Sunday, January 17, 2010

မနီလိမ္မာဖို့

မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား
စာသင်ကျောင်းက ဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ် ဘာလုပ်ဖို့
မနီ“လိမ္မာ”ဖို့ ...။

မော်ကြွားဖို့ မဟုတ်ပါ။
ပြိုင်ဆိုင်ဖို့ မဟုတ်ပါ။
ဂုဏ်ရာဝင်ဖို့ မဟုတ်ပါ။
လောဘထားဖို့ မဟုတ်ပါ။
အတ္တကြီးဖို့ မဟုတ်ပါ။
စိတ်ကစားဖို့ မဟုတ်ပါ။
စိတ်ညစ်ဖို့ မဟုတ်ပါ။

လောကအိမ်မှ လာပါသည်
ဘဝကျောင်းကို တက်ပါသည်
ကိုယ်တွေ့လေ့လာမိတာ လေဟာနယ်မှာ ချရေးလို့
သူများတွေ့ကြုံထားတာ နေရာတကာမှာ ဖတ်ရှုလို့
သင်ခန်းစာမှန်သမျှဟာ “လိမ္မာဖို့”
“လိမ္မာ”ဖို့ ဖြစ်သည် ...။


(မူရင်းကဗျာ - ပထမပိုဒ် ကို ရေးခဲ့သူ - ဦးတင်မိုး ဖြစ်ပါသည်။)

No comments: