Sunday, February 14, 2010

ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နဲ့ပစ္စုပ္ပန်)

မသိ၍ဆို၊
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။

သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

(မင်းသုဝဏ်)

Saturday, February 13, 2010

20 years ago

ကလေးများနေ့ ၁၉၉၀
ပုစွန်တောင်မူကြို(၂)
ပြည်သူ့ဥယျာဉ်

Dear Kay Thi
:)

remember this photo?
it was 1990, Feb 13, Children Day..
We went to Pyi Thu U Yin from Mu-Kyo..
I just found our childhood picture, so I sent to you..

All the best! 



Monday, February 8, 2010

ဓလေ့ရိုးရာ မမေ့သာ

ဓလေ့ရိုးရာအမူအကျင့်တွေနဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူတွေရဲ့ တုံ့ပြန်ပုံ လေးမျိုးရှိတယ်။

  1. မသိလို့ ထိန်းသိမ်းခြင်း
    1. အကျိုးမရှိမှန်း အသုံးမဝင်မှန်း မသိလို့ ထိန်းသိမ်းခြင်း
    1. ဒါဟာ မိုက်မဲမှု ဖြစ်တယ်။ အစွဲအလမ်းပေါ် ရူးသွပ်ခြင်း တစ်မျိုးပေါ့။
  2. မသိလို့ စွန့်လွှတ်လိုက်ခြင်း
    1. အကျိုးရှိမှန်း အသုံးဝင်မှန်း မသိလို့ စွန့်လွှတ်လိုက်ခြင်း
    1.  ဒါဟာ ထုံထိုင်းတုံးအခြင်း ဖြစ်တယ်။ အကျိုးအကြောင်း ဆင်ခြင်ဖို့ထက် မေ့လွယ်ပျောက်လွယ် ပေါ့တန်တဲ့စရိုက်တွေ ပေါ်လာတဲ့အခါ ဖြစ်တတ်တာမျိုးပါ။
  3. သိလို့ ဆက်ထိန်းသိမ်းခြင်း
    1. အကျိုးရှိမှန်း အသုံးဝင်မှန်း သိလို့ ဆက်ထိန်းသိမ်းခြင်း
    1.  ဒါဟာ သိတတ်မှုဖြစ်တယ်။ အကြောင်းအကျိုးကို လေးနက်လျော်ကန်စွာ နားလည်နိုင်ပြီး တန်ဖိုးထားတတ်တဲ့ လူမျိုးတွေရဲ့ စရိုက်လည်းဖြစ်တယ်။
  4. သိလို့ စွန့်လွှတ်လိုက်ခြင်း
    1. အကျိုးမရှိမှန်း အသုံးမဝင်မှန်း သိလို့ စွန့်လွှတ်လိုက်ခြင်း
    1. ဒါဟာ တော်လှန်ခြင်း ဖြစ်တယ်။ တော်လှန်တယ် ဆိုတာ ဖျက်လိုဖျက်ဆီး သူပုန်ထတာမျိုး မဟုတ်ပါဘူး။ မရှိသင့်တော့ပေမယ့် အကျင့်ပါနေတဲ့ ထုံးစံအစဉ်အလာကို ပြောင်းလဲပစ်ဖို့ သတ္တိလည်း လိုတယ်။

စိုးလို့

မဆိုင်တာတွေ ခေါင်းထဲ မထည့်ဘူး
ထူးဆန်းစွာ .....
ရှားလော့ဟုမ်းက ပြောတာပဲ
လူငမွဲတွေရဲ့ ခေါင်းထဲမှာ
မလိုအပ်တာတွေ အပြည့်ရှိသတဲ့
ဟုတ်ကဲ့ .....
ဟုတ်ချင်မှလည်း ဟုတ်မှာပါ
ဒါတွေစဉ်းစားဖို့လည်း
ဦးနှောက်ထဲ ရှုပ်မှာ စိုးလို့ ။

( ရွှန်းလော့ဟုမ်း)

Sunday, February 7, 2010

KISS

- Keep It Short & Simple -

(SP Language ဆရာတစ်ယောက် ပြောခဲ့တယ်)

3 points

Learn
UnLearn
ReLearn

(SP Network ဆရာတစ်ယောက် ပြောခဲ့တယ်)

Friday, February 5, 2010

smiling rose

Alvin Sumedha Lee shared:

"予人玫瑰, 手留余香 (In giving others a rose, lasting fragrance lingers on around our hands)."