Monday, February 8, 2010

ဓလေ့ရိုးရာ မမေ့သာ

ဓလေ့ရိုးရာအမူအကျင့်တွေနဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူတွေရဲ့ တုံ့ပြန်ပုံ လေးမျိုးရှိတယ်။

  1. မသိလို့ ထိန်းသိမ်းခြင်း
    1. အကျိုးမရှိမှန်း အသုံးမဝင်မှန်း မသိလို့ ထိန်းသိမ်းခြင်း
    1. ဒါဟာ မိုက်မဲမှု ဖြစ်တယ်။ အစွဲအလမ်းပေါ် ရူးသွပ်ခြင်း တစ်မျိုးပေါ့။
  2. မသိလို့ စွန့်လွှတ်လိုက်ခြင်း
    1. အကျိုးရှိမှန်း အသုံးဝင်မှန်း မသိလို့ စွန့်လွှတ်လိုက်ခြင်း
    1.  ဒါဟာ ထုံထိုင်းတုံးအခြင်း ဖြစ်တယ်။ အကျိုးအကြောင်း ဆင်ခြင်ဖို့ထက် မေ့လွယ်ပျောက်လွယ် ပေါ့တန်တဲ့စရိုက်တွေ ပေါ်လာတဲ့အခါ ဖြစ်တတ်တာမျိုးပါ။
  3. သိလို့ ဆက်ထိန်းသိမ်းခြင်း
    1. အကျိုးရှိမှန်း အသုံးဝင်မှန်း သိလို့ ဆက်ထိန်းသိမ်းခြင်း
    1.  ဒါဟာ သိတတ်မှုဖြစ်တယ်။ အကြောင်းအကျိုးကို လေးနက်လျော်ကန်စွာ နားလည်နိုင်ပြီး တန်ဖိုးထားတတ်တဲ့ လူမျိုးတွေရဲ့ စရိုက်လည်းဖြစ်တယ်။
  4. သိလို့ စွန့်လွှတ်လိုက်ခြင်း
    1. အကျိုးမရှိမှန်း အသုံးမဝင်မှန်း သိလို့ စွန့်လွှတ်လိုက်ခြင်း
    1. ဒါဟာ တော်လှန်ခြင်း ဖြစ်တယ်။ တော်လှန်တယ် ဆိုတာ ဖျက်လိုဖျက်ဆီး သူပုန်ထတာမျိုး မဟုတ်ပါဘူး။ မရှိသင့်တော့ပေမယ့် အကျင့်ပါနေတဲ့ ထုံးစံအစဉ်အလာကို ပြောင်းလဲပစ်ဖို့ သတ္တိလည်း လိုတယ်။

No comments: