Saturday, April 24, 2010

ရေညှိ

ကိုယ့်မှာတော့ ရှင်သန်မှုနေရာကို
ခြေကုန်လက်ပမ်း ဖက်တွယ်ကပ်နေရ..
မရွနိုင်မငြိမ်နိုင် လာနင်းပြီး ချော်လဲ
ဆဲသူက ဆဲသွားကြ... လေတယ်..။

Thursday, April 22, 2010

ဖိနှိပ်အား နှင့် တုံ့ပြန်မှု

အခက်အခဲတွေ ကြုံရင် ဥာဏ်ရည် စွမ်းဆောင်ရည် တက်လာတယ်ဆိုတာ လူ့သဘာဝလား..
ဒါမှမဟုတ် ပိုရူးချင်သွားလို့ အစွန်းတစ်ခုခုကို ရောက်အောင် ကြိုးစားပစ်လိုက်တာလား..
တုံ့ပြန်မှုဟာ တစ်ဦးချင်းစီနဲ့ ပိုဆိုင်မယ်ထင်ပါတယ်။

ကြီးမားတဲ့ဖိအားတွေ အပူရှိန်ပြင်းတွေကြားမှာ ကျောက်တချို့ စိန်ဖြစ်ပြီး ကျောက်တချို့ ချော်ရည်ဖြစ်တယ်။

သံကြိုးတွေဆိုင်းထားပြီး အလင်းရောင်နည်းတဲ့အခါမှာ အပင်တချို့ဟာ သေကုန်တယ်။
တချို့အပင်တွေကျတော့ တန်ဖိုးကြီးတဲ့ ဘွန်ဆိုင်းပင် (Bonsai) တွေ ဖြစ်လာတယ်။
သဘာဝပတ်ဝန်းကျင်ထဲက သစ်ပင်ကြီးတစ်ပင်လောက်တော့ အရိပ်ကောင်း မပေးနိုင်ဘူးပေါ့။
သဘာဝရပ်ဝန်းထဲမှာပဲ ပေါင်းမြက်ရိုင်းတွေလည်း ရှိတာပဲ။

လူတွေမှာကတော့ အမြစ်မရှိဘူး။ အသက်ရှိတယ်။ ရွေးချယ်ခွင့် ရှိပါတယ်။

Saturday, April 17, 2010

၁၃၇၂

နှစ်သစ်ကူးအစတိုင်းမှာ အိပ်ရေးဝခြင်းသည် အကောင်းဆုံးဖြစ်၏ ..

နှစ်သစ်ကူးဆုတောင်း -

သတင်းမှားများ၊ သတင်းဆိုးများနဲ့ ဝေးရပါလို၏ ။

Friday, April 16, 2010

The BOMB and my point of view

2:27 AM he: ကဲ
  မရွှန်းမီရေ
 me: ရှင့်
 he: ဘာသံထွက်ချင်သေးလဲ
 me: ဘာကိုပြောတာလဲ
2:28 AM he: ဗုံးကိစ္စလေ
 me: ဟင်
  သမီးလည်း ဘာသံမှ မထွက်ရပါလား
 he: ဘာပြောချင်လဲမေးတာပါ
2:30 AM me: ဗုံးပေါက်တယ်ဆိုတာ မြက်ပေါက်တာ မဟုတ်တဲ့အတွက် ဗုံးစိုက်သူ(plant လုပ်တဲ့လူ)ကို မြက်ရိတ်ဓားနဲ့ ခုတ်ချင်ပါတယ်
2:32 AM he: ဟားဟား
 me: လို့ ပြောချင်ပေမယ့်
  တကယ်တမ်းကျ
  တွေ့ရင် ပြောစရာတောင် စဉ်းစားမိမယ် မထင်ဘူး
  ပြေးနိုင်ရင်ကံကောင်းပဲ
 he: ဟဲဟဲ
2:33 AM ခုတော့ ဖေ့စ်ဘုတ်မှာ ပြေးလည်းမပြေးရပါဘဲ ဟိုက်နေတဲ့လူတွေ တပုံကြီး
 me: တကယ်သေတဲ့လူတွေလောက် ဗုံးထောင်တဲ့လူကို မုန်းဦးမလား
 he: ဟားဟား
2:34 AM တကယ်က လုပ်တဲ့လူက လုပ်တယ်
  သေတဲ့လူက သေတယ်
 me: ကျန်တဲ့လူက ....
2:35 AM he: သောက်စကားများတယ်လေ
 me: မဆိုင်တာတွေအကုန် ပါကုန်ပါ့မယ် :D
2:36 AM he: ဟားဟား
  ဘာကိုပါမှာစိုးနေတာတုန်း
  ပွင့်ပွင့်လင်းလင်းပေါ့
  ဟားဟား
 me: ကျန်တဲ့လူတွေအကုန် စကားများတာကို ပြောတာပါ
 he:း)
  မဟုတ်လို့လား
2:37 AM me: ကူနိုင်ရင်ကူ မကူနိုင်ရင် သူများထပ်ပြီး စိတ်အနှောက်အယှက်မဖြစ်အောင် အေးဆေးနေတာပဲ ကောင်းတယ်
 he: ဒါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဖေ့စ်ဘုတ်ရလား
 me: မသိ
2:38 AM သွေးလှူခံအဖွဲ့ RAVEN ကတော့ ရှိတယ်
 he: အဲအဖွဲ့ကို သိပါတယ်
2:39 AM me: ဆေးရုံကြီးက ဖွဘုတ်ရှိရင် ဘာလုပ်မလို့လဲ
 he: မသိဘူးလေ
  ဖေ့စ်ဘုတ်ကနေ လိုရင်ပြောပါချည်း အော်နေလို့
2:40 AM me: ပြောလိုက်လေ
 he: ဒီလောက်လူနာကျနေတာ အဲဖေ့စ်ဘုတ်ကို ဘယ်အချိန်ပြေးသုံးမလဲ သိချင်နေတာ
 me: အာာာာ
  ဒေါသထွက်ရင် ကွန်ပြူတာကို ဖက်ကိုက်မယ့်လူတွေ
  စိတ်မကောင်းရင် ကွန်ပြူတာဖက်ငိုမယ့်လူတွေ
 he: အဟား

I hate the internet

http://www.tgmag.ca/tgo.v2/antinet_e.html

Wednesday, April 14, 2010

၁၃၇၂ ဆိုတာ မင်္ဂလာရှိတဲ့ ကိန်းဂဏန်းဖြစ်မလား ....



၁၃၇၁ မှ ၁၃၇၂ သို့ ကူးပြောင်းသောအခါ ဂဏန်းတစ်ခု တိုးလာသဖြင့် မင်္ဂလာရှိလှပါသည်။ မင်္ဂလာတရားတော်နှင့်အညီ မင်္ဂလာယူပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

Tuesday, April 13, 2010

mood yogurt

ခံစားမှုဒိန်ချဉ်

I am seriously allergic to attention seekers... phew!!
I should have been in a lot of fights..
How pathetic some people are!


တချို့လူတွေဟာ အကြောင်းမရှိအကြောင်းရှာပြီး လူများရဲ့ ဂရုတစိုက်တုံ့ပြန်မှုကို သိပ်မျှားယူချင်ကြတယ်..
သနားဖို့ ကောင်းလွန်းတဲ့အခါ ပြိတ္တာတွေ ဖြစ်ကုန်ကြရော..
ပြောပြီး အမျှမဝေရင် အသေသတ်ချင်နေမလားပဲ။