Saturday, November 6, 2010

ကောင်းကင်ကြီး ပိုမြင့်သွားသလား ငါက ပုသွားလား...

သူများထက် ခေါင်းတစ်လုံးသာတဲ့ဘဝကို သိပ်လိုချင်ခဲ့ဖူးတယ်။
တကယ်တော့ ပိုမြင့်တဲ့ဘဝ ဆိုတာ သူများထက်ခေါင်းပိုငုံ့နိုင်မှ အနာသက်သာမယ့် ဘဝပါပဲ။

မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ နှစ်မျိုးလုံး ကြုံဖူးလာလို့ပါ။

ခြေဖျားထောက်ရတယ် ဆိုတာ ခေါင်းမငုံ့မိလို့ တိုက်မိတုန်းက နာသလောက် မနာဘူး။

မေးခွန်းလေး စိတ်ထဲပေါ်လာတယ်..
ကောင်းကင်ကြီး ပိုမြင့်သွားသလား ငါက ပုသွားလား...

လူတစ်ယောက်ရဲ့ဘဝဆိုတာ ဖန်မျှင်နဲ့လုပ်ထားတဲ့ ငှက်မွေးလေးလို နုနယ်ကျွတ်ဆတ်တယ်။ အသည်းယားစရာကောင်းလောက်အောင်ပါပဲ။ ဖန်ငှက်မွေးလေး လေထဲလွင့်နေတယ်။

No comments: