ကိုအေးမြင့် :D
calm = အေးချမ်းသော
hill = ကုန်းပြင်မြင့်
anti social ဖြစ်တာတော့ 70% လောက် တူပါတယ်။ တခါတလေ လူတွေ ဘာကြောင့် သူများဂရုစိုက်တာ လေးစားတာကို သိပ်လိုချင်နေမှန်း နားမလည်နိုင်ဘူး။ သူတို့စိတ္တဇတွေထဲ ကိုယ့်ကိုပါ ဆွဲထည့်တာတော့ မကြိုက်ပါဘူး။ hill = ကုန်းပြင်မြင့်
လူအများထဲက တစ်ယောက်မို့ လူအများအားလုံးနဲ့ အမြဲတမ်းအဆင်ပြေအောင် မနေနိုင်တာ သဘာဝကျပါတယ် လို့ပဲ ဖြေတွေးပါတယ်။
တခါတလေမှာတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် like နှိပ်မိပါတယ်။
လူရောလက်ရော အားနေလို့.. ပျင်းရင် သူများတွေရေးတဲ့ ကော်မန့်တွေ မေးထဲဝင်လာတာကို ဖတ်ပြီးရီချင်လို့ပါ။
(ခုလိုရေးလိုက်ရင်ရော လူ့ခွစာလို့ ပြောနေကြဦးမလား မသိပါဘူး..)
:-)
PS: တခါတလေ ကော်မန့်တွေ ကိုယ်မသိတဲ့သူဆီ သွားသွားရေးရတာ အားနာတယ်။ ကိုယ်ပြောတာနဲ့ သူနားလည်သွားတာ လွဲနေရင်လည်း ပြဿနာရှိတယ်.. ဖြေရှင်းရ၊ တောင်းပန်ရ၊ စိတ်ကသိကအောက်ဖြစ်ရ၊ စတာတွေနဲ့ သံသရာလည်နေမှာ သိပ်စိုးရိမ်ပါတယ်။
ဆိုတော့.. ကိုယ့်မှတ်စုထဲ ကိုယ်ရေးဖြစ်တာပဲ ကောင်းမယ်ထင်ပါတယ်။
1 comment:
ကနေ့မှ Blog Stat တွေပြန်စစ်လို့ တစ်ဆင့်လာတဲ့ ဘလော့လိပ်စာ အသစ်တွေ့လို့ လာလည်ပါတယ်ခင်ဗျ။ ဒီရောက်မှ ကျွန်တော်လည်း ကိုအေးမြင့် ဖြစ်သွားတာတွေ့ရပါတယ်။ :D ကော့်မင့်ကတော့ မသိလည်းရေးလို့ရပါတယ် အားမနာပါနဲ့ ကျွန်တော့်ဘလော့မှာ ရေးချင်ရာသာ ရေးခဲ့ပါ ဘာမှပြဿနာမရှိသလို ဖြေရှင်းရတောင်းပန်ရ မဖြစ်နိုင်ပါဘူး
Post a Comment