Wednesday, May 19, 2010

DO / nmk

NyI Min Kh@nT: လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ ဖြစ်သလို မလုပ်ပါနဲ့........" "လုပ်ချင်တာ မလုပ်ရသေးခင် လုပ်နေတာကို လုပ်ချင်နေပါစေ......

တစ်ခန်းရပ်

လွမ်းစရာကောင်းတဲ့ရာသီပဲဖြစ်ဖြစ်
ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ အနားမှာရှိရင်
မငိုမိပြန်ဘူး..

တခါတလေတော့လည်း
ငိုချင်ရက်နဲ့ ရီနေရတာ
ဝဋ်ကြွေးတစ်မျိုးပါ..

ဘယ်ရာသီမှာ ဘာပန်းတွေပွင့်စေ
ဒဏ္ဍာရီဟာ နာကျင်မှုကို ခြွေလွှင့်ဆဲ...။

Monday, May 17, 2010

angel perfect

Nobody is perfect, but sometimes, the situation needs you to be perfect.
So you should learn to be perfect.

/ angel

Thursday, May 13, 2010

ရောင်စုံမီးပုံး

ချစ်သော မုန်းသော ပြုံးသော မဲ့သော မျက်နှာရောင်စုံပိုင်ရှင်များအား ပြောမှားဆိုမှား ရှိခဲ့သော် သနားငဲ့ညှာစွာ နားလည်ခွင့်လွှတ်နိုင်ကြပါစေ...။

ပုံပြင်ဟောင်းများ

ပုံပြင်ဟောင်းများ

ငလက်မကတော့ အပ်ချည်ဗူးထဲ နေလို့ရတယ်
ကျိန်စာမိ မင်းသားကြီးကတော့ နန်းတော်ကြီးထဲမှာ မွန်းကျပ်လို့
ဝင်နီပူးက သစ်ပင်မြစ်ထဲမှာ အိမ်ဖွဲ့နေ
ဂျက်စမင်းက ရွှေနန်းတော်ဆီက တစ်ပြားမှ မလျှော့ဘူး

စိတ်ကူးယဉ်ပုံပြင်တွေ နေရာတိုင်းကို ရောက်နိုင်တဲ့အခါ
ငါလည်းဘာကို ယုံရမှန်းမသိ
ပုံပြင်ဟောင်းတွေ အကျီဟောင်းတွေလို
ဖုန်တက်နေတဲ့ ရဲတိုက်ဟောင်းကြီးလို
ခမ်းနားချင်သေးပေမယ့် ဝေးဝေးမှာ ထားခဲ့ရ
ဘဝက အသစ်ပိုကြိုက်တယ်

Tuesday, May 11, 2010

အချစ်ဟာ

အချစ်ဟာ အုတ်ခဲကြီးပါ..
သူနဲ့တည်ဆောက်လို့ရသလို
သူနဲ့ ကိုင်ပေါက်လို့ရတယ်..

(ကဗျာမှာ အချစ်ဆိုတဲ့ စာလုံးပါရင် အချစ်ကဗျာလို့ ထင်တတ်သူများအတွက်)

Wednesday, May 5, 2010

Conflicts

Conflicts are not *cornflakes* which can be finished with a pour of milk.