Tuesday, April 14, 2009

ဆင်ရုပ်


တစ်ခြားလူရဲ့ ကြီးမားတဲ့ အရိပ်အောက်မှာ ရှင်သန်ခဲ့ရလို့
ရှေ့တိုးရမှာ ငါ မဝံ့မရဲ ဖြစ်ခဲ့တယ်။
ငါဟာ သေးငယ်တဲ့ ကစားစရာ ဆင်ရုပ်လေးပါလားလို့ သတိရမိမှ
သံပတ်ပေးရင် တေးသံနဲ့အတူ ငါတင်လေးလှုပ်မယ်၊ နားရွက်လေး ခတ်မယ်၊
ဝိုင်းကြီးပတ်ပတ် ကခုန်မယ်.. တူ.. တူ.. တူ.. တူ
ဒီလိုနဲ့ တစ်အိမ်လုံးကို ပျော်ရွှင်စေမယ်
ကြီးမားတဲ့ မာနတစ်ခု ငါရင်ထဲ ရုတ်တရက် တိုးဝင်လာခဲ့တယ်။

(ဘာသာပြန်- နိုင်းနိုင်းစနေ)
(original pic+story: Jummy)

1 comment:

ဗီလိန် said...

လင့်ခ်လေးတွေ အတိအကျချိတ်ပေးတာ လေးစားမိတယ်ဗျာ။