Wednesday, September 22, 2010

မိန်းမလျာကဗျာ ..

အမှန်တရားကို မျက်ရည်စို ပဝါပါးလေးနဲ့ ဖုံးထားလိုက်တဲ့အခါ
နာကျင်သူများရဲ့ အနာဖေးတွေ
အကြောက်တရားနဲ့အပြိုင် ထူထဲလာတယ်..
လိုလားခဲ့သော ဒီမိုကရေစီဟာ
လုံးပါး-ပါး အနားတွေဖွာ..
အကြင်နာစိတ် မပါတဲ့လူတွေ
ပြေပြစ်မှုထက် အမုန်းကို ပိုမက်နေကြလို့ပေါ့။

The Ballad of the Girlie Man by Charles BERNSTEIN



ဟိုဘက်က မပန်ဒိုရာရဲ့ ကဗျာအညွှန်းနဲ့ ဘာသာပြန်ကို မြင်ပြီးတော့ ပြန်မရေးဘဲ မနေနိုင်ဘူး။ ဘာမှပြန်မရတာတွေအတွက်ဆို စိတ်က သိပ်အပင်ပန်းခံချင်နေတယ်။ ကဗျာရေးတဲ့လူ သိပ်တော်ပါတယ်။
http://pandora-and-pandora.blogspot.com/2010/09/blog-post_20.html

ကဗျာက ပြင်းလွန်းလို့ ပထမတစ်ပိုဒ်နဲ့ပဲ နားပါဦးမယ်။
သူပြောနေတာက ဒီလိုဒီလိုအခြေအနေကို ကိုယ်ဘာမှလုပ်မပေးနိုင်တဲ့အခါ မိန်းမလျာလိုသာ ပဝါခြုံပြီး ကနေပါ တဲ့ ..။
ဘာသာစကားနဲ့ Lost in translation အကြောင်းတွေကို အငြင်းမပွားလိုဘူး။ English version ကိုပဲ နားလည်းချင်သလို နားလည်ပစ်လိုက်တယ်။

ပဒေသာပင်ကြီး ငရဲသားပိုင် ဖြစ်သွားချိန်ကစလို့ လူချမ်းသာတွေ ပိုချမ်းသာပြီး လူဆင်းရဲတွေ တွင်းထဲရောက်မြန်တယ်။ အဲ့ဒါကို လက်မခံတဲ့ ဘုရားသခင်ဆိုတာ စိတ်ကူးယဉ်ကြောင်မှုမျှသာ.... တဲ့။

ကဗျာဟာ စစ်ကို မနှိမ်နင်းနိုင်ပေမယ့် အမှားကို အားပေးမယ့် အဆိပ်တော့ မဖြစ်နိုင်ပါဘူး.... တဲ့။

မိန်းမလျာတွေ၊ ဂျူးတွေ၊ လူမဲတွေ ဘာသာရေးကို ပျက်စီးစေတယ် .. ဆိုပြီး အကောင်းစားမီဒီယာကနေ ဝါဒဖြန့်လည်းပဲ

သေပြီးတဲ့ ဘုရားသခင်ကို ပြန်ရှင်အောင် လုပ်ချင်သလား
လူတွေရင်ထဲက ရှင်သန်ဆဲ ဘုရားသခင်တွေ အီရတ်ရောက်စစ်သားတစ်ယောက်ကျတိုင်း လိုက်ကျဆုံးနေတာ သိသလား.... တဲ့
---

သူပြောတာတွေ ဘာမှ သေချာမသိဘူး..
ဒီတော့ မိန်းမလျာမဟုတ်တဲ့ မိန်းကလေးစစ်စစ်တစ်ယောက်ဟာ ဘာကိုမှ ကြောက်ရွံ့၊ စိုးရိမ်၊ စဉ်းစားဆင်ခြင်နေတာတွေ မလုပ်ဘဲနဲ့ အိပ်တာပဲ ကောင်းပါတယ်လေ။

သမ္မတကြီးတွေသာ မိန်းမလျာလို စစ်ကိုရွံရင် ကမ္ဘာကြီး ပိုငြိမ်းချမ်းမလား ???

No comments: