Saturday, January 8, 2011

ကြယ်စစ်မကြွေ

Real Stars never fall down from the sky.

ကြယ်အစစ်တွေ ကြွေတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ပေါက်ကွဲသွားလည်း တည်တည်ငြိမ်ငြိမ် နေကြတာပါပဲ။

တချို့ကဗျာဆရာတွေ ခုထိ ပြုတ်ကျတဲ့ ဥက္ကာပျံကို ကြယ်ကြွေဆိုပြီး သနားလို့ မဆုံးသေးဘူးပဲ။ သိပ်မျက်စိနောက်တယ်။

ကမ္ဘာကို ဝင်တိုက်တဲ့ ကျောက်တုံးများတော့ မသနားပေါင်။ ကြယ်အစစ်မှ မဟုတ်ဘဲ။ ဥက္ကာပျံတွေက ခုလည်းကြွေဦးမှာ၊ နောက်လည်း ကြွေဦးမှာ။

နောက်တစ်ခါ ကြယ်ကြွေ (ဥက္ကာပျံပြုတ်ကျ)ရင် ခပ်တုံးတုံးကဗျာဆရာတွေကို အရင်ထိပါစေ။


(Whoever think you are right should not make any cowardly attack.)

No comments: