Tuesday, March 31, 2009

ရှက်တတ်ခြင်း

ရှက်တတ်တယ် ဆိုတာ ကိုယ့်ဘာသာ အထင်ကြီး မျှော်လင့်တာတွေ သိပ်များနေလို့ ဖြစ်တတ်တယ်။
- - -
(စိုင်းခမ်းထွန်း)

ယောဆရာတော် စကားတခု လက်ဆောင်ပေးချင်သေးတယ်

တိပိဋက ယောဆရာတော် ဆိုတာ အရမ်းအလုပ်များတာ
ရန်ကုန်မှာလေ
ဆရာတော်က တကယ့်ကို ရဟန်းအလုပ် တ၇ားအလုပ်ကို လုပ်တယ်
ဒကာတွေ ဒကာမတွေက လျှောက်တယ်လေ
ဆရာတော်က အလုပ်ရှုပ်နေမှာပေါ့ ဆိုရင်
အလုပ်များပေမယ့် မရှုပ်အောင်ဘဲ လုပ်ပါတယ်တဲ့
- - -
(တစ်ဆင့်စကား : ဦးတိက္ခဥာဏ)

LIVE the LIFE

LIFE, you must have some value to LIVE.

Thursday, March 26, 2009

တစ်ခုသော ယုံကြည့်မှု

ကွာရှင်းတယ်ဆိုတဲ့ ကိစ္စဟာ စက်ဆုပ်ဖွယ် လို့ ထင်နေတဲ့ခေတ်မှာ မလွှဲသာလို့ ကွဲကွာရတဲ့ မိဘရဲ့  ကလေးတွေဟာ စိတ်ဓာတ်အများကြီး ပျက်စီးနိုင်တယ်။ မကွဲကွာဝံ့လို့ ဟန်ဆောင်နေတဲ့၊ ရန်ဖြစ်နေတဲ့၊ ဖောက်ပြားနေတဲ့၊ ဖိနှိပ်နေတဲ့၊ ငုံ့ခံနေတဲ့ အိမ်ထောင်များမှာလည်း ကလေးတွေဟာ ပိုပြီး ပျက်စီးနိုင်သေးတယ်။ မသင့်တင့်တော့ဘဲ၊ မချစ်တော့ဘဲ အတူဆက်နေကြတဲ့ မိဘတွေကို ဘယ်သားသမီးက ကြည်ညိုနိုင်မှာလဲ။ လူလိမ်လူညာတွေကို ဘယ်သူက ကြည်ညိုနိုင်မှာလဲ။ လူလိမ်လူညာတွေကို ကြည်ညိုတယ် ဆိုရင်လည်း သည်ကလေးတွေဟာ လူလိမ်လူညာတွေအဖြစ် ရောက်ခဲ့ပြီ။ ၀မ်းနည်းစရာ ကောင်းအောင် ရောက်ခဲ့ပြီ။
(ကြည်အေး၊ အပြင်ကလူ)

မြေပေါ်ကလူ

ကမ္ဘာမြေပေါ်က ပစ္စည်းပစ္စယ အားလုံးဟာ လူအားလုံးအတွက်ပဲ မဟုတ်လား။ ကမ္ဘာ့  ပစ္စည်းတွေက ကျန်ရစ်ဦးအုံးမှာပါ။ လူတွေက သေသွားကြမှာပါ။ မွေးလာတဲ့ လူတွေက ပိုင်ကြအုံးမှာပါ။
(ကြည်အေး၊ အပြင်ကလူ)

တစ်ခုသော ယုံကြည့်မှု

"အနုပညာရဲ့  လုပ်ငန်းနဲ့ ပတ်သက်လို့ တော်စတွိုင်း ပြောတာ ပြန်ပြောပြချင်တယ်။ ပထမ လူတစ်ဦးဟာ စိတ်ဝေဒနာတစ်ခု ခံစားရတယ်။ သည့်နောက် ကိုယ်လက်လှုပ်ရှားမှုသော်လည်းကောင်း၊ မျဉ်းကြောင်းတွေနှင့်သော်လည်းကောင်း၊ အရောင်တွေနှင့်သော်လည်းကောင်း၊ အသံတွေနှင့်သော်လည်းကောင်း စကားလုံးအတွဲ ဟန်ပန်နှင့်သော်လည်းကောင်း၊ သူ့ရဲ့  ခံစားမှုဝေဒနာကို တဖန်ပြန်ပြီး ဖော်ပြလိုက်တယ်။ သူလို အခြားသူဟာလည်း ခံစားမှု ဝေဒနာကို တွေ့အောင် ဖော်ပြလိုက်တာပါပဲ။ ဒါဟာ အနုပညာရဲ့  လုပ်ငန်းပဲ။ အဲသလို တော်စတွိုင်းက ဆိုတယ်။"
(ဒဂုန်တာရာ၊ အိပ်မက်သာ ဖြစ်ပါစေတော့ရှင်)

Monday, March 23, 2009

Accidentally

အချစ်ဆိုသောအရာ၏ ကပျာကယာနိုင်သော ၀ိဥာဉ်သည် ရှင်သန်မှုစမ်းချောင်းလေးကို ဗွမ်းခနဲ နင်းပြေးသွားသည်။

ရှင်ခန်း သေခန်း

ရှင်တုန်းမှာ ပါးရိုက်ချင်ဖူးပေမယ့် အရေးမကြီးဘူး။
သေရင် ချီးမွမ်းပြတတ်ဖို့ လိုတယ်။

Saturday, March 14, 2009

သက်သေ

အလုပ်မရှိဘဲ ဒီတိုင်း ထိုင်နေမိရင် အသက်မဲ့နေသလို ခံစားမိတယ်ကွာ။ ဒီတော့ အလုပ်လုပ်နေခြင်းကိုက ငါအသက်ရှင်နေသေးကြောင်း သက်သေပြသလို ဖြစ်နေတာပေါ့ကွာ..
(မင်းသိင်္ခ)

Wednesday, March 4, 2009

"High expectation" is the best weapon to cut a soul.

Monday, March 2, 2009

x but x

Learn to speak a good topic without "but"s.
Because "everything after the 'but' is bull$h!t."
(nanda aung)

Sunday, March 1, 2009

ကြိုးစား

ဘာမှကြိုးစားမနေဘဲ စိတ်ရောလူရောနားနေရတာ အသက်သာဆုံးပဲ။
ဒီအတွေးမှန်တယ် ထင်ရပေမယ့် ဒီလိုတွေးတဲ့သူတွေ များလာရင် လူ့အသိုင်းအ၀ိုင်းအတွက်တော့ သက်သာမယ်မထင်။
ဒါကြောင့် ကိုယ်ကြိုးစားစရာ ရှိတာကို ကြိုးစားမယ့်သူတွေ ရှိနေရတယ်။ ကြိုးစားလိုက်ပါဦး။

BEST

Being bad is not good, being good is not bad, but being normal is the best, after all.
(KMH)