အဲခါကျ ရင် မြန်မာ အင်ဂျင်နီယာတွေ တစ်လ ဒေါ်လာ ၂၀၀၀ ပေးမှာတဲ့
မီးတွေလည်း အကုန်လင်းတော့မှာတဲ့
ရေတွေလည်း ပုံမှန်လာတော့မှာ
ကုန်ဈေးနှုန်းလည်း ကျမှာ
ခု ရွှေဈေး ၆ သိန်းကျော် ၂၀၁၀ ပြီးရင် ၆ ထောင်တဲ့
ဆန်တစ်ပြည် ပြား ၅၀ ဖြစ်မယ်တဲ့
ရန်ကုန်-မြစ်ကြီးနား ကို ၂၀၁၂ မှာ ကျည်ဆံမီးရထားလမ်း အပြီးဆောက်ပေးမှာတဲ့
၂၀၁၁ ဧပြီမှာ ATM စနစ်နဲ့ မြန်မာတစ်ပြည်လုံး လမ်းဘေးငွေထုတ်လို့ ရစေရမယ်
အိမ်တိုင်း မြန်နှုန်းမြင့် အင်တာနက်လိုင်း ချိတ်ပေးမယ်တဲ့ တစ်လမှ ၅ ကျပ်ပဲ ကျမယ်တဲ့
၂၀၁၅ မှာ အရွယ်ရောက်သူတိုင်း ကိုယ်ပိုင်ကားတစ်စီးစီရှိစေရမယ်တဲ့ ဓာတ်ဆီ ၁ ဂါလံကို ၂ ကျပ်တဲ့
၂၀၁၃ နှစ်ကုန်ပိုင်းမှာ အိုင်ဖုန်းနောက်ဆုံး မျိုးဆက်ဖြစ်တဲ့ အိုင်မုန်း ဆိုတာကို မြန်မာတပြည်လုံး သုံနိုင်းစေရမယ်တဲ့
အချိန်တန်ရင် သမိုင်းကို ပြန်မှာ ...
Bro-s: ဟာ
shwunmi: ဇာတ်ထဲက ဝန်ကြီးလုပ်တာကမှ လူချစ်လူခင် များဦးမယ်
Bro-s: ရွှန်းမီတို့လို နိုင်ငံတကာ အသိအမြင်ရှိတဲ့ လူတွေကမှ
shwunmi: နိုင်ငံတကာအသိအမြင်ရှိတဲ့လူက နိုင်ငံတကာအသိအမြင် မရှိတဲ့လူတွေ ပေးလာမယ့်တာဝန်ကို ယူစရာလား
Bro-s: တိုင်းပြည်ကြီးတော့ သွားပြီ
shwunmi: တာဝန်ပဲ ပေးပါစေဦး
Bro-s: ဟာ
shwunmi: သည်တော့ကာ .. စိတ်ကုန်တယ်
Bro-s: ကုန်သေးဘူး
shwunmi: သစ်ပင်ကုန်ရင် လူပါခုတ်ရောင်းကြပါဦး လို့ပဲ အကြံပေးချင်တော့တယ်
Bro-s: အယ် ဒါကြောင့်ပြောတာ
shwunmi: ဇာတ်ထဲက ဝန်ကြီးချုပ်တောင် ဆင်ဆာမလွတ်ရင် ထမင်းငတ်မယ့်ခေတ်ကြီးမှာ
Bro-s: အမ်မယ်
shwunmi: ထိမှာမဟုတ်ဘူး.. ပစ်မှတ်ရှာမတွေ့လို့ :D
Bro-s: အတော်ရှာရမှာ
shwunmi: စင်ပေါ်မတ်တပ်ရပ်နေတာတောင် မိုက်နဲ့ကွယ်ပြီး ပျောက်နေမှာ
Bro-s: ဒါကြောင့်ပြောတာပေါ့
shwunmi: ဟိ
Bro-s: ၀န်ကြီးချုပ်လုပ်ဖို့
shwunmi: ဟမ်.. ဘယ်သူတွေဘာဖြစ်ကုန်ပီလဲ?
Bro-s: ဂျာ
shwunmi: ဝေသန္တရာ သတိရသလိုလိုပဲ =)
Bro-s: သွေးချောင်းစီးစေရမယ်
shwunmi: ကြောက်ရတယ် =)
----------------------------------------------- ဤတွင် တစ်ခန်းလုံး ရပ်လေ၏။