Wednesday, March 23, 2011

Forgiving philosophy

သည်းခံခြင်းလို့ ဆိုလာတဲ့အခါ.. ကိုယ့်ပါးတစ်ဖက်ကို ရိုက်သွားရင် နောက်တစ်ဖက်ပါ ရိုက်နိုင်အောင် ထပ်လှည့်ပေးဖို့ ပြောတယ်.. အရှက်မရှိ ရက်စက်တဲ့သူမှ နောင်တမရတမ်း ဆက်ရိုက်နိုင်မှာပဲ။ နာကျင်စေခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

Tuesday, March 22, 2011

ငွေရောင်ပိတ်ကား

အချို့အဖြစ်အပျက်တွေကို တြိယာဝိသေသန.. နာမဝိသေသနတွေနဲ့ အရောင်ဆိုးလိုက်တဲ့အခါ ဟာသ ဖြစ်သွားတယ်။
ဖြူစင်ခြင်းဟာ လှောင်ပြောင်ခံစရာ မဟုတ်ဘူး။

Sunday, March 20, 2011

လက်သည်းများနဲ့ နံရံပေါ်မှာ ကုတ်ခြစ်ရင်း

နှလုံးသားပေါ်မှာ
အစင်းရာအကြောင်းတွေ ပေါ်အောင်
ကုန်ခြစ်ဖဲ့ပစ်လိုက်ကြ..
နာကျင်တဲ့ နှလုံးသားက
ခါးသက်တဲ့ သွေးကိုပဲ ထုတ်ပေး
ဆေးကုလို့ အသက်မီပါစေ.. 
...
နိုင်ငံနဲ့ချီပြီးပြောလို့ ကြီးကျယ်တယ်တော့ မဟုတ်ပါဘူး.. ဘာအကျိုးရှိလို့ တချို့လူများက ဗော်လံတီယာတွေကို ချိုးနှိမ်ချင်ရတာပါလဲ။ ဒါဟာ နိုင်ငံတစ်ခုရဲ့ အသက်ပါ။
စိတ်ကောင်းထားတဲ့လူ မရှိရင် ဘယ်နားက တိုးတက်ပါ့မလဲ။
စိတ်ကောင်းထားနိုင်သူတွေကို စိတ်မကောင်းဖြစ်အောင် လုပ်တတ်သူတွေကို သိပ်အံ့သြမိတယ်။

စိတ်ဓာတ်ကောင်းဆိုတာ အတော်ကိုအားယူပြီး မွေးထုတ်ရတာပါ။ ကိုယ့်လူမျိုးချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ။ ကိုယ့်ပတ်ဝန်းကျင်အတွက် ဘာတွေကူညီပေးမလဲ။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်
မိမိဝန်းကျင်ကို ကောင်းအောင် ကြိုးစားမည်
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်..

အားလုံးဟာ သံပြိုင်ညီညာ အော်ဆိုဟစ်ရင်း ပထမလိုင်းမှာတင် တစ်သွားကြရော မဟုတ်လား။

Friday, March 18, 2011

Lovely

Monday, March 14, 2011

Ginseng

အမှန်တရားဆိုတာ ဂျင်စင်းဆေးမြစ် ဝါးရသလိုပဲ.. ခါးသက်သက်နဲ့ ချိုတယ်။ ကလေးတွေတော့ ဘယ်ကြိုက်ပါ့မလဲ။
ပြီးတော့ သူ့မှာ အတိုင်းအဆက ရှိသေးတယ်။ အချိန်မဟုတ် မစားရ။ ပိုမစားရ။ နည်းသွားရင်လည်း အရာမရောက်ပြန်ဘူး။ 

Tuesday, March 8, 2011

gone guppy

Swimming in the water flow—If your fish are hanging out near your filter and swimming against the flow, they don't feel well. Check for other symptoms.


Stringy Poop—A good sign that there is an internal parasite present is stringy, whitish poop. Normal waste should be solid looking, opaque, and a color that reflects what the fish is being fed (mostly shades of brown and green).

White Fuzzy Patches—Fungal infections are usually easy to recognize by their white, cottony appearance. They are commonly secondary infections of open wounds and can be found anywhere on the body of the fish. Eggs may also develop fungal infections. Treat with anti-fungal medication. Preventative medication is often used when eggs are present. Columnaris is a bacterial infection that is usually found on the mouth of the fish, often called cotton mouth. It may respond to antibiotic treatments.

"You have your way. I have my way. As for the right way, the correct way, and the only way, it does not exist." - Friedrich Nietzsche

Don`t help others because others have helped you,help others because its the right thing to do!!!
madmike140$gmail.com

http://www.guppies.com/forums/showthread.php?6878-Info-On-Common-Diseases


Thursday, March 3, 2011

Endler guppy family


This is my first fish tank.
for the trial kit- tank, pump, pipe, nozzle are bought and Hopefully, they'll survive for this one night.

Bio Filter & Floor.
I don't have them right now.

Since they're cold blooded animals, they should be able to adapt my forgetful behavior without complains. They might get the floor and a tiny filter tomorrow.

the fish name- Endler or Double Swordtail Guppy.
I like the way they look 'cos their tails look like tuning forks. Disappointingly, the female fish looks less attractive than the males.

Tuesday, March 1, 2011

5 Stars

ကလေးတွေဟာ သိပ်ရိုးသားကြတယ်။ သူတို့ရဲ့ ရိုးသားဖြောင့်မတ်မှုကို ကာကွယ်ထိန်းသိမ်းပေးနိုင်တဲ့သူ ဖြစ်ပါစေ။

ကလေးတွေ အမှားလုပ်တတ်တယ်။ လူကြီးတွေ ပွစိပွစိ ပြောကြတယ်။ ကလေးဆိုတာ အမှားကို ခဏခဏ သတိပေးနေရင် ခဏခဏပြန်လုပ်မိတတ်ကြတယ်။

ကလေးတွေ စကားမှားတတ်တယ်။ လူကြီးတွေ မျက်နှာပူရတယ်။ ကလေးတွေ စကားမှားပြောမှာ မကြောက်စေဖို့ လူကြီးက ကလေးရှေ့မှာ စကားကောင်းတွေ ပိုပြောရမယ်။

ကလေးတွေ စိတ်အားငယ်တတ်တယ်။ လူကြီးတွေ စိတ်ထားပြည့်တဲ့သူ စိတ်အားဖြည့်ပေးနိုင်သူ ဖြစ်ပါစေ။

ခြေထောက်တွေဆိုတာ ခိုင်မာစွာ ရပ်တည်ဖို့၊ ခရီးရောက်အောင် လှမ်းသွားဖို့သာ ဖြစ်ပြီး မဆိုင်တာတွေကို လိုက်နင်းဖို့ မဟုတ်ကြောင်း ကလေးများကြီးလာတဲ့အခါ နားလည်နိုင်ပါစေ။