Wednesday, May 19, 2010

တစ်ခန်းရပ်

လွမ်းစရာကောင်းတဲ့ရာသီပဲဖြစ်ဖြစ်
ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ အနားမှာရှိရင်
မငိုမိပြန်ဘူး..

တခါတလေတော့လည်း
ငိုချင်ရက်နဲ့ ရီနေရတာ
ဝဋ်ကြွေးတစ်မျိုးပါ..

ဘယ်ရာသီမှာ ဘာပန်းတွေပွင့်စေ
ဒဏ္ဍာရီဟာ နာကျင်မှုကို ခြွေလွှင့်ဆဲ...။

No comments: