Thursday, September 16, 2010

ရောဂါ

မြန်မာပြည်ကလူတွေ သိပ်ကြောက်တဲ့ ရောဂါတစ်မျိုးကို ပညာရှင်တွေ သုတေသနလုပ်ဖို့ မေ့နေကြပါတယ်။ အဲ့ဒီရောဂါဟာ လူနဲ့စိတ်ကိုအားနည်းစေပြီး အခြားသောရောဂါတွေ ထပ်ဆင့်ဝင်လာမှာကို မေ့လျော့စေပါတယ်။ ရောဂါရဖို့ လွယ်သလောက် အမြန်နည်းနဲ့ပဲ လူတွေကုစားလေ့ရှိတဲ့၊ အမြစ်ပြတ်အောင် မကုနိုင်သေးတဲ့ ရောဂါဟာ ဗိုက်မဝမှာစိုးတဲ့ရောဂါ ဖြစ်ပါတယ်။

ဒီဆီကိုစားရင် နှလုံးရောဂါဖြစ်မယ်။ ဒါပါတာစားရင် ကျန်းမာရေးအတွက် ဆိုးတယ်။ ဒီလိုစားလိုက်ရင် ရောဂါပိုးဝင်မယ်.. ဆိုပေမယ့် .. အဲ့ဒါတွေမစားရင် ဗိုက်ဟောင်းလောင်းဖြစ်နေမယ် ဆိုတာမျိုးတွေ.. လူဘယ်နှယောက်က လောလောဆယ် ဗိုက်ပြည့်သွားပြီး ဒီနေ့အလုပ်လုပ်နိုင်ဖို့ ဆိုတာကို ပိုဦးစားပေးထားသလဲ ဆိုတာ စဉ်းစားသင့်တဲ့ အချက်ပါပဲ။

ဆရာဝန်ကို အသက်သခင် ကျေးဇူးရှင် ဆိုပြီး လေးစားရိုသေနေတဲ့ မြန်မာပြည်လို နေရာမျိုးမှာ ကျန်းမာရေးပညာပေးကျတော့ ဘာလို့ မထိရောက်ရသလဲ..
အားလို့ လျှောက်တွေးမိနေတာလည်း ရောဂါပဲ ထင်တယ်

No comments: