Friday, May 29, 2009

EveryBody

Everybody likes to be appreciated in some way . . . huh ... me, too!

Thursday, May 28, 2009

အမြင်ကျယ်တာ ကောင်းပါတယ်..
ပုံကြီးချဲ့  ကြည့်လိုက်တော့ တချို့ အရာတွေ သေးသွားတဲ့အခါ
မြင်ကွင်းပြည့် မြင်နေရတာထက် ပိုစိတ်ချမ်းသာတယ် . . .



(နောက်ပြောင်မိရာက အတည်လိုလို ဖြစ်သွားသည်။)

Wednesday, May 27, 2009

PhotoGraPhY

စိတ်ရှည်ရတယ်.. တစ်ချိန်တည်းမှာပဲ ပြတ်သားရတယ်.. ပြီးတော့ အနစ်နာခံနိုင်ရတယ်.. အလျှော့ပေးရတိုင်း လက်လွှတ်ရတိုင်း စိတ်မပျက်ရဘူး.. မျှော်လင့်ချက်နဲ့ ရင်ခုန်တတ်ရမယ်..

Tuesday, May 26, 2009

မွေးနေ့ ဆုတောင်း

မွေးနေ့မှာ ကိုယ့်ရှင်သန်မှုအတွက်ကိုယ် ဂုဏ်ယူဝမ်းမြောက်နိုင်ပါစေ။
ဝမ်းမြောက်ရာကို ကောင်းမှုပြုခြင်းဖြင့် သတ္တ၀ါအများကို မျှဝေခံစားပါစေ။

(ယောဆရာတော် ဦးတိက္ခဉာဏာလင်္ကာရ မွေးနေ့ ၂၅-၀၅-၁၉၇၈)

ကြုံလာမယ် မွေးနေ့တိုင်းအတွက် ကြိုဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။


(ဆုတောင်းပေးသူ : ရွှန်းမီ)

Monday, May 25, 2009

စိန်သွားစူးဆောက်များ

တောင်ကိုမဖောက် တောင်းကိုဖောက်သည် စူးဆောက်ပမာ ရဌသာ

တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင် သီလ၀င်

(အင်းဝခေတ် မြန်မာစာပေကဏ္ဍမှာ အရေးပါခဲ့တဲ့ ဆရာတော်နှစ်ပါး ဖြစ်ပါတယ်။)

တရား

ရုပ်နာမ်ဓမ္မ သင်္ခါရတည့်၊ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူ့တနည်းဖြင့် ဖောက်လွှဲတတ်စွာဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .

ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ သေပိန့်ငှာဟု သတ္တ၀ါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင် တစ်စက်ကယ်မျှ မရှိကြဘူး။

-အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ-
ဘုရားစကား လိုက်နာပွားကာ တရားလက်မလွတ်စေနှင့် . . .

(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရဘိဝံသ ဟောခဲ့တာ ထင်ပါတယ်။ ကလေးဘ၀က အိမ်နံရံမှာ ကပ်ထားတာမြင်ပြီး မကြာခဏ ဖတ်ခဲ့မိလို့ မှတ်မိနေပါတယ်။)

Sunday, May 24, 2009

r a c e

"A bend in a race is not the end of the race."
from: East Coast Park, Singapore

Friday, May 22, 2009

True Hero

A True Hero is not measured by his strength but by the strength of his heart.
Zeus, from Hercules, Walt Disney

Hero concept

Being Famous is not the same as Being a True Hero.
There is something you have to discover for yourself.
Look Inside Your Heart.
Zeus, from Hercules, Walt Disney

Tuesday, May 12, 2009

words garden

If you have so much time to sit around destroying other people's gardens, try growing your own damn flowers.
Yasu, from Nana Episodes

Monday, May 11, 2009

ဟင်းကောင်း

ဟင်းအနံ့ မွှေးတိုင်းလည်း စားကောင်းလိမ့်မည်ဟု မမှတ်ရာ၊
အရသာကောင်း မရှိတိုင်း မစားဘဲလည်း မနေရာ။