Wednesday, July 6, 2011

hatred

Hating people is like burning down your own house to get rid of a rat.  
~Henry Emerson Fosdick

သူငယ်ချင်းအချင်းချင်း ပြိုင်တတ်၊ မနာလိုဖြစ်တတ်တဲ့ မိန်းမတွေကို မုန်းတယ်... 


မနာလိုခံရတာကို ဘလိုင်းကြီး ဝမ်းနည်းတတ်တာ ပိုမုန်းဖို့ကောင်းတယ်။

ကိုယ့်ဘာသာ ဒေါသကြီးတတ်တာ မုန်းတယ်
ရှေ့နောက်မကြည့် ပြောဖြစ်ခဲ့တဲ့ စကားတွေအတွက် ဝမ်းနည်းပါတယ်။ 





Monday, July 4, 2011

ခဲသီး

တက်မခူးရဲလို့
သဲနဲ့ပက်ချင်သူတွေဟာ
အပင်မြင့်ကို မနာလိုကြဘူး

ခဲတွေ ဖိနပ်တွေ ပျံဝဲ
သူတို့စိတ်ထဲက ကောင်းကင်မှာ
တန်ရာတန်ရာ တန်ဆာဆင်လိုက်တယ်။

(မိုးတွေ သိပ်ရွာတယ် ကြားလို့ လွမ်းစရာကောင်းသော သရက်ပင်များကို သတိရစွာဖြင့်)

- တိုက်ဆိုင်လို့ ပြောရရင် (-စွာဖြင့်) ဆိုတဲ့ စကားလုံးဟာ မြန်မာမှာ အသုံးမရှိခဲ့ဘူး။ သဒ်ဒါနည်း အရလည်း မှားနေတယ် ဆိုပြီး ဆရာမ ပြောခဲ့ဖူးတယ်။ yours truly, faithfully တို့ ဆိုတာတွေဟာ adv တြိယာဝိသေသန အတိုကောက်တွေ မှန်ပေမဲ့ ဗမာစာမှာ (-စွာဖြင့်) ဆိုတာ တြိယာဝိသေသနလို သုံးတဲ့စာဆက် မဟုတ်ဘူး တဲ့။ အချစ်ဝတ်ထုတွေမှာ မကြာခဏတွေ့ရတယ်..
ပေးစာတွေမှာ (သတိရခြင်းများစွာဖြင့်) ဆိုတာ -သတိရခြင်းများစွာ- သည် နာမ် ဖြစ်ပြီး -ဖြင့် က တြိယာဝိသေသန စကားတွဲအဖြစ် အားဖြည့်တာ ဖြစ်တယ်..
တုတ်ဖြင့် ရိုက်သည်။ ဝါကျမှာ တုတ် က နာမ် ပေမဲ့ -တုတ်ဖြင့်- ဆိုတဲ့ စကားတွဲက တြိယာဝိသေသန ဖြစ်ပါတယ်။
၁.. ဒေါသကြီးစွာ ရိုက်သည်။ (ဒေါသကြီး = တြိယာ)
၂.. ဒေါသဖြင့် ရိုက်သည်.. (ဒေါသ = နာမ်)

အချက်ပေါင်းများစွာ ရိုက်သည်။ အချက်ပေါင်းများစွာဖြင့် ရိုက်သည်။ အချက်ပေါင်းများဖြင့် ရိုက်သည်...

ဘယ်လိုရိုက် - ဒေါသကြီးစွာ
ဘယ်လောက်ရိုက် - အချက်ပေါင်းများစွာ
ဘာနဲ့ရိုက် - တုတ်နဲ့၊ သို့မဟုတ် ဒေါသနဲ့

ဒေါသ ဟာ cause/ motive ဖြစ်ပြီး တုတ် ဟာ လက်နက်ဖြစ်တယ်.. အချက်ပေါင်းများစွာက ဒေါသနဲ့ တုတ် ပေါင်းသွားခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တယ်။


အဓိက ဆိုလိုချင်တာက ရိုက်တဲ့ အချက်တွေ -များ- သွားတယ်။ -အချက်ပေါင်းများစွာ-
နှစ်ချက် ရိုက်သည်။ နှစ်ချက်ဖြင့် ရိုက်သည် လို့ မရှိဘူး။


သည်တော့ ဒေါသကြောင့် တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်သည် .. လို့ ဆက်စပ်လို့ရတယ်။
ဒေါသကြီးစွာဖြင့် တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်သည် .. လို့ မရေးပါဘူး။
တုတ်ဖြင့် ဒေါသကြီးစွာ အချက်ပေါင်းများစွာ ရိုက်သည်.. ဆိုရင်လည်း ဝါကျ ထောက်နေပြန်တယ်..
- တုတ်ဖြင့် - ဒေါသဖြင့် - အချက်ပေါင်းများစွာဖြင့် ....
angrily hit with a stick for many times????

ဝါကျတစ်ခုမှာ မလိုအပ်ဘဲ စွာ တွေ ဖြင့်တွေ မထပ်ဘူး။

တကယ်တော့ မလိုအပ်တဲ့စကားတွေ ထည့်သုံးခြင်းဟာ မျက်စိကို နောက်စေတယ်...

လျှာရှည်စွာဖြင့်.. (အဲလေ)
လျှာရှည်မိပါသည်။
လျှာရှည်စွာ ရေးမိသည်။
လျှာရှည်ဖြင့် ရေးမိသည်။
လျှာရှည်သဖြင့် ရေးမိသည်။

လျှာရှည်စွာ ရေးတာက ရေးတဲ့ အက်ရှင်(တြိယာ) ရဲ့ စရိုက်ကို ပြောတာ ဖြစ်ပြီး လျှာရှည်သဖြင့် ဆိုတာကျတော့ -သဖြင့် က သောကြောင့် လို့ အဓိပ်ပါယ်ရတယ်.. အကြောင်းပြ ဝါကျဆက် ဖြစ်တယ်။
- သဖြင့် နဲ့ - စွာဖြင့် ဘာမှမဆိုင်ကြပါ။

Wednesday, June 29, 2011

heavy duty, light heart

ပြီးပြီးရော လုပ်မိထားတာတွေကို နောက်မှ ပြန်ပြင်မယ် ဆိုပြီး ထားခဲ့မိရင် အကြာကြီး လွတ်နေတတ်တယ်။
ပြီးလွယ်စီးလွယ် ဆုံးဖြတ်ချက်တွေက ခက်ခက်ခဲခဲ အလုပ်တွေကို ပိုဝန်ပိစေတယ်။

Tuesday, June 14, 2011

vintage music

I found olivia john's songs from one of my dad's drawers when I was a teenager. Since then, I liked her songs and strong voice. I wonder why my dad doesn't listen to her songs anymore. :P
I only heard of ABBA, Madonna, Bonny M, the Beatles songs when I was a kid.

Salt

ဒဏ်ရာဆိုတာ နာကျင်ပေမဲ့ ပိုးမဝင်အောင် ဆားသိပ်ထားရတယ်။

Friday, June 3, 2011

love and matches

တခါတလေကျ ချစ်ခြင်းဆိုတာ လိုချင်သူမရှိဘဲ ပေးမိရင် အမှိုက်ဖြစ်တတ်တယ်။ အလေအလွင့်ဖြစ်တယ်။
မီးညှိစရာမရှိဘဲ လောင်ကုန်တဲ့ မီးခြစ်ဆံလိုမျိုး။ လူမနေတဲ့အခန်းမှာ ဖွင့်ထားတဲ့ အဲကွန်းလိုမျိုး။ ပိုဆိုးစရာရှိတာက အဲ့လိုအရာတွေကနေ မီးထထလောင်တာပေါ့။

mouse and cheese

today, I bought a white mouse.
also got myself a cheese-like blouse.
borrowed The Secret of Chanel No.5;
the mouse is cool and the blouse is thin.
the book is not as heavy as the thickness.
together, they may create lighter weather.
and so and so and so . ..
I wrote something, then,
The post is published,
Oh!!!!!
who moved my mouse ???