Thursday, April 22, 2010

ဖိနှိပ်အား နှင့် တုံ့ပြန်မှု

အခက်အခဲတွေ ကြုံရင် ဥာဏ်ရည် စွမ်းဆောင်ရည် တက်လာတယ်ဆိုတာ လူ့သဘာဝလား..
ဒါမှမဟုတ် ပိုရူးချင်သွားလို့ အစွန်းတစ်ခုခုကို ရောက်အောင် ကြိုးစားပစ်လိုက်တာလား..
တုံ့ပြန်မှုဟာ တစ်ဦးချင်းစီနဲ့ ပိုဆိုင်မယ်ထင်ပါတယ်။

ကြီးမားတဲ့ဖိအားတွေ အပူရှိန်ပြင်းတွေကြားမှာ ကျောက်တချို့ စိန်ဖြစ်ပြီး ကျောက်တချို့ ချော်ရည်ဖြစ်တယ်။

သံကြိုးတွေဆိုင်းထားပြီး အလင်းရောင်နည်းတဲ့အခါမှာ အပင်တချို့ဟာ သေကုန်တယ်။
တချို့အပင်တွေကျတော့ တန်ဖိုးကြီးတဲ့ ဘွန်ဆိုင်းပင် (Bonsai) တွေ ဖြစ်လာတယ်။
သဘာဝပတ်ဝန်းကျင်ထဲက သစ်ပင်ကြီးတစ်ပင်လောက်တော့ အရိပ်ကောင်း မပေးနိုင်ဘူးပေါ့။
သဘာဝရပ်ဝန်းထဲမှာပဲ ပေါင်းမြက်ရိုင်းတွေလည်း ရှိတာပဲ။

လူတွေမှာကတော့ အမြစ်မရှိဘူး။ အသက်ရှိတယ်။ ရွေးချယ်ခွင့် ရှိပါတယ်။

No comments: