Thursday, June 3, 2010

ဘာမှပြင်ဆင်မထားဘူး ဘာမှ မျှော်လင့်မထားဘူး

ဘာမှမပြင်ဆင်ခဲ့ပါဘူး

ပြင်ဆင်ခွင့် မရခင်
လောကထဲကို ရောက်လာတယ်

ပြင်ဆင်လို့ မပြီးခင်
လောကထဲက ထွက်သွားမယ်
 
ဘာရယ်လို့ ကြိုတင်မသိခဲ့
မပြင်ဆင်နိုင်ခင် ကြုံရမယ့်ရက်တွေ

ပြင်ဆင်ခဲ့သလို မဟုတ်ဘဲ
လွဲချင်လည်း လွဲမယ့် နေ့ရက်တွေ

မပြင်ဆင်ဘဲ ကြုံလာတိုင်း
မပြင်ဆင်လည်း ရင်ဆိုင်တတ်ဖို့

ပြင်ဆင်ဖို့ လိုအပ်တာက
ပြင်ဆင်မထားလည်း ရင်ဆိုင်ရဲဖို့

ပြင်ဆင်စရာတွေ လိုအပ်နေဆဲမို့
ဘာမှပြင်ဆင်မထားဘူး

.... ....

ဘာမှမမျှော်လင့်ခဲ့ပါဘူး

မျှော်လင့်ခွင့် မရခင်
လောကထဲကို ရောက်လာတယ်

မျှော်လင့်လို့ မပြီးခင်
လောကထဲက ထွက်သွားမယ်

ဘာရယ်လို့ ကြိုတင်မသိခဲ့
မမျှော်လင့်နိုင်ခင် ကြုံရမယ့်ရက်တွေ

မျှော်လင့်ခဲ့သလို မဟုတ်ဘဲ
လွဲချင်လည်း လွဲမယ့် နေ့ရက်တွေ

မမျှော်လင့်ဘဲ ကြုံလာတိုင်း
မမျှော်လင့်လည်း ရင်ဆိုင်တတ်ဖို့

မျှော်လင့်ဖို့ လိုအပ်တာက
မျှော်လင့်မထားလည်း ရင်ဆိုင်ရဲဖို့

မျှော်လင့်စရာတွေ လိုအပ်နေဆဲမို့
ဘာမှမျှော်လင့်မထားဘူး

.... .... ။

No comments: