Tuesday, March 20, 2012

Have a nice meal!

အစားအသောက်နဲ့ ပတ်သက်ပြီး သူတစ်ပါးကို မကျီစားဖို့ အမေက ဆုံးမခဲ့တယ်

မကျွေးနိုင်ဘဲ စားသောက်စရာကို မကြွားကောင်းဘူး။
ဟင်းနံ့ ရစေခြင်း၊ ဇွန်းသံခွက်သံ ကြားစေခြင်းဖြင့် ဆာလောင်သူကို မနှိပ်စက်ကောင်းဘူး။
စားသောက်စဉ်မှာ စားချင်စိတ်ပျက်စရာ မပြောကောင်းဘူး။
စားသောက်ချိန်နဲ့ကပ်ပြီး ခိုင်းစေခြင်း၊ ပြစ်တင်ပြောဆိုခြင်း မပြုကောင်းဘူး။
စသဖြင့်ပေါ့ .. ချရေးမထားလည်းပဲ လူတစ်ယောက်လို အသိစိတ်နဲ့ ဆင်ခြင်စရာတွေ များတယ်။

အထူးသဖြင့် အစားသောက်နဲ့ ပတ်သက်တဲ့အခါ သူတစ်ပါးကို မနှောက်ယှက်စေရဘူး။

No comments: