Monday, October 4, 2010

Student News

ရှားပါးကျောင်းသား ထိန်းသိမ်းကာကွယ်

by ဆေးလောက on Sunday, October 3, 2010 at 9:05pm

ယခုအခါ စာဂျပိုးခေါ်ရမည့်ကျောင်းသားအရေအတွက် မှာစိုးရိမ်ဖွယ်ရာလျော့နည်းနေကြောင်း ဘောလုံးပွဲရုံများ ၊ ဖဲဝိုင်းများ ၊ စည်ဘီယာဆိုင်များ၏ အကျိုးသက်ရောက်မှုကြောင့်လည်းကောင်း ၊ ဖန်လုံအိမ်ဓါတ်ငွေ့အာနိသင်ဖြင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့်လည်းကောင်း ( ဘာမှမဆိုင်ပါ ၊ သို့သော်ပြဿနာ ကြီးထွားလာအောင်ဖွခြင်းဖြစ်သည် ) ရှားပါးစာရင်းဝင်သွားပြီးဖြစ်ကြောင်း ၊ နောက်ပိုင်းဆိုလျှင် ဘေးမဲ့အဆောင်များ သတ်မှတ်၍ စနစ်တကျထိန်းသိမ်း စောင့်ရှာက်သွားမည်ဖြစ်ကြောင်း မဆီမဆိုင် စိုးရိမ်တတ်သူတစ်ဦးက ရှင်းလင်းပြောကြားသွားသည် ။ SIL Virus ကူးစက်ခံရမှု စိုးရိမ်ဖွယ် SIL Virus ကူးစက်ခံရမှု အရေအတွက်သည် ယမန်နှစ်ကထက် တိုးလာသည်။ ယခုအခါ ဆေးကျောင်းသူ ၊ ဆေးကျောင်းသားများ၏ ၇၂ % မှာ SIL ( Sleeping In Lecture ) Virus ကူးစက်ခံနေရပြီးဖြစ်ကြောင်း ထပ်မံ၍လည်း တိုးပွားလာဦးမည်ဖြစ်ကြောင်း ၊ ရေရှည်တွင်ပညာရေးထိခိုက်နိုင်ကြောင်း ၊ ထိရောက်သည့် အကာအကွယ် ပစ္စည်းများ ( ဇီးထုပ် ၊ သံပုရာသီး ၊ ရှုဆေး ) တို့ကို ဖြန့်ဖြူးရမည်ဖြစ်ကြောင်း ၊ နှစ်သိမ့်ဆွေးနွေးဟာသပြောဆိုခြင်းကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၊ ကိုယ့်ဟာကိုယ် ခန့် ထားသော တာဝန်ရှိသူတစ်ဦးက ပြောကြားသွားပါသည်။

No comments: