Thursday, July 1, 2010

အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း။

မြန်မာစာ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် အတော်ဗဟုသုတရှိတဲ့ ဆရာကြီးတစ်ယောက်ကို သိချင်တာတွေ သွားသွားမေးမိတဲ့အတွက် အတော်မွှေတယ်လို့ ပြောခံထိလိုက်လို့ စိတ်မကောင်းဖြစ်မိပါတယ်။
ခုခေတ်က ဗဟုသုတရှိတဲ့လူ စိတ်ရှည်လက်ရှည် ရှင်းပြချင်တဲ့လူ ရှားပါးတယ် မဟုတ်လား။

မိန်းကလေးငယ်တစ်ယောက်ကို မွှေတယ်လို့ မှတ်ချက်ပေးတဲ့ အသုံးအနှုန်းသည် အတော်ရိုင်းတယ်လို့လည်း ထင်ပါတယ်။
အမေးအမြန်းထူတာလောက်နဲ့ မွှေတယ် ဖြစ်ရောပဲ။

မတော် မမေးလိုက်ရရင် သေသွားတော့ နောင်တရနေမှာစိုးလို့ပါ။
လူသားဆန်ဆန် မစပ်စုဘဲ မနေနိုင်တာကိုက ညီမအပြစ်ပဲ ထင်ပါတယ်။

(ခုလိုရေးထားတော့ ဘာများသွားမေးသလဲ ထင်နေဦးမယ်။ မေးမိတာက သူမျှဝေနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်တာလေးတွေပါပဲ။ သူ့ထိခိုက်အောင်လည်း မမေးမိပါဘူး။ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ပတ်သက်တဲ့ ဆင်မလိုနဲ့လွဲ တူမလိုနဲ့ ကွဲသွားတဲ့ စာလုံးတွေ အကြောင်းပါ။ )

ညီမက မြန်မာစာကို ဆယ်တန်းအထိပဲ သင်ဖူးတာပါ။ ဘာမှ ရေရေရာရာ သိတာမဟုတ်ဘူး။ ဒါပေမယ့် ပြန်ပြန်လွမ်းနေတာက ဆိုးတယ်။ မသိလိုက်မသိဘာသာနေရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။
တော်ပါပြီ။ ဒီတစ်သက် မြန်မာစာတိုးတက်ဖို့ အားမထုတ်ချင်တော့ဘူး။
ဘာသာပြန်တွေလည်း မရေးချင်တော့ပါဘူး။

No comments: