Thursday, May 13, 2010

ပုံပြင်ဟောင်းများ

ပုံပြင်ဟောင်းများ

ငလက်မကတော့ အပ်ချည်ဗူးထဲ နေလို့ရတယ်
ကျိန်စာမိ မင်းသားကြီးကတော့ နန်းတော်ကြီးထဲမှာ မွန်းကျပ်လို့
ဝင်နီပူးက သစ်ပင်မြစ်ထဲမှာ အိမ်ဖွဲ့နေ
ဂျက်စမင်းက ရွှေနန်းတော်ဆီက တစ်ပြားမှ မလျှော့ဘူး

စိတ်ကူးယဉ်ပုံပြင်တွေ နေရာတိုင်းကို ရောက်နိုင်တဲ့အခါ
ငါလည်းဘာကို ယုံရမှန်းမသိ
ပုံပြင်ဟောင်းတွေ အကျီဟောင်းတွေလို
ဖုန်တက်နေတဲ့ ရဲတိုက်ဟောင်းကြီးလို
ခမ်းနားချင်သေးပေမယ့် ဝေးဝေးမှာ ထားခဲ့ရ
ဘဝက အသစ်ပိုကြိုက်တယ်

No comments: