Wednesday, February 24, 2010

Trees - ထူးဆန်းသော သစ်ပင်များ

သဘာဝရဲ့ သယံဇာတရတနာတွေထဲမှာ သစ်ပင်တွေဟာ မိုးကောင်းကင်ဆီကို အစဉ်အမြဲ ရွေ့လျားနေတဲ့ တစ်မျိုးတည်းသော အရာဖြစ်တယ်။

Trees are the only natural element in perpetual movement toward the sky.

http://www.youtube.com/watch?v=jqxENMKaeCU

Tuesday, February 23, 2010

cause - effect - အကြောင်း - အကျိုး

အကြောင်းကြောင့် အကျိုးဖြစ်တယ်။
တချို့လူတွေက ယုံတယ်။
စွန်လွှတ်ရင်း မိုးခေါ်တယ်။
မီးရှုးမီးပန်း ဖောက်ရင်း မိုးတားတယ်။
အကျိုးအချို့နဲ့ အကြောင်းအချို့ဟာ အတင်းဆွဲဆက်နွယ်ခံရတယ်။

Saturday, February 20, 2010

သူ

အဲ့ဒီလူက
ပိုသမျှကို
မုန်းတဲ့သူ ..
မုန်းခဲ့ရင်တောင် မပိုသူ ...

Friday, February 19, 2010

လယ်စောင့်တဲ

မိုးရေတက်ရေ တဖွေးဖွေး
ကမ်းကျယ်အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာ နေ
ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့် ပနံတင့်

မင်းသုဝဏ်

Wednesday, February 17, 2010

တစ်မျိုးစီ

လောကကြီးမှာ လူ အမျိုးမျိုး ရှိတယ်..
ခွေးတွေ ကြောင်တွေလည်း အမျိုးမျိုး ရှိတယ်..
ကျွဲတွေ နွားတွေလည်း အမျိုးမျိုး ရှိတယ်..
ငှက်တွေ ငါးတွေလည်း အမျိုးမျိုးပါပဲ..
ဖားတွေကတော့ တစ်မျိုးတည်း
အကုန် .. အုံ ... အင် ... ။

time won't heal

အချိန်က ဘာကိုမှ မကုစားဘူး
အခန့်မသင့်ရင် ပိုတောင်နာကျင်စေတယ်
အချိန်ကြာလာတာနဲ့အမျှ လူဟာ ကိုယ်စိတ်စွဲမိတာကို ကျန်တဲ့အပိုင်းတွေမေ့ပြီး ပိုမှတ်မိလာတတ်တယ်

Tuesday, February 16, 2010

At War

ချနေကြပါတယ်ဆို ဘယ်က တရားတယ် မတရားဘူး ရှိရမလဲ..

Jackie Chen, The Little Big Soldier Movie.