Friday, August 12, 2011

Peace again

တော်သေးတယ်
ဟိုဘက်ဘလော့မှာ မှားနှိပ်မိတာနဲ့ ကဗျာ လွတ်ထွက်သွားတယ် ..
Feed ထဲ ပေါ်ပြီးသား ဖြစ်နေမှာ ဆိုတော့ မသိမ်းဘဲထားတာ ပိုကောင်းပါမယ်လေ..

ပြောချင်တာက ကျည်ဆံ ခြုံမယ့်အစား ကျည်ကာလောက်တော့ ခြုံစေချင်တယ်..
ဟုတ်ပါတယ်
မေတ်တာခြုံတာ အလုံဆုံးပေါ့.. ဒါပေမဲ့
ကျည်ဆံတွေ သီပြီးခြုံထားရင် မပေါ့မပါး လေးနေမှာ စိုးတာပါ။


- - - - -

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)

by Kyaw Thu on Friday, August 12, 2011 at 8:18am
၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များစွာ သေဆုံးရကြောင်းလည်း သိရသည်။
          ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။
          သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။
          ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။
          ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။
          ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -
          ၁။       ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်
          ၂။       တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်
                   အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။
          ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။
(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

    ဒဂုန်တာရာ
၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ
- - - - - 

စာကို သဘောကျလို့ လာသိမ်းထားပါတယ်..

အချင်းချင်း အမျက်အအီ တစ်စေ့မရှိ.. ချစ်သောမျက်စိဖြင့် မှိတ်ကွယ်ထားကြသည် ဖြစ်ပြီးလျှင် ...

Thursday, August 11, 2011

ကောက်ကြောင်း

မြွေမမြင်ဖူးဘဲ မြွေပုံဆွဲတဲ့ ပန်းချီဆရာလောက် ငါစိတ်ကုန်တာ မရှိဘူး ..

စိတ်ကုန်တယ် စိတ်ကုန်တယ်
၃ စိတ်ကုန်တယ် ..

Saturday, August 6, 2011

Happy Writing

အတင်းအဖျင်းလို ပေါက်တတ်ကရစာတွေ လျှောက်မရေးဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တယ်။
စာရေးရတာ ပျော်ပါတယ်။

Thursday, July 28, 2011

proud of you

အားကစား ဆိုတာ စိတ်ဓာတ်ပဲ။

သတ်တိဆိုတာ ပုဆိုးအောက်ကဟာ မဟုတ်ဘူး... >.<

Wednesday, July 27, 2011

Etymology

chrome Look up chrome at Dictionary.com
1800, from Fr., coined 1797 by Fr. chemist Nicolas-Louis Vauquelin (1763-1829), from Gk. khroma "color" (see chroma), because it makes colorful compounds. Originally the name given to the metal chromium; as a short form of chromium plating it dates from 1937.
 
Online Etymology Dictionary
 
It's getting more and more interesting.

Thursday, July 21, 2011

outlaws

ဪ မောင်လေးရယ်..
သောင်းကျန်းသူ လို့ ခေါ်လိုက်မိရင် နာမည်နဲ့လိုက်အောင် ထစ်ခနဲရှိ သောင်းကျန်းဖို့ ချောင်းနေသူတွေက ပိုသောင်းကျန်းပြနေမှာပေါ့ကွယ်။

သူတို့မှာ ရောင်စုံလက်နက်ကိုင်အဖွဲ့အစည်း ဆိုတဲ့ တရားဝင်နာမည် ရှိပါတယ်။
တကယ်တော့ သူတို့ဟာ အစိုးရနဲ့ သဘောထားမတိုက်ဆိုင်လို့ ကိုယ်ပိုင်လက်နက်ကိုင်တပ် ဖွဲ့ထားသူတွေပါ။ သူတို့ကို အရပ်စကားမှာ သောင်းကျန်းသူလို့ ပြီးလွယ်စီးလွယ် ခေါ်တတ်ကြပေမဲ့ စာသင်ခန်းထဲမှာ ဆရာမမရှိတုန်း မျောက်ရှုံးအောင် ဆော့သလို သောင်းကျန်းနေတာမျိုးကို ပြောတာမဟုတ်ဘူးကွဲ့။

သူတို့ဘာလဲ လို့ မေးရင် မမလည်း သေချာမသိပါဘူးကွယ်။ သူတို့ဘာသာတော့ သေချာသိပါလိမ့်မယ်။ သူတို့ လုပ်ရပ်ကိုလည်း သူတို့ဘာသာ အကဲဖြတ်မယ်ဆို အခေါ်အဝေါ်ဆိုးတွေ ဘယ်ကျန်ရစ်ပါ့မလဲ။

ဘာပဲဖြစ်ဖြစ် ကိုယ့်စကားအမှားကြောင့် ရန်မီးမွှေးသလို ဖြစ်မသွားစေချင်တာ တစ်ခုပဲ။
ထစ်ခနဲ့ရှိ ငြင်းခုံဆဲဆိုလိုက်ရမှ၊ အဆင်မပြေတာ ရှိခဲ့ရင် နာကျင်အောင်လက်တြုံ့ပန်ရမှ၊ သူတစ်ပါးကို ဂုဏ်သရေဖျက် နှောက်ယှက်ရမှ ကောင်းမယ်ထင်တဲ့သူမျိုးကို အနာပေါ်တုတ်ကျ ဖြစ်အောင် မလုပ်မိစေနဲ့ကွယ်။

အသုံးအနှုန်းတွေဟာ ဘာကြောင့်ယဉ်ကျေးဖို့ လိုအပ်သလဲ ဆိုတော့ ရိုင်းစိုင်းတဲ့ တုံ့ပြန်မှုတွေ မလိုလားလို့ပေါ့။

Sunday, July 17, 2011

Forgive, Be Forgiven, Not Be Forgotten, Forever.


Forgive, Be Forgiven, Not Be Forgotten, Forever.

Some people like to repeatedly offend others with a smoldering wish of being unforgiven.
Or else, an offender will wish to be forgotten forever.