Sunday, October 17, 2010

ကံစမ်းမဲပေါက်တဲ့နေ့

ဒီနေ့ ...

ခြေခင်းလက်ခင်းသာတယ်

သတင်းစာထဲမှာ...

မိုးလေဝသက

ဘယ်လို

လွန်းပျံယာဉ်အမီ

အိပ်တန်းပြန်တဲ့ငှက်

ပြာသိုအယောင်ဆောင်ထားတဲ့ တော်သလင်း

တူးဖော်လို့ ရတဲ့ ကျောက်ဖြစ်ရုပ်ကကြွင်းက

ကြယ်ငါးပွင့်ဟော်တယ်ရဲ့ မီနူးကတ်။

ပုံမှန်လက်ဖက်ရည်တစ်ခွက်ကို

ပုံမှန်သောက်နေကျဆိုင်မှာ...

(ပင်နယ်တီ ကန်တာက အစ

ဒညင်းသီးဆားရည်စိမ် အဆုံး)

အားလုံးဟာ ဖော်မြူလာနဲ့။

သစ္စာနီ

(ICON, Oct 2010)

No comments: