Sunday, March 20, 2011

လက်သည်းများနဲ့ နံရံပေါ်မှာ ကုတ်ခြစ်ရင်း

နှလုံးသားပေါ်မှာ
အစင်းရာအကြောင်းတွေ ပေါ်အောင်
ကုန်ခြစ်ဖဲ့ပစ်လိုက်ကြ..
နာကျင်တဲ့ နှလုံးသားက
ခါးသက်တဲ့ သွေးကိုပဲ ထုတ်ပေး
ဆေးကုလို့ အသက်မီပါစေ.. 
...
နိုင်ငံနဲ့ချီပြီးပြောလို့ ကြီးကျယ်တယ်တော့ မဟုတ်ပါဘူး.. ဘာအကျိုးရှိလို့ တချို့လူများက ဗော်လံတီယာတွေကို ချိုးနှိမ်ချင်ရတာပါလဲ။ ဒါဟာ နိုင်ငံတစ်ခုရဲ့ အသက်ပါ။
စိတ်ကောင်းထားတဲ့လူ မရှိရင် ဘယ်နားက တိုးတက်ပါ့မလဲ။
စိတ်ကောင်းထားနိုင်သူတွေကို စိတ်မကောင်းဖြစ်အောင် လုပ်တတ်သူတွေကို သိပ်အံ့သြမိတယ်။

စိတ်ဓာတ်ကောင်းဆိုတာ အတော်ကိုအားယူပြီး မွေးထုတ်ရတာပါ။ ကိုယ့်လူမျိုးချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ။ ကိုယ့်ပတ်ဝန်းကျင်အတွက် ဘာတွေကူညီပေးမလဲ။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်
မိမိဝန်းကျင်ကို ကောင်းအောင် ကြိုးစားမည်
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်..

အားလုံးဟာ သံပြိုင်ညီညာ အော်ဆိုဟစ်ရင်း ပထမလိုင်းမှာတင် တစ်သွားကြရော မဟုတ်လား။

No comments: