Tuesday, June 15, 2010

comment for Mr. Calm Hill

ကိုအေးမြင့် :D
calm = အေးချမ်းသော
hill = ကုန်းပြင်မြင့်
သူ့နာမည်မြန်မာလိုရေးရခက်လို့ မြန်မာမှု ပြုလိုက်ပီ

Response to : စဉ်းစားမိသလောက်လူ့ခွစာ
anti social ဖြစ်တာတော့ 70% လောက် တူပါတယ်။ တခါတလေ လူတွေ ဘာကြောင့် သူများဂရုစိုက်တာ လေးစားတာကို သိပ်လိုချင်နေမှန်း နားမလည်နိုင်ဘူး။ သူတို့စိတ္တဇတွေထဲ ကိုယ့်ကိုပါ ဆွဲထည့်တာတော့ မကြိုက်ပါဘူး။
လူအများထဲက တစ်ယောက်မို့ လူအများအားလုံးနဲ့ အမြဲတမ်းအဆင်ပြေအောင် မနေနိုင်တာ သဘာဝကျပါတယ် လို့ပဲ ဖြေတွေးပါတယ်။

တခါတလေမှာတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် like နှိပ်မိပါတယ်။
လူရောလက်ရော အားနေလို့.. ပျင်းရင် သူများတွေရေးတဲ့ ကော်မန့်တွေ မေးထဲဝင်လာတာကို ဖတ်ပြီးရီချင်လို့ပါ။

(ခုလိုရေးလိုက်ရင်ရော လူ့ခွစာလို့ ပြောနေကြဦးမလား မသိပါဘူး..)

:-)

PS: တခါတလေ ကော်မန့်တွေ ကိုယ်မသိတဲ့သူဆီ သွားသွားရေးရတာ အားနာတယ်။ ကိုယ်ပြောတာနဲ့ သူနားလည်သွားတာ လွဲနေရင်လည်း ပြဿနာရှိတယ်.. ဖြေရှင်းရ၊ တောင်းပန်ရ၊ စိတ်ကသိကအောက်ဖြစ်ရ၊ စတာတွေနဲ့ သံသရာလည်နေမှာ သိပ်စိုးရိမ်ပါတယ်။
ဆိုတော့.. ကိုယ့်မှတ်စုထဲ ကိုယ်ရေးဖြစ်တာပဲ ကောင်းမယ်ထင်ပါတယ်။

1 comment:

Calm Hill said...

ကနေ့မှ Blog Stat တွေပြန်စစ်လို့ တစ်ဆင့်လာတဲ့ ဘလော့လိပ်စာ အသစ်တွေ့လို့ လာလည်ပါတယ်ခင်ဗျ။ ဒီရောက်မှ ကျွန်တော်လည်း ကိုအေးမြင့် ဖြစ်သွားတာတွေ့ရပါတယ်။ :D ကော့်မင့်ကတော့ မသိလည်းရေးလို့ရပါတယ် အားမနာပါနဲ့ ကျွန်တော့်ဘလော့မှာ ရေးချင်ရာသာ ရေးခဲ့ပါ ဘာမှပြဿနာမရှိသလို ဖြေရှင်းရတောင်းပန်ရ မဖြစ်နိုင်ပါဘူး