါ မျောက်ကလေးတွေ ရောက်လာတယ်။

my mom gave me a bad scolds and ထိုင်ကန်တော့ me when I get no. 44 in one of the mid-terms. I was too scared at that time.
both my mom and grandma were very worried about me getting a boyfriend. they only let me dress uncool clothes which my aunts wore them long ago.
she gave me scissors in my hands and told me to just stab her, and I exploded so mad that I even forgot what it was about ...
I remember my parents fought and my mom gave a kniffe to dad, in front of me. .. and so and so.. she liked to curse as well.
wow.. my mom is really good at making someone sad, angry and do meaningless things.
I remember my aunts pick on me because they didn't like my parents... they were constantly annoying..
I don't remember my dad's actions much because he is a quiet person most of the times. (but I remember him when my mind is in normal state.)


I remember the most extreme situations when I think about home.
Why do I repeat that kind of memory often?
Maybe, I like to learn from mistakes and keep recalling them when I'm about to forget.


Friday, March 19, 2010

See People Individually .. Don't Stereotype..

htarhtarei

Wednesday, March 17, 2010

ဝက်သစ်ချပင်အိုကြီး

http://www.apples4theteacher.com/holidays/arbor-day/kids-short-stories/the-proud-oak-tree.html

တချို့လူတွေ

တချို့လူတွေက ကိုယ်နဲ့တကယ်သိသိ မသိသိ စကားလှလှလေးတွေ ပြောပြီး ဝင်ရောပစ်လိုက်တတ်ကြတယ်။

Tuesday, March 16, 2010

လိုအပ်တဲ့ ဟာသ

ငယ်တုန်းကဖတ်ဖူးတဲ့ဟာသလေးတစ်ခုရှိပါတယ်။
ပြန်ပြီးပြောပြချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

..................

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်းကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီးထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကိုဘယ်လိုကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

.................

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

ခင်မင်စွာဖြင့်
Zephyr
http://www.z-thegardener.com/2010/03/blog-post_15.html

ပေါက်ကွဲလွှာ

ဘလော့သည် အလကားရလို့ အပျော်ရေးတဲ့နေရာ.. ဝါသနာပါလွန်းလို့ မီဒီယာအဆင့်တက်ချင်ရင် website ထောင်.. အွန်လိုင်းမဂ္ဂဇင်းမှာရေး .. ဒါပဲ
ဘလော့လောက် အလကားပေးတဲ့နေရာမှာ လူပြောက်သောက်ရေးဖြစ်နေတာကို ဟိုဟာဖြစ်မှ ဒီဟာကောင်းမှ ဆိုပြီး လိုက်ဝေဖန်နေတာ အရမ်းအရမ်းကို အမြင်ကပ်တယ်.. ကြာပီ

ဘလော့ဆိုတာ ညီမတွက်တော့ ဆယ်ကျော်သက်ကလေးတွေ ကိုယ်ပိုင် homepage ရေးသလို.. ကိုယ်နှစ်သက်ရာတွေ ကိုယ်ဖန်တီးထားတာတွေ စုပြီး ဖော်ပြတဲ့ နေရာ လို့ပဲ သတ်မှတ်တယ်.. တစ်ဦးချင်းစီနဲ့ သူငယ်ချင်းတွေကလွဲလို့ ဘာကိုမှ ကိုယ်စားမပြုဘူး။

အရင်တုန်းက ဟုမ်းပေ့ခ်ျလေးတွေ လုပ်ကြည့်ဖူးတယ်
ဘလော့လောက် အားမရဘူး.. ပုံမှန် Update လုပ်ဖို့ အခက်အခဲလေးတွေ ရှိတယ်
ထွေထွေထူးထူး ရေးစရာ အကြောင်းလည်း သိပ်မရှိဘူးလို့ ထင်တာများတယ်
ဘလော့မှာက ကိုယ်ရေးဖြစ်တဲ့အကြောင်း အရင်ရေးပြီး နောက်မှသူ့ဆိုင်ရာကဏ္ဍထဲ ပြန်ခွဲပေးဖို့ လွယ်တယ်.. အမှားတွေ ပြင်ဖို့ လွယ်တယ်
ရေးဖော်တွေ ဖတ်ပြီးမလှောင်မယ့်သူငယ်ချင်းတွေ ရှိလာတယ်.. အဲ့လိုကွာတယ်
ပါစင်နယ်ဘလော့ဆို ကိုယ့်ဘာသာ ရေးချင်ရာရေး လျှောက်ခြစ်ပြီး လွှတ်တင်ထားလို့ရတယ်.. ပြဿနာမရှိ
ကိုယ့်ပါစင်နယ်ကြီးကို သူများမျက်စိနောက်အောင် လိုက်ပြသလို လုပ်နေတာမျိုးကျတော့ ပြဿနာရှိတယ်.. မကြည့်မိအောင် နေရတာပေါ့
အဲ့ဒါတွေ လိုက်ရှာဖတ်ပြီး ဇာတ်လမ်းပြန်ရေးတာတွေ နိုင်ငံခြားမှာတော့ များပီ
အိမ်သာဆေးရတာ သိပ်စိတ်ညစ်ပေမယ့် အိမ်သာရှင်းသွားတော့ အရမ်းပျော်တဲ့အကြောင်း.. ကောင်မလေးတစ်ယောက် ဖွဲ့နွဲ့ရေးထားတာ ဖတ်ဖူးတယ်.. အရမ်းရီရတယ်
မဂ္ဂဇင်းဆိုရင်တော့ အဲ့တစ်ယောက်ရေးတာကို ပြန်ဖော်ပြချင်မှ ဖော်ပြမှာပေါ့

အဲ့ဒါကြောင့် ဝေဖန်နေတဲ့လူတွေ မဂ္ဂဇင်းဆိုက်တွေကို ကျော်ပြီး ကိုယ့်စာမျက်နှာကိုယ်ရေးတဲ့ လူတွေကို ဝေဖန်နေတာကို မကြိုက်ဘူး

ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ စာရေးဝါသနာရှင်တွေကို မြေတောင်မြှောက်အားပေးချင်ရင် တရားဝင်ဆိုက်ထောင်ပြီး သူတို့ရေးတာ ပြန်ဖော်ပြပေးပေါ့.. အလကား ဝေဖန်နေတဲ့လူတွေလည်း တစ်ယူသန်တွေလို့ပဲ မြင်တယ်

တချို့က ဘလော့မှာ ပါစင်နယ်တွေ မရေးနဲ့ တို့.. ဒိုင်ယာရီလို မရေးနဲ့တို့ လာပြောတယ်ကိုး..

စာကိုဒီလိုရေးပုံထောက်ရင် ရည်းစား၂ယောက် ရှိရမယ် .. ရုပ်ဆိုးပုံရတယ် .. အရပ်ပုပုံရတယ်.. ဆိုတာမျိုးကျတော့ သတ်ချင်တာပေါ့နော်..

ပြီးတော့ စာရေးရင် ဒီလိုမရေးနဲ့ ဟိုလိုရေး.. အများကြီးမရေးနဲ့ နည်းနည်းလေးမရေးနဲ့ စသည်စသည်.. သူတို့စိတ်ကြိုက်မဟုတ်တိုင်း သူများလွတ်လပ်ခွင့်ကို အသိအမှတ် မပြုတာမျိုး ..

ညီမလေး စာလုံးပေါင်း မှားနေတယ် ဆိုတဲ့ ဝေဖန်ရေးမျိုးကို နှစ်သက်ပါတယ် (ဘာလို့လဲဆိုတော့ အခြေခံ ဘာသာစကားကို လူတိုင်းလေးစားဖို့ တာဝန်ရှိလို့ပါ။)
ကိုယ်တကယ်မှားနေရင်ရင် ဝေဖန်ဆုံးမတာကို လက်ခံပါတယ်..

စာရေးတဲ့ထဲမှာ အန်နီမေးရှင်းတွေထည့်တာ မျက်စိနောက်တယ်.. စာလုံးတွေအရောင်မှုန်တယ်.. အဲ့ဒါမျိုးဆို လက်ခံပါတယ် ပြင်လည်းပြင်ပေးပါတယ်..
ဘလော့ပေါ် အော်တိုပလေး သီချင်းတွေ မတပ်ထားနဲ့ ဆိုတာမျိုးလည်း လက်ခံပါတယ်
စာဖတ်သူဘက်က တကယ်အဆင်မပြေလို့ ပြောတာ လက်ခံပါတယ်။ သက်သက်ချေးများတာ လက်မခံပါဘူး ..
ကဗျာကို ကာရံမလှလို့ မဖတ်ချင်ဘူးဆို မဖတ်နဲ့ပေါ့.. မပြင်နိုင်ပါ


စာထဲမှာ ဟိုလိုအမြင်တွေ ဒီလိုအတွေးတွေ လျှောက်မရေးသင့်ဘူး ဆိုတာမျိုးကိုတော့ ခံစားလို့မရပါဘူး။
အရေးအသား အဖွဲ့အနွဲ့ ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် လက်ခံမိပုံတွေ မတူတိုင်း နားမလည်တိုင်း ကသောင်းကနင်းတွေ မရေးပါနဲ့လို့ မပြောသင့်ပါ။


လူတိုင်းရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့ နေရာမှာ လွတ်လပ်နေတာတွေအားလုံးကို မကြိုက်ဘူး ဆိုလို့ရှိရင် ကိုယ့်ဘာသာ အဆင့်ရှိတယ် လို့ ယူဆတဲ့ ဒိုမိန်းတစ်ခုထောင်ပြီး ကိုယ့်စိတ်ထဲသတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရေးမယ့်လူကိုပဲ အကောင့်ပေးဖွင့်လိုက်ပါ။
ဒါမျိုး သတ္တိရှိရင် လုပ်လိုက်ပါ။ သူရေးနေတဲ့စာ အဆင့်မရှိဘူးထင်ရင် အကောင့်ပိတ်ပစ်လိုက်ပါ။



P.S. ကျွန်မကိုယ်ကျွန်မ လိမ္မာတယ်လို့ မပြောဖူးပါဘူး.. “အဝေဖန်ခံနိုင်သောသူ လိမ္မာ၏” ဆိုတဲ့စကားရှိရင် ကျွန်မ မလိမ္မာဘူးဆိုတာ ပိုပြီးသေချာပါတယ်။ ကျွန်မဟာ တခါတလေမှပဲ ဝေဖန်တာကို လက်ခံတတ်ပါတယ်။

အဓိက

အမှားမကင်းလို့ ခဲဖျက်နဲ့ ကော်ရက်ရှင် ပေါ်လာတာ။
မှားတာ အဓိက မဟုတ်ဘူး။ မပြင်တာက အဓိက။

KHKA

Sunday, March 14, 2010

saved

You save yourself or you remain unsaved.

Monday, March 8, 2010

ဒုက္ခပဲ

သူ့ဘာသာ သူ့ရစ်သမ်နဲ့သူ
မှန်မှန်ခုန်နေတဲ့ နှလုံးဟာ
နားကြပ်နဲ့ထောက်လိုက်
လက်ကောက်ဝတ် စမ်းလိုက်နဲ့
သူများတွေ လာကြည့်ဝေဖန်တိုင်း
စိတ်အနှောက်အယှက်ဖြစ်လို့ဆိုပြီး
ရပ်ရပ်သွားရင် ဒုက္ခပဲ ...


Saturday, March 6, 2010

သုံးဆယ့်နှစ်ကောဋ္ဌာသ

kot ထာ သ ဟု အသံထွက်သည်..
(ကော-ထာ-သ .. ကော့-ထာ-သ မဟုတ်ပါ)
ပါဠိအသံထွက်အချို့ ဗမာစာထဲမှာ မရှိဟု မှတ်သားရပါသည်။
(ရ ကို ra ဟု အသံထွက်ရသလိုပင် ဖြစ်ပါသည်။)


သုံးဆယ့်နှစ်ကောဋ္ဌာသ
(၁)ကေသာ = ဆံပင်
(၂)လောမာ=အမွေး
(၃)နခါ=ခြေသည်းလက်သည်း
(၄)ဒန္တာ=သွား
(၅)တစော=အရေထူ အရေပါး
(၆)မံသံ=အသား
(၇)နှာရု=အကြော
(၈)အဋ္ဌိ=အရိုး
(၉)အဋ္ဌိမိဉ္ဇံ=ရိုးတွင်းခြင်ဆီ
(၁၀)ဝက္ကံ=အညှို့
(၁၁)ဟဒယံ=နှလုံး
(၁၂)ယကနံ=အသည်း
(၁၃)ကိလောမကံ=အမြှေး
(၁၄)ပိဟကံ=အဖျဉ်း(သရက်ရွက်)
(၁၅)ပပ္ပါသံ=အဆုတ်
(၁၆)အန္တံ=အူမ
(၁၇)အန္တဂုဏံ=အူသိမ်
(၁၈)ဥဒရိယံ=အစာသစ်
(၁၉)ကရီသံ=အစာဟောင်း
(၂၀)မတ္ထလုင်္ဂံ=ဦးနှောက်
(၂၁)ပိတ္တံ=သည်းခြေ
(၂၂)သေမှံ=သလိပ်
(၂၃)ပုဗ္ဗော=ပြည်
(၂၄)လောဟိတံ=သွေး
(၂၅)သေဒေါ=ချွေး
(၂၆)မေဒေါ=အဆီခဲ
(၂၇)အဿု=မျက်ရည်
(၂၈)ဝသာ=ဆီကြည်
(၂၉)ခေဠော=တံတွေး
(၃၀)သိင်္ဃာဏိကာ=နှပ်
(၃၁)လသိကာ=အစေး
(၃၂)မုတ္တ န္တိ=ကျင်ငယ်


(ကိုလင်းဒီပ ရှာဖွေပေးသည်)

ဝါသနာ

ဝါသနာဆိုတာ လွယ်လွယ်နှင့် မရဘူး
လေ့ကျင့်ယူရတာ
ပါရမီဆိုတာ ၀ါသနာတွေ စုစည်းထားတဲ့ ဟာပေါ့...
ဘ၀အဆက်ဆက်က ၀ါသနာတွေလေ..

ကိုဖိုးမောင်

tail

ကိုယ့်အမြီးပြတ်နေတိုင်း သူတစ်ပါးကို အမြီးတန်းလန်းနဲ့ မလှဘူးလို့ မပြောမိစေနဲ့။

(အဖေ ဆုံးမသည်။)

Friday, March 5, 2010

ပုရွက်ဆိတ် သီအိုရီ

ပုရွက်ဆိတ်တွေ ငတ်နေကြတယ်။
သူတို့ တောင်းမစားတတ်ဘူး။
ငါလည်း တောင်းမစားပါဘူး။
တောင်းဟာ စားစရာမှ မဟုတ်တာ။

Tuesday, March 2, 2010

ချဉ်ဖတ်အိုး

ကျွန်မ မမီလိုက်တဲ့ ကျွန်မအဖွားရဲ့ အမေဟာ ဟင်းသီးဟင်းရွက်ပေါ်ချိန်မှာဆို စားသလောက်စား ရောင်းသလောက်ရောင်းပြီး ကျန်တာ စဉ့်အိုးကြီးတွေထဲ ဖိသိပ်ထည့်လို့ အချဉ်ခံထားတတ်ပါတယ်။ ဟင်းသီးဟင်းရွက်ရှားချိန်မှာမှ ချဉ်ဖတ်တွေဖော်ပြီး စားဖို့ ရောင်းဖို့ လုပ်ပေးတတ်တယ်လို့ လူကြီးတွေပြာတာ ကြားဖူးခဲ့ပါတယ်။
ကျွန်မလည်း အမေ့အဖွားလိုပဲ "ချဉ်ဖတ်တည်" တဲ့ စရိုက်ကလေး ပါလာတယ် ထင်ပါတယ်။

Silent

တခါတလေမှာ တိတ်ဆိတ်နေခြင်းဟာ
ဆူညံစွာ ခံစားနေရလို့ ဖြစ်တယ်။

Monday, March 1, 2010

ပင့်ကူအိမ်သို့

ပင့်ကူအိမ်ဝယ်
ကြောင်လိမ်လှေကား
တပ်ဆင်ထားသည်
ခြေဖျားထောက်၍ တက်ပါလော့

(ဒေါင်းနွယ်ဆွေ)