Friday, April 10, 2009

ရုန်းကန် ရှင်သန်ခြင်း

ရုန်းကန်နေကြတယ် ဆိုတာ ဘာအတွက်လဲ . .
သေသွားရင် ဘာမှ မဟုတ်တော့ဘူး ဆိုပေမယ့် မသေခင်မှာ တခုခုတော့ ဟုတ်နေသေးတယ်။
မသေခင်မှာ ဘာမှမဟုတ်တာကို လက်ခံထားပြီး အကုန် အလျှော့ပေးထားရရင် အသေကြီး သွားလာစားသောက်နေတာနဲ့ သိပ်မထူးပါဘူး။
အသက်ရှင်ခဲ့တာနဲ့ သေသွားတာ ခွဲခြားသိသာအောင် .. ရှင်သန်ချိန်မှာ ရှင်သန်ခဲ့တယ် ဆိုတဲ့  တန်ဖိုးတစ်ခုကို ပြသဖို့ အောင်မြင်မှုတွေကို အင်တိုက်အားတိုက် တူးဖော်ထုတ်လုပ်ကြရတယ်။

No comments: