Friday, November 26, 2010

I am soooo smart

သူများဟင်းချက်နည်းတွေ ဖတ်မိရင် အားငယ်လိုက်တာ..
သူတို့ရေးတဲ့ထဲမှာ ဆီပြန်ဟင်းဆို စိတ်အညစ်ဆုံးပဲ.. “ဆီပြန်လာရင်ရပြီ” ဆိုတာကို ဘာပြောမှန်း မသိလို့။

ထမင်းဟင်းသာ စိတ်ကူးပေါက်သလို ချက်လာတာ။ ခုထိ ဆီပြန်တယ် ဆိုတာ ဘာမှန်း မသိသေးဘူး။ စားလို့ရလောက်ပြီထင်ရင် မီးပိတ်လိုက်တာပါပဲ..
(-_-!!) အမြင်မတော်ရင် ဆုံးမကြပါ။

အမြင့်ကြီးတွေ မစဉ်းစားပါဘူးလေ။ ဒီအစ်မရေးတဲ့ ဟင်းချက်နည်းလေးတွေ မခက်ဘူး... (http://apyonepan.blogspot.com/search/label/%E1%80%85%E1%80%AC%E1%80%B8%E1%80%85%E1%80%9B%E1%80%AC)
အလွယ်ဆုံးနဲ့ သူ့အလိုလို ကျက်သွားမယ့်ဟင်းတွေ ... That's magic!!

Tuesday, November 23, 2010

ego geo

"Due to scientific limitations and more than a touch of narcissism, we believed everything in the universe literally revolved around us. It was a theory called geocentrism, which was originally ego-centrism, but they spelled it wrong."
- Jon Stewart

Tuesday, November 16, 2010

သွေးသစ်လောင်းသလိုပဲ .. အားမာန်တွေ ပေးစွမ်းနိုင်တယ် ..
လေးစားမှု မြတ်နိုးမှုများနဲ့ မနက်ဖြန်ကို မျှော်လင့်မယ်..
အနည်းဆုံးတော့ သမိုင်းတစ်ခုကို လိပ်ပြာသန့်သန့် ကဗျည်းတင်နိုင်ခဲ့မှာပါ ..

-လင်းပြာနွေ-

Monday, November 15, 2010

Lonely

Monday, November 8, 2010

innovillage

Saturday, November 6, 2010

ကောင်းကင်ကြီး ပိုမြင့်သွားသလား ငါက ပုသွားလား...

သူများထက် ခေါင်းတစ်လုံးသာတဲ့ဘဝကို သိပ်လိုချင်ခဲ့ဖူးတယ်။
တကယ်တော့ ပိုမြင့်တဲ့ဘဝ ဆိုတာ သူများထက်ခေါင်းပိုငုံ့နိုင်မှ အနာသက်သာမယ့် ဘဝပါပဲ။

မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ နှစ်မျိုးလုံး ကြုံဖူးလာလို့ပါ။

ခြေဖျားထောက်ရတယ် ဆိုတာ ခေါင်းမငုံ့မိလို့ တိုက်မိတုန်းက နာသလောက် မနာဘူး။

မေးခွန်းလေး စိတ်ထဲပေါ်လာတယ်..
ကောင်းကင်ကြီး ပိုမြင့်သွားသလား ငါက ပုသွားလား...

လူတစ်ယောက်ရဲ့ဘဝဆိုတာ ဖန်မျှင်နဲ့လုပ်ထားတဲ့ ငှက်မွေးလေးလို နုနယ်ကျွတ်ဆတ်တယ်။ အသည်းယားစရာကောင်းလောက်အောင်ပါပဲ။ ဖန်ငှက်မွေးလေး လေထဲလွင့်နေတယ်။

R&J

တကယ်တမ်းမှာ ရိုမီယိုဂျူးလိယက် က အချစ်ဇာတ်လမ်းတစ်ခုထက် အများကြီးပိုတယ်လို့ ခံစားမိပါတယ်။

Romeo သာ အဆိပ်သောက်မသေခဲ့ရင် အိပ်ဆေးပြယ်လို့ နိုးလာတဲ့ Juliet က ကျေနပ်ချင်မှ ကျေနပ်မှာ။

wrt: ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူးလိယက်

Tuesday, November 2, 2010

Abba - Hasta Mañana (1974)

ကိုယ်မမွေးခင်က သီချင်းဟောင်းတွေကို ရှေးဟောင်းပစ္စည်းတွေလို လျှောက်တူးဆွရှာဖွေရတာ ဝါသနာပါတယ်။ သီချင်းသစ်တွေ နားထဲထပ်နေလို့ ..
Hasta Mañana  - မနက်ဖန်အထိ .. တဲ့ .. မျှော်လင့်ချက်တွေရဲ့ စကားစုတစ်ခု။


Thanks to uploader LaxandreeeH

I like these, too. 

Abba - Nina Pretty Ballerina (1976) 

Abba - That's Me

Abba - Bang-A-Boomerang

ABBA - The Piper


ABBA - WATERLOO (1978)