Tuesday, March 1, 2011

5 Stars

ကလေးတွေဟာ သိပ်ရိုးသားကြတယ်။ သူတို့ရဲ့ ရိုးသားဖြောင့်မတ်မှုကို ကာကွယ်ထိန်းသိမ်းပေးနိုင်တဲ့သူ ဖြစ်ပါစေ။

ကလေးတွေ အမှားလုပ်တတ်တယ်။ လူကြီးတွေ ပွစိပွစိ ပြောကြတယ်။ ကလေးဆိုတာ အမှားကို ခဏခဏ သတိပေးနေရင် ခဏခဏပြန်လုပ်မိတတ်ကြတယ်။

ကလေးတွေ စကားမှားတတ်တယ်။ လူကြီးတွေ မျက်နှာပူရတယ်။ ကလေးတွေ စကားမှားပြောမှာ မကြောက်စေဖို့ လူကြီးက ကလေးရှေ့မှာ စကားကောင်းတွေ ပိုပြောရမယ်။

ကလေးတွေ စိတ်အားငယ်တတ်တယ်။ လူကြီးတွေ စိတ်ထားပြည့်တဲ့သူ စိတ်အားဖြည့်ပေးနိုင်သူ ဖြစ်ပါစေ။

ခြေထောက်တွေဆိုတာ ခိုင်မာစွာ ရပ်တည်ဖို့၊ ခရီးရောက်အောင် လှမ်းသွားဖို့သာ ဖြစ်ပြီး မဆိုင်တာတွေကို လိုက်နင်းဖို့ မဟုတ်ကြောင်း ကလေးများကြီးလာတဲ့အခါ နားလည်နိုင်ပါစေ။




No comments: