Saturday, July 10, 2010

Gender Discrimination မိန်းမဘုရား မရှိ

မိန်းမသားတိုင်းဟာ လူသားမျိုးနွယ် ပြန့်ပွားဖို့ ဆက်စောင့်ရှောက်ဖို့ ဖြည့်ဆည်းဖို့ တာဝန်တွေယူပြီးသားမို့
ဘုရားဖြစ်တဲ့အထိ ကြိုးစားပြီးမှ လူသားတွေကို လမ်းပြဖို့တာဝန်ကို ယောက်ျားသားတွေ ယူပါစေလေ။

ဆိုလိုတာက မိန်းမတိုင်းဟာ အလွန်ကြီးမြတ်တဲ့ ဖန်ဆင်းရှင် နေရာကြီးကို တစ်ယောက်စီ တစ်ဖဲ့စီ ဒုက္ခကိုယ်စီခံယူထားပြီးသားလို့ ပြောချင်တာပါ။
ဒါကြောင့် ဖန်ဆင်းခံရတဲ့ အမိုက်အမဲများ ပြန်လိမ္မာလာအောင် ဆုံးမဖို့ နေရာကို ယောက်ျားအားလုံးကိုယ်စား အမြတ်ဆုံးတစ်ပါးက တစ်လှည့် တာဝန်ယူသင့်တာပါ။


(
အားလုံးကို ဆုံးမနိုင်လောက်တဲ့ အမြင့်ဆုံးဥာဏ်ရှိသူကို ကျား၊မ အားလုံးက ပြန်ပြီး အရိုအသေပြုတာဟာလည်း သူမြတ်လို့ ကိုယ်နိမ့်လို့ ဆိုတဲ့ အယူအဆမျိုးနဲ့ မဟုတ်ဘဲ အဆုံးအမရဲ့ကျေးဇူးကို အထူးအသိအမှတ်ပြုတာ ဖြစ်ပါတယ်။

အကြီးဆုံးတာဝန်ကို တစ်ဦးသော ယောက်ျားသည် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပြင်းပြင်းပြပြ ကြိုးစားပြီးမှ ထမ်းရပါတယ်။ ယောက်ျားထု အားလုံးရဲ့ကိုယ်စား တစ်ပါးကပဲ အရင်းအနှီးကြီးစွာပေးပြီး အားလုံးကို ဦးဆောင်ရပါတယ်။ တစ်ယောက်စီက အဆုံးအမ ပေးနေရင် ရှုပ်ထွေးမှာမို့ပါ။

ကျန်ယောက်ျားမြတ်များသည်လည်း ပံ့ပိုးဖို့ တစ်ခန်းတစ်ကဏ္ဍစီကနေ ပါဝင်ရပါတယ်။ ထိုသူများဟာ သာသနာရဲ့ ရဟန်းများ ဖြစ်လာပါတယ်။ ထို့နောက်မှာ ရဟန်းမတွေလည်း ရှိလာပါတယ်။ သာသနာရဲ့ သဘာဝအရ ရဟန်း အရေအတွက်က ရဟန်းမ အရေအတွက်ထက် ပိုများရပါတယ်။
အဆုံးအမရဲ့ ကျေးဇူးကြောင့် ထိုရဟန်း၊ ရဟန်းမ များကိုလည်း ရှိခိုးရပါတယ်။ သူတို့မှာလည်း လူ့အသိုင်းအဝိုင်းကို ဆုံးမလမ်းမှန်ပြဖို့ တာဝန်ရှိပါတယ်။

ကန်တော့လိုက်ရုံနဲ့ ကန်တော့ခံရသူသည် အလကားနေရင်း ပိုမြတ်မသွားပါဘူး။ ကန်တော့ခံရတဲ့သူဟာ တာဝန်အကြီးကြီးလည်း ယူရပါတယ်။

မိန်းမဆိုတာ နိမ့်ကျလို့ ဘုရားဖြစ်ခွင့်မရတာ မဟုတ်သလို ယောက်ျားဆိုတာကပဲ မြင့်မြတ်လို့ ဘုရားဖြစ်ခွင့်ရတာ မဟုတ်ပါဘူး။ သဘာဝအရ ခွဲခြားထားပြီးသားမို့ ဖြစ်ပါတယ်။
 )


PS-ဖြည့်စွက်။ ။ အခြားဘာသာဝင် အဆုံးအမများကို ဤအကြောင်းနှင့် ပတ်သက်၍ မစဉ်းစားပါ။

No comments: