Wednesday, July 14, 2010

လွမ်းစိတ်များ

http://4friends2flip.blogspot.com/2010/07/blog-post_16.html

Saturday, July 10, 2010

Gender Discrimination မိန်းမဘုရား မရှိ

မိန်းမသားတိုင်းဟာ လူသားမျိုးနွယ် ပြန့်ပွားဖို့ ဆက်စောင့်ရှောက်ဖို့ ဖြည့်ဆည်းဖို့ တာဝန်တွေယူပြီးသားမို့
ဘုရားဖြစ်တဲ့အထိ ကြိုးစားပြီးမှ လူသားတွေကို လမ်းပြဖို့တာဝန်ကို ယောက်ျားသားတွေ ယူပါစေလေ။

ဆိုလိုတာက မိန်းမတိုင်းဟာ အလွန်ကြီးမြတ်တဲ့ ဖန်ဆင်းရှင် နေရာကြီးကို တစ်ယောက်စီ တစ်ဖဲ့စီ ဒုက္ခကိုယ်စီခံယူထားပြီးသားလို့ ပြောချင်တာပါ။
ဒါကြောင့် ဖန်ဆင်းခံရတဲ့ အမိုက်အမဲများ ပြန်လိမ္မာလာအောင် ဆုံးမဖို့ နေရာကို ယောက်ျားအားလုံးကိုယ်စား အမြတ်ဆုံးတစ်ပါးက တစ်လှည့် တာဝန်ယူသင့်တာပါ။


(
အားလုံးကို ဆုံးမနိုင်လောက်တဲ့ အမြင့်ဆုံးဥာဏ်ရှိသူကို ကျား၊မ အားလုံးက ပြန်ပြီး အရိုအသေပြုတာဟာလည်း သူမြတ်လို့ ကိုယ်နိမ့်လို့ ဆိုတဲ့ အယူအဆမျိုးနဲ့ မဟုတ်ဘဲ အဆုံးအမရဲ့ကျေးဇူးကို အထူးအသိအမှတ်ပြုတာ ဖြစ်ပါတယ်။

အကြီးဆုံးတာဝန်ကို တစ်ဦးသော ယောက်ျားသည် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပြင်းပြင်းပြပြ ကြိုးစားပြီးမှ ထမ်းရပါတယ်။ ယောက်ျားထု အားလုံးရဲ့ကိုယ်စား တစ်ပါးကပဲ အရင်းအနှီးကြီးစွာပေးပြီး အားလုံးကို ဦးဆောင်ရပါတယ်။ တစ်ယောက်စီက အဆုံးအမ ပေးနေရင် ရှုပ်ထွေးမှာမို့ပါ။

ကျန်ယောက်ျားမြတ်များသည်လည်း ပံ့ပိုးဖို့ တစ်ခန်းတစ်ကဏ္ဍစီကနေ ပါဝင်ရပါတယ်။ ထိုသူများဟာ သာသနာရဲ့ ရဟန်းများ ဖြစ်လာပါတယ်။ ထို့နောက်မှာ ရဟန်းမတွေလည်း ရှိလာပါတယ်။ သာသနာရဲ့ သဘာဝအရ ရဟန်း အရေအတွက်က ရဟန်းမ အရေအတွက်ထက် ပိုများရပါတယ်။
အဆုံးအမရဲ့ ကျေးဇူးကြောင့် ထိုရဟန်း၊ ရဟန်းမ များကိုလည်း ရှိခိုးရပါတယ်။ သူတို့မှာလည်း လူ့အသိုင်းအဝိုင်းကို ဆုံးမလမ်းမှန်ပြဖို့ တာဝန်ရှိပါတယ်။

ကန်တော့လိုက်ရုံနဲ့ ကန်တော့ခံရသူသည် အလကားနေရင်း ပိုမြတ်မသွားပါဘူး။ ကန်တော့ခံရတဲ့သူဟာ တာဝန်အကြီးကြီးလည်း ယူရပါတယ်။

မိန်းမဆိုတာ နိမ့်ကျလို့ ဘုရားဖြစ်ခွင့်မရတာ မဟုတ်သလို ယောက်ျားဆိုတာကပဲ မြင့်မြတ်လို့ ဘုရားဖြစ်ခွင့်ရတာ မဟုတ်ပါဘူး။ သဘာဝအရ ခွဲခြားထားပြီးသားမို့ ဖြစ်ပါတယ်။
 )


PS-ဖြည့်စွက်။ ။ အခြားဘာသာဝင် အဆုံးအမများကို ဤအကြောင်းနှင့် ပတ်သက်၍ မစဉ်းစားပါ။

Friday, July 9, 2010

နာမည်ကြီး စနက်တံအဖြူ

နာမည်ကြီး စနက်တံအဖြူ
သူက ချက်ချင်း မပေါက်ကွဲစေဘူး
တစိမ့်စိမ့်နဲ့ လှိုက်တယ်လေ

နွေအပူ မီးအပူ ကြောက်ရက်
မီးတောက်လေးကို နမ်းနမ်းရှိုက်နေရ
ဘဝက အဆိပ်လည်း ဆာတယ်။

(
လူတစ်ကိုယ်ဟာ လောင်စာတစ်အိုးပေါ့
ပုံစံအမျိုးမျိုးနဲ့ ပေါက်ကွဲမှာ .. )

Wednesday, July 7, 2010

so...... and so


I have no idea whether my life journey will be better because of this screw-like-milestone.

Friday, July 2, 2010

Extraordinary Pantene Commercial

“Why am I different from others?”

“Why do you have to be like others?”



We have to be deaf people sometimes.
and we need to be blind sometimes.
so that we can strengthen our mind.

shared by sister nice

Thick Book

Don't judge a book by its thickness.

well.. "Don't judge a book by its cover"  is original saying.

but I do think people make wrong judgment on books more by the thickness than the cover...
'cos the cover says what's the book's name and who wrote it, at least.

A thick book doesn't mean you have to read it all...  but yeah, people feel reluctant to flip it up and look into ... ain't it?

Thick doesn't mean serious.
Thick doesn't mean boring.
Thick books don't make you unhappy, the content does.
Thick book reader don't have to be geek. ... Come on !

Maybe, there is a single line in there which will make you happy, who knows!

So yeah, to all fellows who's gonna start a new semester/ or just gonna read a new book soon, this is your food for thought.


Don't judge me by thickness. ;-)

Thursday, July 1, 2010

အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း။

မြန်မာစာ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် အတော်ဗဟုသုတရှိတဲ့ ဆရာကြီးတစ်ယောက်ကို သိချင်တာတွေ သွားသွားမေးမိတဲ့အတွက် အတော်မွှေတယ်လို့ ပြောခံထိလိုက်လို့ စိတ်မကောင်းဖြစ်မိပါတယ်။
ခုခေတ်က ဗဟုသုတရှိတဲ့လူ စိတ်ရှည်လက်ရှည် ရှင်းပြချင်တဲ့လူ ရှားပါးတယ် မဟုတ်လား။

မိန်းကလေးငယ်တစ်ယောက်ကို မွှေတယ်လို့ မှတ်ချက်ပေးတဲ့ အသုံးအနှုန်းသည် အတော်ရိုင်းတယ်လို့လည်း ထင်ပါတယ်။
အမေးအမြန်းထူတာလောက်နဲ့ မွှေတယ် ဖြစ်ရောပဲ။

မတော် မမေးလိုက်ရရင် သေသွားတော့ နောင်တရနေမှာစိုးလို့ပါ။
လူသားဆန်ဆန် မစပ်စုဘဲ မနေနိုင်တာကိုက ညီမအပြစ်ပဲ ထင်ပါတယ်။

(ခုလိုရေးထားတော့ ဘာများသွားမေးသလဲ ထင်နေဦးမယ်။ မေးမိတာက သူမျှဝေနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်တာလေးတွေပါပဲ။ သူ့ထိခိုက်အောင်လည်း မမေးမိပါဘူး။ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ပတ်သက်တဲ့ ဆင်မလိုနဲ့လွဲ တူမလိုနဲ့ ကွဲသွားတဲ့ စာလုံးတွေ အကြောင်းပါ။ )

ညီမက မြန်မာစာကို ဆယ်တန်းအထိပဲ သင်ဖူးတာပါ။ ဘာမှ ရေရေရာရာ သိတာမဟုတ်ဘူး။ ဒါပေမယ့် ပြန်ပြန်လွမ်းနေတာက ဆိုးတယ်။ မသိလိုက်မသိဘာသာနေရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။
တော်ပါပြီ။ ဒီတစ်သက် မြန်မာစာတိုးတက်ဖို့ အားမထုတ်ချင်တော့ဘူး။
ဘာသာပြန်တွေလည်း မရေးချင်တော့ပါဘူး။