Friday, July 9, 2010

နာမည်ကြီး စနက်တံအဖြူ

နာမည်ကြီး စနက်တံအဖြူ
သူက ချက်ချင်း မပေါက်ကွဲစေဘူး
တစိမ့်စိမ့်နဲ့ လှိုက်တယ်လေ

နွေအပူ မီးအပူ ကြောက်ရက်
မီးတောက်လေးကို နမ်းနမ်းရှိုက်နေရ
ဘဝက အဆိပ်လည်း ဆာတယ်။

(
လူတစ်ကိုယ်ဟာ လောင်စာတစ်အိုးပေါ့
ပုံစံအမျိုးမျိုးနဲ့ ပေါက်ကွဲမှာ .. )

No comments: