Tuesday, June 29, 2010

Limp wrist-ed

ကိုယ့်ထမင်း ကိုယ်စားပြီး သူများအမုန်းခံဖို့ ပါရမီရှိတယ်...
လူကြီးအများစုဟာ လူငယ်တွေကို ဘလိုင်းကြီးနဲ့ ရစ်တယ်ထင်ချင်ကြတယ်။ အဲ့ကိစ္စကို ခဏခဏ သတိလွတ်မိတယ်။ ခုပဲ ..

 Atta Kyaw  Word of the Day: Limp wristed (adj) သာခွေယိုင်၊ မိန်းမလို မိန်းမရနိုင်သော၊ ပျော့ညံ့သော။ သူနဲ့ ကြောင်းတူ သံကွဲ စကားလုံးက effeminate (adj) ဖြစ်ပါတယ်။ limp wristed (effeminate) manner/voice/walk အစရှိသဖြင့် သုံးတာကို တွေ့ရတယ်။ (FB မိတ်ဆွေများရဲ့ တုံ့ပြန်ချက်ပေါ် မူတည်ပြီး အဲသလို စကားလုံးလေးတွေ စကားစုလေးတွေကို နေ့စဉ် တင်ပြပေးသွားရင် ကောင်းမကောင်း ချင့်ချိန်သွားပါမယ်။)

Shwun Mi
limp wrist-ed ကို လက်ကြောမတင်းသူ လို့ ထင်နေတာ.. အဲ့လိုအဓိပ္ပာယ်နဲ့ရော သုံးလို့ရမလားဆရာ?

Atta Kyaw
limp-wristed = (1) describes a man who does not behave in the strong and determined way traditionally expected in men (2) (offensive) describes a man who seems, by his manner, to be homosexual လို့ အဘိဓာန်တစ်ခုက ဖွင့်ဆိုထားပါတယ်။ နောက် အဘိဓာန်တစ်ခုကတော့ (1) effeminate (2) weak လို့ ဖွင့်ဆိုပါတယ်။ ဒါ့ကြောင့် လက်ကြော မတင်းဘူး ဆိုတာထက် ပျော့ညံ့တာ၊ ကနွဲ့ကလျနိုင်တာနဲ့သာ သုံးကြပါတယ်။ လက်ကြော မတင်းတာ၊ တော်ရိလျော်ရိနိုင်တာ၊ လပေါ်သရေနိုင်တာကို lackadaisical (adj) လို့ သုံးရမယ် ထင်ပါတယ်။
........................................................
လူကြီးပြောရင် အတွန့်တက်ချင်တယ်..
သူလည်း ငယ်ငယ်က အဲ့လိုပဲမို့ ခုလို စိတ်ရှည်ရှည် ရှင်းပြတာလို့ ယူဆပါတယ် =)
.......................................................

ကိုယ့်ဘာသာကိုယ် မှတ်ထားတာ..

ခေတ်ပေါ်ဘမ်းစကားအရ Limp wristed ဆရာအတ္တကျော် ပြောတာ မှန်တယ်..

မူရင်းဆိုလိုတာသည် Limp wristing ကနေ လာတယ်။ သေနတ်ပစ်တဲ့အခါ လက်မမြဲတာကို ဆိုလိုတယ်..

သဘောပေါက်လိုက်တာတော့ လက်ကျောမတင်းတာနဲ့ ကျားကျားလျားလျား မရှိတဲ့သူတွေကို ရောကြော်ပြီး ဂျယ် ဆိုတဲ့သဘောနဲ့ ခေါ်ဖြစ်သွားပုံရပါတယ်။
သာမန်သဘောအရမှာတော့ အလုပ်မကြိုးစားခြင်း နွဲ့ခြင်း မပြတ်သားခြင်း တွေကို ဆိုလိုပုံရပါတယ်။ (အရပ်စကား ဖြစ်ပါတယ်)

American စကားနဲ့ ဗမာစကား ဖွံ့ဖြိုးပုံခြင်း မတူတဲ့အတွက် တိုက်ရိုက်ဖလှယ်လို့ရတဲ့ စကားလုံးတော့ ခုခေတ်မှာ မဟုတ်တော့ဘူး။

ဗမာစကားမှာ လက်ကြောမတင်းသူ ဆိုတာသည် အရပ်စကား အလုပ်မကြိုးစားသူ ဆိုတာသည် စာစကား။
သူတို့စာစကားမှာတော့ ဆရာအတ္တကျော် ပြောသွားတဲ့အတိုင်း သုံးဖြစ်မယ်လို့ ယူဆရပါတယ်။

http://www.yourdictionary.com/limp-wristed
http://idioms.thefreedictionary.com/limp-wristed


moral of the story:

အလုပ်မှာ လက်ကြောမတင်းသူများသည် ငခြောက်များဖြစ်သည်။

No comments: