Friday, December 17, 2010

မေတ္တာပျက် ရည်းစားစာ

အမြင်ကပ်တဲ့လူကိုပေးတဲ့ ရည်းစားစာပဲ ဖြစ်ရမယ်.. အရှည်ကြီးပဲ.. ဖတ်ရတာ စိတ်နောက်လိုက်တာ ဆရာသာဓုရယ်..

မောင်ချစ်တာမေပါ မေ... သာဓု

စာထဲကနေ ဂလောက်အီနေကြောင်နေရင် ကောင်မလေးက စာပြန်ရေးထားတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားတောင် မသိဘူး..
တကယ်ဆို ကောင်မလေးက စာတောင်ပြန်ရေးထားပြီ ဆိုရင် မေခ၊ မလိခ ဟိုးအစ ဟိမဝန္တာကနေ ပြန်ဖွဲ့နေဖို့ လိုပါ့ဦးမလားလေ..။

ကောင်မလေးက စာပြန်ထားတယ်လို့ ထပ်ရေးရသယောင် စာထဲမှာရေး..
စာအရှည်ကြီးနဲ့ ဒုက္ခပေး.. အရေးကြီးတဲ့အချက်တွေဘာတွေနဲ့ စာတောင်ပြန်ခိုင်းလိုက်သေးတယ်..
ရှေ့စာတုန်းက ရေးထားတာ ဘယ်သို့ဘာညာနဲ့ ချည်နေပုံက တရားရုံးကရှေ့နေကြီး ကျနေတာပဲ..
မူးသွားလို့ ဘာတွေမှန်း သေချာမမှတ်မိတော့ဘူး..
စိတ်မရှုပ်ရှုပ်အောင် ရိလိုက်ပုံထောက်ရင် ကောင်မလေးဆီ အကြွေးတင်နေလို့ပဲ ဖြစ်လိမ့်မယ်။


No comments: