Sunday, January 31, 2010

Mother's words - အမေတစ်ယောက်ရဲ့ ဆုံးမစကား

When you feel discontented, think over your blessings, and be grateful.

မပျော်မရွှင် မပြည့်မစုံ ခံစားရတဲ့အခါမျိုးမှာ ကိုယ့်မှာပြည့်စုံပြီးသား ကောင်းခြင်းတွေကို ပြန်သတိရပြီး စိတ်ဖြေနိုင်ပါစေ။

You have a good many little gifts and virtues, but there is no need of parading them, for conceit spoils the finest genius.

ကျန်းမာလှပခြင်း ထူးချွန်ထက်မြက်ခြင်း စတဲ့ အရည်အချင်းကောင်းတွေရှိတာ ဝမ်းသာရမယ်။ ဒါပေမယ့် အဲ့ဒါတွေကြောင့် မော်ကြွားဝင့်ဝါနေဖို့ မလိုဘူး။ ဘဝင်လေဆိုတာ လူချွန်လူကောင်းတစ်ယောက်ကို အသာလေး တိုက်စားပစ်နိုင်တယ်။

There is not much danger that real talent or goodness will be overlooked long; even if it is, the consciousness of possessing and using it well should satisfy one, and the great charm of all power is modesty.

ကိုယ့်ရဲ့ ထူးချွန်ကောင်းမွန်တဲ့ အရည်အချင်းတွေကို သူများတွေဂရုမစိုက်လည်း ပြဿနာမရှိပါဘူး။ လူတွေသိပြီးသားဖြစ်နေရင်တောင် ကောင်းတဲ့နေရာမှာပဲ သင့်လျော်အောင်အသုံးချမိဖို့ သတိထားရမယ်။ အရေးအကြီးဆုံးက အနေအထိုင်တတ်ဖို့ပဲ။

Don't let the sun go down upon anger.

ဒေါသစိတ်ကြောင့် နေရောင်ခြည်ကို မတိမ်မြုပ်စေနဲ့။
(နေလုံးကြီး ဒေါသအပေါ် ပြုတ်မကျပါစေနဲ့) ခုလိုရေးရင် ဒေါသပြေတာ ပိုမြန်မလားပဲ

Try with heart and soul to master this quick temper, before it brings you greater sorrow and regret than you have known today.

ဒေါသကြောင့် နောင်ကျဉ်စရာ အမှားတွေလုပ်ပြီး ဝမ်းနည်းစရာတွေ ကြီးထွားမလာရအောင် အဲ့ဒီဒေါသစိတ်ကို သတိစိတ်နဲ့ အနိုင်ယူဖို့ ကြိုးစားပါ။

Never repeat foolish gossip, and forget it as soon as you can.
ပေါက်တတ်ကရ အတင်းအဖျင်းစကားတွေကို ပြန်ပြောဖြန့်ဝေတာမျိုး မလုပ်ရဘူး။ မြန်နိုင်သမျှမြန်မြန်သာ မေ့ပစ်လိုက်ပါ။

Enjoying praise and admiration is perfectly natural, and quite harmless, if the liking does not become a passion and lead one to do foolish or unmaidenly things.

ကိုယ့်မှာရှိတဲ့ အရည်အချင်းကြောင့် ချီးမွမ်းအားကျခံရတဲ့အဖြစ်ကို နှစ်သက်သာယာတာ လူ့သဘာဝမို့ အပြစ်ကြီးမဟုတ်ပါဘူး။ အဲ့လိုချီးမွမ်းအားကျခံရဖို့အတွက် တမင်တကာ တပင်တပန်း မရှက်တမ်း လုပ်ပြမနေရဘူး ဆိုရင်ပေါ့။

I'd rather see you poor men's wives, if you were happy, beloved, contented, than queens on thrones, without self-respect and peace.

ချစ်မြတ်နိုးခြင်း ကြည်နူးခြင်းတွေနဲ့ ရောင့်ရဲပျော်ရွှင်တဲ့ဘဝမှာသာ သမီးတို့ကိုမြင်ရမယ်ဆိုရင်၊ မငြိမ်းချမ်းမတည်ကြည်တဲ့ဘဝမှာ ဘုရင့်မိဖုရားတွေ ဖြစ်ရဖို့ထက် သာမန်လူသားတွေရဲ့ ဇနီးမယားများပဲ ဖြစ်စေချင်ပါတယ်။

Better by happy old maids than unhappy wives, or unmaidenly girls, running about to find husband.

လင်ဆိုးမယားတဖားဖား ဖြစ်နေရတာမျိုး၊ မိန်းမကောင်းမပီသဘဲ နောက်ပိုးမ ဖြစ်ရတာမျိုးတွေထက်စာရင် ပျော်ရွှင်လွတ်လပ်တဲ့ အပျိုကြီးဖြစ်ရတာက ပိုကောင်းပါသေးတယ်။

Poverty seldom daunts a sincere lover.

ဆင်းရဲခြင်းဟာ လေးလေးနက်နက်ချစ်မယ့်သူတစ်ယောက်ကို တွေဝေအောင်မလုပ်နိုင်ပါဘူး။

Make this home happy, so that you may be fit for homes of your own, if they are offered you, and contented here if they are not.

မိန်းကလေးဟာ ကိုယ့်အိမ်ကို သပ်ရပ်ငြိမ်းချမ်းအောင် ပြုပြင်ထိန်းသိမ်းတတ်ရမယ်။ ဒါမှ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေရရင်လည်း အဆင်ပြေမယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်မိဘနဲ့ကိုယ် နေရရင်လည်း နေပျော်မယ်။

Mother is always ready to be your confidante, Father to be your friend;

အမေဆိုတာ နွေးထွေးကြင်နာတတ်တဲ့ တိုးတိုးဖော်၊ အဖေဆိုတာ လေးစားအားကိုးရတဲ့ မိတ်ဆွေကောင်း။

All play and no work is as bad as all work and no play

အလုပ်တွေချည်းဆက်တိုက်လုပ်နေတာဟာ လူအတွက် မကောင်းသလိုပဲ ကစားပျော်ပါးတာတွေချည်း ဆက်တိုက်လုပ်နေရတာလည်း ဆိုးရွားခြင်းတစ်မျိုးပဲ။

Work is wholesome, and there is plenty for everyone; it keeps us from ennui and mischief, is good for health and spirits, and gives us a sense of power and independence better than money or fashion.

အလုပ်ဆိုတာ အားလုံးနဲ့ဆိုင်တယ်၊ လူတိုင်းအတွက် လုပ်စရာတွေက ရှိနေတာပဲ။ အလုပ်ဟာ လူကို တည်ငြိမ်စေတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။ ကိုယ့်အပေါ်ကိုယ် ယုံကြည်စိတ်၊ ကိုယ့်အားကိုယ်ကိုးစိတ် ဆိုတာ ငွေရှိတာ၊ ဝတ်စားနိုင်တာထက် ပိုသာတဲ့ အရည်အချင်းတွေပဲ။


Have regular hours for work and play, make each day both useful and pleasant, and prove that you understand the worth of time by employing it well.


Don't grieve and fret when I'm gone, or think that you can comfort yourselves by being idle and trying to forget. Go on with your work as usual, for work is a blessed solace.

အမေမရှိတုန်း ညည်းတွားတာတို့ မှိုင်တာတို့ တွေဝေငေးငိုင်နေတာတို့နဲ့ စိတ်ညစ်စရာတွေကို မေ့နိုင်ဖို့ မကြိုးစားနဲ့။ ခါတိုင်းလိုပဲ အိမ်မှာလုပ်စရာရှိတာလုပ်ထားကြ။ အလုပ်လုပ်နေမှ စိတ်မချမ်းသာတာတွေ တကယ်သက်သာမယ်။

Money is a good and useful thing, Jo, and I hope my girls will never feel the need of it too bitterly nor be tempted by too much.

ငွေဟာ အသုံးကျတဲ့အရာဖြစ်လို့ သမီးတို့ဟာ ငွေရဲ့အရေးပါမှုကို ခါးသီးရွံရှာမနေသင့်သလို ငွေကိုခင်တွယ်လွန်း နှစ်သက်မက်မောလွန်းတာမျိုးလည်း မဖြစ်စေချင်ဘူး..

- Mother's words to Daughters from: Little Women by Louisa May Alcott -

Saturday, January 30, 2010

သဘာဝအတ္တ

ကလေးဘဝတုန်းက အိမ်မှာနေရင် အဒေါ်နဲ့အဖွားက လူကိုဘေးထားပြီး မာမီကို အိမ်အလုပ်မလုပ်ဘဲ အလှပြင်အပြင်သွားပြီး ရုံးမှာသက်သက်သာသာထိုင်နေရတာ၊ ယောက်ျားယူ ကလေးမွေးထားပြီး သူတို့ကထိန်းရတာ စသဖြင့် မကျေနပ်ကြောင်းတွေ ပြောနေတတ်တယ်။
ညနေမာမီအလုပ်ကပြန်လာတော့ သွားကြိုလိုက်လေ။ ခြင်းတောင်းဝိုင်းဆွဲလေ။ မောလာလား ဘာလားမေး၊ ရေခပ်ပေးနဲ့ လူကို အတင်းဆရာဝိုင်းလုပ်နေကြတာ မှတ်မိတယ်။ စိတ်ထဲ တော်တော်ချဉ်ခါးပြီး အီလည်သွားတယ်။

မချွဲတတ်မညာတတ် ခပ်တုံးတုံးဆိုတော့ လူကြီးတွေဘာဖြစ်နေမှန်း နားမလည်နိုင်ခဲ့ဘူး။

အခုတော့ တဖြည်းဖြည်း ရေးတေးတေး သဘောပေါက်လာပြီ။ :P

trees on the roadside

ကိုယ်က အကောင်းထင်ပြီး လှိုက်လှိုက်လှဲလှဲ ပေါင်းနေမိပေမဲ့ အရေးအကြောင်းမှာ အားမကိုးရတဲ့ သူငယ်ချင်း၊ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတတ်သလို ကိုယ်က ဘာသိဘာသာနေမိပေမယ့် တကယ်တမ်းမှာ ကိုယ့်အပေါ် အမှန်တကယ် အနွံအတာခံတဲ့ သူငယ်ချင်းမျိုးလည်း တွေရတာ လောကဓမ္မတာပါပဲ။

အတ္တကျော် -
မိန်းမသားတို့ သိမ်းထားဖို့ စာအုပ်မှ "လမ်းမှာတွေ့ရတတ်တဲ့ သစ်ပင်များအကြောင်း"

Anti Idealist

လောကမှာ မြွေမသေ တုတ်မကျိုး ဖြစ်ချင်လို့ မရဘူးဆိုတာ ခင်ဗျား သိထားသင့်ပါတယ်။ ရှဥ့်လျှောက်မယ်ဆိုရင် ပျားအုံ ရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ ပျားအုံရှိမယ် ဆိုရင်လည်း ရှဥ့်က ဖြတ်လျှောက်မှာကို မဟုတ်ဘူး။ အဲဒါ သဘာဝတရားဗျ။ အဲဒါကိုမှ လွန်ဆန်ချင်ရင် မသေဆေးရှာတဲ့သူလို ဖြစ်နေပါလိမ့်မယ်။

- Atta Kyaw -
မိန်းမသားတို့ သိမ်းထားဖို့ စာအုပ်မှ "ယောက်ျားစင်စစ် ဧကန်ဖြစ်လျှင်"

Monday, January 25, 2010

Dream Vs Reality

Dream

Whatever you wish, you want to get & you want the world care your existence.

Reality

Whatever you have, the world wants to get & you have to care the world's existence.

Wednesday, January 20, 2010

" Zen proverbs"

When you are deluded and full of doubt, even a thousand books of scripture are not enough.
When you have realized understanding, even one word is too much.

the moon in autumn, a cool breeze in summer, snow in winter.
If your mind isn't clouded by unnecessary things, this is the best season of your life.

The whole moon and the entire sky are reflected in one dewdrop on the grass.

One moon shows in every pool, in every pool the one moon.

When you get to the top of the mountain, keep climbing.

When you get there, there isn't any there there.

Water which is too pure has no fish.

be not limited, but bounded.

balance ..

Mark Twain's Patriotism

"Patriotism is supporting your country all the time, and your government when it deserves it." ~ Mark Twain, 1835 - 1910.

Sunday, January 17, 2010

မနီလိမ္မာဖို့

မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား
စာသင်ကျောင်းက ဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ် ဘာလုပ်ဖို့
မနီ“လိမ္မာ”ဖို့ ...။

မော်ကြွားဖို့ မဟုတ်ပါ။
ပြိုင်ဆိုင်ဖို့ မဟုတ်ပါ။
ဂုဏ်ရာဝင်ဖို့ မဟုတ်ပါ။
လောဘထားဖို့ မဟုတ်ပါ။
အတ္တကြီးဖို့ မဟုတ်ပါ။
စိတ်ကစားဖို့ မဟုတ်ပါ။
စိတ်ညစ်ဖို့ မဟုတ်ပါ။

လောကအိမ်မှ လာပါသည်
ဘဝကျောင်းကို တက်ပါသည်
ကိုယ်တွေ့လေ့လာမိတာ လေဟာနယ်မှာ ချရေးလို့
သူများတွေ့ကြုံထားတာ နေရာတကာမှာ ဖတ်ရှုလို့
သင်ခန်းစာမှန်သမျှဟာ “လိမ္မာဖို့”
“လိမ္မာ”ဖို့ ဖြစ်သည် ...။


(မူရင်းကဗျာ - ပထမပိုဒ် ကို ရေးခဲ့သူ - ဦးတင်မိုး ဖြစ်ပါသည်။)

Saturday, January 16, 2010

ကိုယ့်ချမ်းသာမှု အောင်မြင်မှုအပေါ် သူတစ်ပါးက မနာလိုဖြစ်တဲ့အခါ စိတ်မကောင်းဖြစ်မယ့်အစား ဝမ်းသာတတ်ပါစေ။

ရေတွင်းပျက်

- ခုရေတွင်းတူး ခုရေကြည့်သောက်ချင်- ဆိုလို့တော့ ဘယ်တရားပါ့မလဲ..

မနက်ဖန်တူးမယ့် ရေတွင်းတွက် အခုလောက်ထဲက ရေကြည်သောက်ရရင်တော့ မဆိုးဘူးပေါ့။

ရေတွင်းတူးရမယ့် မနက်ဖန်ဆိုတာ မနက်ဖန်မှ မဟုတ်လား။



Tuesday, January 12, 2010

working seriously

You will have a hard time, but you won't suffer.

Saturday, January 9, 2010

The End

Everything will be OK in the end. If it is not OK, it is not THE END.

Tuesday, January 5, 2010

သူရဲကောင်းမှတ်တမ်း

သူရဲကောင်းစစ်စစ်တွေရဲ့ ရည်မှန်းချက် လုပ်ဆောင်ချက်တွေဟာ မှတ်တမ်းတွင်ကျန်ရစ်ခံဖို့သက်သက် မဟုတ်ဘူး။
ဘယ်သူရဲကောင်းကမှ သူရဲကောင်းဖြစ်ချင်စိတ်နဲ့ သူရဲကောင်းလုပ်ခဲ့တာ မဟုတ်ဘူး။

Monday, January 4, 2010

မာယာ

~ မာယာတွေ တကယ်ကိုများတဲ့ လောကထဲ ~ မာယာဟာ တကယ့်အမှန်တရား ~

Saturday, January 2, 2010

ချည်

ဘယ်သူမှ ကြားမဝင်လည်း ချည်ခင်ပါဆိုမှ ... ထွေးတယ်ကိုး။

Friday, January 1, 2010

၂၀၁၀

နှစ်သစ်ရောက်ပြီ..
မသိသေးသော လေ့လာချင်စရာများနှင့် ဉာဏ်မမီလောက်အောင် နက်နဲလွန်းသည့် စာသားများ..
မလုပ်ဖူးသေးသော ပျော်ရွှင်ရင်ခုန်ဖွယ်ရာများ..
မဝင်ရောက် မပိတ်မိခဲ့ဖူးသော စပ်စုချင်စရာ ထောင်ချောက်များ..
မရောက်ဖူးသော ရောက်ဖူးသော မမှတ်မိသော မှတ်မိသော သွားချင်သော မသွားချင်သော နေ ရာ များ . . .
အကုန်ဖတ်ပစ်မယ်ကြုံးဝါးရင် အိပ်မက်ထဲရောက်သွားသော စာအုပ်များ..
စသည် စသည် စသည် စသည် တို့ဖြင့်
ပြက္ခဒိန်စီးကြောင်းနှင့်အတူ သပွတ်အူတွေ မျောလာသည်..
သပွတ်အူတွေ မျောသွားသည်..
သပွတ်အူကို ဆေးချယ်တတ်သော အနုပညာရှင်များလည်း ရှိခဲ့ကြပါသည်..
အောင်မြင်ကြပါသည် အားကျမိပါသည် တရားကျမိပါသည်
ဘာပဲဖြစ်ဖြစ် “ဘာပဲဖြစ်ဖြစ်” လို့ ပြောလိုက်ရရင်ကို ဘာပဲဖြစ်ဖြစ် ကျေနပ်မိတတ်သည်
နေ့ရက်နှင့် နာရီ သွားနိုင်သလို အမီလိုက်ပြေးချင်လို့ ဖိနပ်စီးဖို့ ကြိုးစားနေပါပြီ
မာပါစေ သာပါစေကြောင်း ခြေလှမ်းတိုင်းကို ပန်းခက်ဖြင့် ကြိုပါ ..။