Tuesday, June 29, 2010

Limp wrist-ed

ကိုယ့်ထမင်း ကိုယ်စားပြီး သူများအမုန်းခံဖို့ ပါရမီရှိတယ်...
လူကြီးအများစုဟာ လူငယ်တွေကို ဘလိုင်းကြီးနဲ့ ရစ်တယ်ထင်ချင်ကြတယ်။ အဲ့ကိစ္စကို ခဏခဏ သတိလွတ်မိတယ်။ ခုပဲ ..

 Atta Kyaw  Word of the Day: Limp wristed (adj) သာခွေယိုင်၊ မိန်းမလို မိန်းမရနိုင်သော၊ ပျော့ညံ့သော။ သူနဲ့ ကြောင်းတူ သံကွဲ စကားလုံးက effeminate (adj) ဖြစ်ပါတယ်။ limp wristed (effeminate) manner/voice/walk အစရှိသဖြင့် သုံးတာကို တွေ့ရတယ်။ (FB မိတ်ဆွေများရဲ့ တုံ့ပြန်ချက်ပေါ် မူတည်ပြီး အဲသလို စကားလုံးလေးတွေ စကားစုလေးတွေကို နေ့စဉ် တင်ပြပေးသွားရင် ကောင်းမကောင်း ချင့်ချိန်သွားပါမယ်။)

Shwun Mi
limp wrist-ed ကို လက်ကြောမတင်းသူ လို့ ထင်နေတာ.. အဲ့လိုအဓိပ္ပာယ်နဲ့ရော သုံးလို့ရမလားဆရာ?

Atta Kyaw
limp-wristed = (1) describes a man who does not behave in the strong and determined way traditionally expected in men (2) (offensive) describes a man who seems, by his manner, to be homosexual လို့ အဘိဓာန်တစ်ခုက ဖွင့်ဆိုထားပါတယ်။ နောက် အဘိဓာန်တစ်ခုကတော့ (1) effeminate (2) weak လို့ ဖွင့်ဆိုပါတယ်။ ဒါ့ကြောင့် လက်ကြော မတင်းဘူး ဆိုတာထက် ပျော့ညံ့တာ၊ ကနွဲ့ကလျနိုင်တာနဲ့သာ သုံးကြပါတယ်။ လက်ကြော မတင်းတာ၊ တော်ရိလျော်ရိနိုင်တာ၊ လပေါ်သရေနိုင်တာကို lackadaisical (adj) လို့ သုံးရမယ် ထင်ပါတယ်။
........................................................
လူကြီးပြောရင် အတွန့်တက်ချင်တယ်..
သူလည်း ငယ်ငယ်က အဲ့လိုပဲမို့ ခုလို စိတ်ရှည်ရှည် ရှင်းပြတာလို့ ယူဆပါတယ် =)
.......................................................

ကိုယ့်ဘာသာကိုယ် မှတ်ထားတာ..

ခေတ်ပေါ်ဘမ်းစကားအရ Limp wristed ဆရာအတ္တကျော် ပြောတာ မှန်တယ်..

မူရင်းဆိုလိုတာသည် Limp wristing ကနေ လာတယ်။ သေနတ်ပစ်တဲ့အခါ လက်မမြဲတာကို ဆိုလိုတယ်..

သဘောပေါက်လိုက်တာတော့ လက်ကျောမတင်းတာနဲ့ ကျားကျားလျားလျား မရှိတဲ့သူတွေကို ရောကြော်ပြီး ဂျယ် ဆိုတဲ့သဘောနဲ့ ခေါ်ဖြစ်သွားပုံရပါတယ်။
သာမန်သဘောအရမှာတော့ အလုပ်မကြိုးစားခြင်း နွဲ့ခြင်း မပြတ်သားခြင်း တွေကို ဆိုလိုပုံရပါတယ်။ (အရပ်စကား ဖြစ်ပါတယ်)

American စကားနဲ့ ဗမာစကား ဖွံ့ဖြိုးပုံခြင်း မတူတဲ့အတွက် တိုက်ရိုက်ဖလှယ်လို့ရတဲ့ စကားလုံးတော့ ခုခေတ်မှာ မဟုတ်တော့ဘူး။

ဗမာစကားမှာ လက်ကြောမတင်းသူ ဆိုတာသည် အရပ်စကား အလုပ်မကြိုးစားသူ ဆိုတာသည် စာစကား။
သူတို့စာစကားမှာတော့ ဆရာအတ္တကျော် ပြောသွားတဲ့အတိုင်း သုံးဖြစ်မယ်လို့ ယူဆရပါတယ်။

http://www.yourdictionary.com/limp-wristed
http://idioms.thefreedictionary.com/limp-wristed


moral of the story:

အလုပ်မှာ လက်ကြောမတင်းသူများသည် ငခြောက်များဖြစ်သည်။

Monday, June 28, 2010

{commercial break|

----------- commercial break ----------------
bro-s: ညီမလေး
အိုင်ဖုန်းကာဗာ ၀ယ်ချင်တဲ့လူ ရှိရင်
http://www.shweplaza.com/
အစ်ကိုတို့ကျောင်းက သူငယ်ချင်းလုပ်နေတယ်

Shwun: ဟုတ်
အဲ့ဒါဘယ်နားမှာလဲဟင်

bro-s: မှာရုံပဲ
သူပို့ပေးလိမ့်မယ်

Shwun: အွန်လိုင်းလား.. ကောင်းပါ့. .ကျေးဇူးပါ
------------------------ ends here -----------------

Wednesday, June 23, 2010

IQ - Idiot Quality

အများကြီးရှိတယ်.. ဘယ်သူဝယ်ကြမလဲ.. အဲ အဲ ..
IQ Test
Free-IQTest.net - IQ Test

Sunday, June 20, 2010

joke of the generation :D

မနေ့ တနေ့ ကမှ နိုင်ငံရေး ထလုပ်တာမဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့  နိုင်ငံရေးလုပ်လာတာ...အားလုံး ကို ကျေးဇူးတင်ပါတယ်..
:D
မနေ့တစ်နေ့ကမှ နိုင်ငံရေးမလုပ်တာ မဟုတ်ဘူး
မျိုးနဲ့ရိုးနဲ့ နိုင်ငံရေး မလုပ်တာပါ
အားလုံးကို ကျေးဇူးတင်ပါတယ်

Tuesday, June 15, 2010

comment for Mr. Calm Hill

ကိုအေးမြင့် :D
calm = အေးချမ်းသော
hill = ကုန်းပြင်မြင့်
သူ့နာမည်မြန်မာလိုရေးရခက်လို့ မြန်မာမှု ပြုလိုက်ပီ

Response to : စဉ်းစားမိသလောက်လူ့ခွစာ
anti social ဖြစ်တာတော့ 70% လောက် တူပါတယ်။ တခါတလေ လူတွေ ဘာကြောင့် သူများဂရုစိုက်တာ လေးစားတာကို သိပ်လိုချင်နေမှန်း နားမလည်နိုင်ဘူး။ သူတို့စိတ္တဇတွေထဲ ကိုယ့်ကိုပါ ဆွဲထည့်တာတော့ မကြိုက်ပါဘူး။
လူအများထဲက တစ်ယောက်မို့ လူအများအားလုံးနဲ့ အမြဲတမ်းအဆင်ပြေအောင် မနေနိုင်တာ သဘာဝကျပါတယ် လို့ပဲ ဖြေတွေးပါတယ်။

တခါတလေမှာတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် like နှိပ်မိပါတယ်။
လူရောလက်ရော အားနေလို့.. ပျင်းရင် သူများတွေရေးတဲ့ ကော်မန့်တွေ မေးထဲဝင်လာတာကို ဖတ်ပြီးရီချင်လို့ပါ။

(ခုလိုရေးလိုက်ရင်ရော လူ့ခွစာလို့ ပြောနေကြဦးမလား မသိပါဘူး..)

:-)

PS: တခါတလေ ကော်မန့်တွေ ကိုယ်မသိတဲ့သူဆီ သွားသွားရေးရတာ အားနာတယ်။ ကိုယ်ပြောတာနဲ့ သူနားလည်သွားတာ လွဲနေရင်လည်း ပြဿနာရှိတယ်.. ဖြေရှင်းရ၊ တောင်းပန်ရ၊ စိတ်ကသိကအောက်ဖြစ်ရ၊ စတာတွေနဲ့ သံသရာလည်နေမှာ သိပ်စိုးရိမ်ပါတယ်။
ဆိုတော့.. ကိုယ့်မှတ်စုထဲ ကိုယ်ရေးဖြစ်တာပဲ ကောင်းမယ်ထင်ပါတယ်။

ရေလာမြောင်းပေး မလုပ်နိုင်ပါဘူး။

နှာဘူးတွေများ မိတ်ဆက်စကားလေး လက်ခံမပြောတာနဲ့ ဘာသာရေးနဲ့ ကိုင်ပေါက်တော့တာပဲ ..
ရေလာမြောင်းပေး လုပ်ပြမှ ယဉ်ကျေးတယ်လို့ ခေါ်နိုင်သလား မသိပါဘူး ...


Date: 2010/6/13
Subject: Chat with tzl.mechanical@gmail.com



11:10 PM tzl.mechanical: Hi !
  what r u doing ?
  Are u busy ?

30 minutes
11:41 PM me: ဘယ်သူပါလဲရှင့်
11:42 PM tzl.mechanical: ဟုတ်ကဲ့....
  ကျွန်တော်က သူငယ်ချင်းဖြစ်ချင်လို့ပါ..
  ရမလား...
11:45 PM me: ကျွန်မကို မသိဘူးနဲ့တူပါတယ်
  ဘယ်လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်ချင်တာလဲ
11:47 PM tzl.mechanical: ရွှန်းနဲ့ သူငယ်ချင်းဖြစ်ချင်တာလေ...
11:48 PM me: i think i don't know yue
  *you
 tzl.mechanical: ဖြစ်နိုင်ပါတယ်..
 me: bye
 tzl.mechanical: ကျွန်တော်လဲ ရွှန်းကိုမမြင်ဖူးပါဘူး..
  ရွှန်း ကိုခင်ချင်တာပဲရှိတာပါ..
11:49 PM me: မခင်ပါနဲ့လား
 tzl.mechanical: ကျွန်တော့်ကိုသူငယ်ချင်းတစ်ယောက်လိုခင်လို့မရဘူးလား..
 me: မခင်တဲ့လက်စနဲ့
 tzl.mechanical: ဘာလို့လဲ..
  ကျွန်တော်ကခင်ချင်နေတာကို..
 me: ဘာအကြွေးများ တင်နေလဲမသိဘူး
11:50 PM ကိုယ့်အလုပ်ကိုယ်လုပ်ပါ
11:51 PM tzl.mechanical: ကိုယ်ကခင်ချင်နေတာကို..
  ဘယ်လိုလုပ်ရမလဲ..
 me: မခင်တတ်လို့ပါ
  ခင်တတ်တဲ့လူကို သွားခင်ကြပါ
  တောင်းပန်ပါတယ်ရှင့်
11:52 PM tzl.mechanical: ရွှန်းရော ကျောင်းတက်ရတာအဆင်ပြေရဲ့လား
  စာတွေရော လိုက်နိုင်ရဲ့လား

------- ------------


Date: 2010/6/15
Subject: Chat with tzl.mechanical@gmail.com




These messages were sent while you were offline.

12:59 AM tzl.mechanical: မရွှန်းမီရေ...ကျွန်တော် gmail ကိုစစ်ကြည့်တော့..တကယ်တမ်း polite မဖြစ်တာ..မရွှန်းမီကိုယ်တိုင်ဆိုတာသိလိုက်ရတယ်...ထားလိုက်ပါတော့...
1:00 AM အဲဒီတော့မရွှန်းမီပြောတဲ့စကားအတိုင်းပဲပြန်ပြောလိုက်မယ်နော်...
i forgive u
1:02 AM နိုင်ငံရပ်ခြားရောက်နေတဲ့မြန်မာလူမျိုးအချင်းချင်း..တစ်ဦးနဲ့တစ်ဦးခင်မင်ရင်းနှီးဖို့ကိုပဲ..မျှော်လင့်ပါတယ်ဗျာ....

1:03 AM tzl.mechanical: အဲ.....ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတာလဲသေချာခဲ့မယ်ဆိုရင်ပေါ့......:-)

1:04 AM me: if I think you are disturbing, will you politely be quiet ?



---------- ----------
Date: Mon, Jun 14, 2010 at 11:06 PM
Subject: Chat with tzl.mechanical@gmail.com


10:57 PM tzl.mechanical: Last sunday,when i sign in gmail and get away from my notebook,one of my colleges come and use my one.And then he invited u by my account.And then,yesterday also...another one come and use my account when i m away from my notebook although signing in gtalk......
  But i don't know what they chat with u ,i just want to tell u...it is not me...
10:58 PM it is not actual owner of tzl.mechanical@gmail.com.......
  Cos i never invite the one who i haven't ever been known.....
I just let u know it.....
I'm sorry if i disturb u......all the best of u!
 me: you can check out chat history in your gmail.com
10:59 PM so I have no business with you.
Thank you and all the best, too!

7 minutes
11:06 PM tzl.mechanical: yes i know it... i will check as u say , but before i check it , i request u firstly if some of their words are not polite....ok
11:07 PM me: i forgive them


---------- ----------

Friday, June 11, 2010

မသိမကောင်း သိမကောင်း

Pyae Phyo Aung မရှိတာထက် မသိတာခက်တယ်။ မသိတာထက် အသိမှားကြီးကိုကိုင်စွဲပြီး ငါသိ၊ ငါတတ်လို့ထင်နေတာက ပိုခက်တယ်။ အသိမှားကိုကိုင်စွဲပြီး ငါသိငါတတ်လို့ထင်နေတာထက် အဲဒီအသိမှားကို တစ်ခြားသူတွေပါနားယောင်ပြီးအဟုတ်ထင်အောင် မှိုင်းတိုက်နေတာကပိုခက်တယ်။ အဲဒါအသိမှားတွေကို Revolutionary အတွေးအခေါ်ဆန်း အတွေးအခေါ်သစ်တွေမှတ်ပြီး သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိတဲ့သူတွေကျတော့ သနားစရာအကောင်းဆုံးသတ္တဝါတွေပဲ။

Thursday, June 10, 2010

ရွာ

Hana San: တစ်ရွာလုံးနဲ့ တစ်ယောက် အမြဲရန်ဖြစ်နေတယ်ဆိုရင် တစ်ရွာလုံးက လွန်တာပဲနေမယ်။ ဟုတ်တယ်လေ...တစ်ယောက်လေးကို တစ်ရွာလုံးက သည်းမခံကြဘူး။ အဲဒီရွာ ...ဟွန်း

မိန်းကလေးများ ဘာလုပ်လုပ် အပြောအဆို မလွတ်တာ ဘယ်နှစ်ရာစု လို့ နံပါတ်တွေ မတပ်နိုင်ခင်၊ ဂဏန်းတွေ မပေါ်ခင်၊ ယဉ်ကျေးမှုထူထောင်ဖို့ စမလာခင်ကတည်းက ထင်ပါတယ်...

Monday, June 7, 2010

openminded

စိတ်တံခါးကို ဖွင့်ထားဖို့ရာ ဖုန်မှုန့်၊ လေကြမ်းများ ကင်းပါစေ။

Thursday, June 3, 2010

နေပူပူ မိုးစက်တွေအောက်မှာ

ဆေးထိုးထားတာမဟုတ်တဲ့ သဘာဝသစ်ခွပန်းတွေဟာ တစ်ခါလောက်ပွင့်ဖို့ကို အချိန်ကြာကြာ စဉ်းစားတတ်ကြတယ်။
နေရောင်တောက်ပပူပြင်းနေချိန်မှာ မဖူးပွင့်တတ်ကြဘူး။ မိုးတွေသည်းမည်းရွာသွန်းချိန်မှာ ဖူးပွင့်ဖို့ကြောက်ကြတယ်။
အေးချမ်းငြိမ်သက်ခြင်းကိုမှ မြတ်နိုးတတ်တဲ့ပန်းပွင့်တွေဟာ မာနကြီးတယ်လို့လည်း အထင်ခံရတတ်ပြန်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်မဟုတ်ရင် မပွင့်တတ်တဲ့ပန်းတွေမှာ ခေါင်းမာတဲ့ဗီဇပါတယ်။ ဒါဟာ သဘာဝတစ်ခုပါ။
တခါတရံမှာ ပန်းပွင့်တွေ ရှားပါးနေခြင်းဟာ ပန်ချင်သူရဲ့ အားနည်းချက်ကြောင့် ဟုတ်ချင်မှဟုတ်မယ်ဆိုတာ သိစေချင်ရုံသက်သက်။

ရထားဆိပ်

ထူးဆန်းသော ဘူတာရုံလေးက
ရထားပျက်ကိုသာ
တစ်သက်စာလက်ခံထားပြီး
ရထားကောင်းတွေကို
မောင်း မောင်းထုတ်ပစ်ခဲ့တယ်။

ဘာမှပြင်ဆင်မထားဘူး ဘာမှ မျှော်လင့်မထားဘူး

ဘာမှမပြင်ဆင်ခဲ့ပါဘူး

ပြင်ဆင်ခွင့် မရခင်
လောကထဲကို ရောက်လာတယ်

ပြင်ဆင်လို့ မပြီးခင်
လောကထဲက ထွက်သွားမယ်
 
ဘာရယ်လို့ ကြိုတင်မသိခဲ့
မပြင်ဆင်နိုင်ခင် ကြုံရမယ့်ရက်တွေ

ပြင်ဆင်ခဲ့သလို မဟုတ်ဘဲ
လွဲချင်လည်း လွဲမယ့် နေ့ရက်တွေ

မပြင်ဆင်ဘဲ ကြုံလာတိုင်း
မပြင်ဆင်လည်း ရင်ဆိုင်တတ်ဖို့

ပြင်ဆင်ဖို့ လိုအပ်တာက
ပြင်ဆင်မထားလည်း ရင်ဆိုင်ရဲဖို့

ပြင်ဆင်စရာတွေ လိုအပ်နေဆဲမို့
ဘာမှပြင်ဆင်မထားဘူး

.... ....

ဘာမှမမျှော်လင့်ခဲ့ပါဘူး

မျှော်လင့်ခွင့် မရခင်
လောကထဲကို ရောက်လာတယ်

မျှော်လင့်လို့ မပြီးခင်
လောကထဲက ထွက်သွားမယ်

ဘာရယ်လို့ ကြိုတင်မသိခဲ့
မမျှော်လင့်နိုင်ခင် ကြုံရမယ့်ရက်တွေ

မျှော်လင့်ခဲ့သလို မဟုတ်ဘဲ
လွဲချင်လည်း လွဲမယ့် နေ့ရက်တွေ

မမျှော်လင့်ဘဲ ကြုံလာတိုင်း
မမျှော်လင့်လည်း ရင်ဆိုင်တတ်ဖို့

မျှော်လင့်ဖို့ လိုအပ်တာက
မျှော်လင့်မထားလည်း ရင်ဆိုင်ရဲဖို့

မျှော်လင့်စရာတွေ လိုအပ်နေဆဲမို့
ဘာမှမျှော်လင့်မထားဘူး

.... .... ။

Tuesday, June 1, 2010

စာနာမှု ခံစားမှု ဝေမျှမှု နှင့် စာနယ်ဇင်း

တရားစွဲလိုက်ပြီးမှ တောင်းပန်ရင် ရုတ်သိမ်းပေးမယ် ပြောတာက ခြိမ်းခြောက်သလိုကြီးလို့ ခံစားရပါတယ်။
နဂိုထဲကတောင်းပန်ဖို့တွေးမိရင်တောင် ကိုယ့်ကိုတရားလာစွဲပြီးမှ ကိုယ်ကတောင်းပန်ရင် အမှုကျေအေးပေးမယ် လို့လာပြောရင် တောင်းပန်ဖို့ခက်သွားပြန်ရော

ကိုယ်က တရားရုံးရဲ့ အစီအမံပဲ ခံပါ့မယ်လို့ ပြောရင် ရိုင်းပျတယ် ပြောနိုင်လို့လား ...

စာနယ်ဇင်းသမားလုပ်ပြီးတော့ စကားလုံးတွေကို အလွဲသုံးစား လုပ်လွန်းတယ်။

http://www.myanmarthway.co.cc/2010/06/blog-post_7119.html

other related:

၁။ ထက်ထက်မိုးဦးအကြောင်း The VOICE Weekly ဂျာနယ်မှ သတင်း
၂။ ကိုညီလင်းဆက် ရဲ့ ဘယ်သူ့အလွန်လဲ
၃။ ထက်ထက်မိုးဦးသတင်း
၎။ ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား