Tuesday, March 16, 2010

ပေါက်ကွဲလွှာ

ဘလော့သည် အလကားရလို့ အပျော်ရေးတဲ့နေရာ.. ဝါသနာပါလွန်းလို့ မီဒီယာအဆင့်တက်ချင်ရင် website ထောင်.. အွန်လိုင်းမဂ္ဂဇင်းမှာရေး .. ဒါပဲ
ဘလော့လောက် အလကားပေးတဲ့နေရာမှာ လူပြောက်သောက်ရေးဖြစ်နေတာကို ဟိုဟာဖြစ်မှ ဒီဟာကောင်းမှ ဆိုပြီး လိုက်ဝေဖန်နေတာ အရမ်းအရမ်းကို အမြင်ကပ်တယ်.. ကြာပီ

ဘလော့ဆိုတာ ညီမတွက်တော့ ဆယ်ကျော်သက်ကလေးတွေ ကိုယ်ပိုင် homepage ရေးသလို.. ကိုယ်နှစ်သက်ရာတွေ ကိုယ်ဖန်တီးထားတာတွေ စုပြီး ဖော်ပြတဲ့ နေရာ လို့ပဲ သတ်မှတ်တယ်.. တစ်ဦးချင်းစီနဲ့ သူငယ်ချင်းတွေကလွဲလို့ ဘာကိုမှ ကိုယ်စားမပြုဘူး။

အရင်တုန်းက ဟုမ်းပေ့ခ်ျလေးတွေ လုပ်ကြည့်ဖူးတယ်
ဘလော့လောက် အားမရဘူး.. ပုံမှန် Update လုပ်ဖို့ အခက်အခဲလေးတွေ ရှိတယ်
ထွေထွေထူးထူး ရေးစရာ အကြောင်းလည်း သိပ်မရှိဘူးလို့ ထင်တာများတယ်
ဘလော့မှာက ကိုယ်ရေးဖြစ်တဲ့အကြောင်း အရင်ရေးပြီး နောက်မှသူ့ဆိုင်ရာကဏ္ဍထဲ ပြန်ခွဲပေးဖို့ လွယ်တယ်.. အမှားတွေ ပြင်ဖို့ လွယ်တယ်
ရေးဖော်တွေ ဖတ်ပြီးမလှောင်မယ့်သူငယ်ချင်းတွေ ရှိလာတယ်.. အဲ့လိုကွာတယ်
ပါစင်နယ်ဘလော့ဆို ကိုယ့်ဘာသာ ရေးချင်ရာရေး လျှောက်ခြစ်ပြီး လွှတ်တင်ထားလို့ရတယ်.. ပြဿနာမရှိ
ကိုယ့်ပါစင်နယ်ကြီးကို သူများမျက်စိနောက်အောင် လိုက်ပြသလို လုပ်နေတာမျိုးကျတော့ ပြဿနာရှိတယ်.. မကြည့်မိအောင် နေရတာပေါ့
အဲ့ဒါတွေ လိုက်ရှာဖတ်ပြီး ဇာတ်လမ်းပြန်ရေးတာတွေ နိုင်ငံခြားမှာတော့ များပီ
အိမ်သာဆေးရတာ သိပ်စိတ်ညစ်ပေမယ့် အိမ်သာရှင်းသွားတော့ အရမ်းပျော်တဲ့အကြောင်း.. ကောင်မလေးတစ်ယောက် ဖွဲ့နွဲ့ရေးထားတာ ဖတ်ဖူးတယ်.. အရမ်းရီရတယ်
မဂ္ဂဇင်းဆိုရင်တော့ အဲ့တစ်ယောက်ရေးတာကို ပြန်ဖော်ပြချင်မှ ဖော်ပြမှာပေါ့

အဲ့ဒါကြောင့် ဝေဖန်နေတဲ့လူတွေ မဂ္ဂဇင်းဆိုက်တွေကို ကျော်ပြီး ကိုယ့်စာမျက်နှာကိုယ်ရေးတဲ့ လူတွေကို ဝေဖန်နေတာကို မကြိုက်ဘူး

ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ စာရေးဝါသနာရှင်တွေကို မြေတောင်မြှောက်အားပေးချင်ရင် တရားဝင်ဆိုက်ထောင်ပြီး သူတို့ရေးတာ ပြန်ဖော်ပြပေးပေါ့.. အလကား ဝေဖန်နေတဲ့လူတွေလည်း တစ်ယူသန်တွေလို့ပဲ မြင်တယ်

တချို့က ဘလော့မှာ ပါစင်နယ်တွေ မရေးနဲ့ တို့.. ဒိုင်ယာရီလို မရေးနဲ့တို့ လာပြောတယ်ကိုး..

စာကိုဒီလိုရေးပုံထောက်ရင် ရည်းစား၂ယောက် ရှိရမယ် .. ရုပ်ဆိုးပုံရတယ် .. အရပ်ပုပုံရတယ်.. ဆိုတာမျိုးကျတော့ သတ်ချင်တာပေါ့နော်..

ပြီးတော့ စာရေးရင် ဒီလိုမရေးနဲ့ ဟိုလိုရေး.. အများကြီးမရေးနဲ့ နည်းနည်းလေးမရေးနဲ့ စသည်စသည်.. သူတို့စိတ်ကြိုက်မဟုတ်တိုင်း သူများလွတ်လပ်ခွင့်ကို အသိအမှတ် မပြုတာမျိုး ..

ညီမလေး စာလုံးပေါင်း မှားနေတယ် ဆိုတဲ့ ဝေဖန်ရေးမျိုးကို နှစ်သက်ပါတယ် (ဘာလို့လဲဆိုတော့ အခြေခံ ဘာသာစကားကို လူတိုင်းလေးစားဖို့ တာဝန်ရှိလို့ပါ။)
ကိုယ်တကယ်မှားနေရင်ရင် ဝေဖန်ဆုံးမတာကို လက်ခံပါတယ်..

စာရေးတဲ့ထဲမှာ အန်နီမေးရှင်းတွေထည့်တာ မျက်စိနောက်တယ်.. စာလုံးတွေအရောင်မှုန်တယ်.. အဲ့ဒါမျိုးဆို လက်ခံပါတယ် ပြင်လည်းပြင်ပေးပါတယ်..
ဘလော့ပေါ် အော်တိုပလေး သီချင်းတွေ မတပ်ထားနဲ့ ဆိုတာမျိုးလည်း လက်ခံပါတယ်
စာဖတ်သူဘက်က တကယ်အဆင်မပြေလို့ ပြောတာ လက်ခံပါတယ်။ သက်သက်ချေးများတာ လက်မခံပါဘူး ..
ကဗျာကို ကာရံမလှလို့ မဖတ်ချင်ဘူးဆို မဖတ်နဲ့ပေါ့.. မပြင်နိုင်ပါ


စာထဲမှာ ဟိုလိုအမြင်တွေ ဒီလိုအတွေးတွေ လျှောက်မရေးသင့်ဘူး ဆိုတာမျိုးကိုတော့ ခံစားလို့မရပါဘူး။
အရေးအသား အဖွဲ့အနွဲ့ ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် လက်ခံမိပုံတွေ မတူတိုင်း နားမလည်တိုင်း ကသောင်းကနင်းတွေ မရေးပါနဲ့လို့ မပြောသင့်ပါ။


လူတိုင်းရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့ နေရာမှာ လွတ်လပ်နေတာတွေအားလုံးကို မကြိုက်ဘူး ဆိုလို့ရှိရင် ကိုယ့်ဘာသာ အဆင့်ရှိတယ် လို့ ယူဆတဲ့ ဒိုမိန်းတစ်ခုထောင်ပြီး ကိုယ့်စိတ်ထဲသတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရေးမယ့်လူကိုပဲ အကောင့်ပေးဖွင့်လိုက်ပါ။
ဒါမျိုး သတ္တိရှိရင် လုပ်လိုက်ပါ။ သူရေးနေတဲ့စာ အဆင့်မရှိဘူးထင်ရင် အကောင့်ပိတ်ပစ်လိုက်ပါ။



P.S. ကျွန်မကိုယ်ကျွန်မ လိမ္မာတယ်လို့ မပြောဖူးပါဘူး.. “အဝေဖန်ခံနိုင်သောသူ လိမ္မာ၏” ဆိုတဲ့စကားရှိရင် ကျွန်မ မလိမ္မာဘူးဆိုတာ ပိုပြီးသေချာပါတယ်။ ကျွန်မဟာ တခါတလေမှပဲ ဝေဖန်တာကို လက်ခံတတ်ပါတယ်။

No comments: