Wednesday, December 23, 2009

ကျောက်ခေတ်ယဉ်ကျေူးမှု

မြန်မာပြည်မှာ ကျောက်ခေတ်ကတည်းက ထိန်းသိမ်းလာတဲ့ဓလေ့ နှစ်မျိုးရှိတယ်..

တစ်မျိုးက သစ်ကိုင်းတစ်မျိုးကိုခုတ် ကျောက်ပြားပေါ်သွေးပြီး ရတဲ့အနှစ်နဲ့ မျက်နှာမှာချယ်သအလှဆင်တဲ့ဓလေ့..
အခုတော့ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး ပေါ့..

နောက်တစ်ခုက သောက်ရေအိုး..
ကျောက်ခေတ်ကတည်းက ကျောက်အိုးထဲကရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်ခဲ့ကြတယ်.. တဖြည်းဖြည်းပြောင်းလာတော့ သဲကျောက်အိုး၊ မြေအိုး စသဖြင့်ပေါ့.. ကမ္ဘာမှာ မြေအိုးစဉ့်အိုးထဲကရေကို ယနေ့ထိ ခပ်သောက်တဲ့ တို့လူမျိုးတွေ ဖြစ်ပါတယ်..


ဆရာနေဝင်းမြင့်

No comments: