Monday, May 25, 2009

တရား

ရုပ်နာမ်ဓမ္မ သင်္ခါရတည့်၊ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူ့တနည်းဖြင့် ဖောက်လွှဲတတ်စွာဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ . .

ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ သေပိန့်ငှာဟု သတ္တ၀ါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင် တစ်စက်ကယ်မျှ မရှိကြဘူး။

-အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ-
ဘုရားစကား လိုက်နာပွားကာ တရားလက်မလွတ်စေနှင့် . . .

(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရဘိဝံသ ဟောခဲ့တာ ထင်ပါတယ်။ ကလေးဘ၀က အိမ်နံရံမှာ ကပ်ထားတာမြင်ပြီး မကြာခဏ ဖတ်ခဲ့မိလို့ မှတ်မိနေပါတယ်။)

No comments: