Saturday, January 16, 2010

ရေတွင်းပျက်

- ခုရေတွင်းတူး ခုရေကြည့်သောက်ချင်- ဆိုလို့တော့ ဘယ်တရားပါ့မလဲ..

မနက်ဖန်တူးမယ့် ရေတွင်းတွက် အခုလောက်ထဲက ရေကြည်သောက်ရရင်တော့ မဆိုးဘူးပေါ့။

ရေတွင်းတူးရမယ့် မနက်ဖန်ဆိုတာ မနက်ဖန်မှ မဟုတ်လား။



Tuesday, January 12, 2010

working seriously

You will have a hard time, but you won't suffer.

Saturday, January 9, 2010

The End

Everything will be OK in the end. If it is not OK, it is not THE END.

Tuesday, January 5, 2010

သူရဲကောင်းမှတ်တမ်း

သူရဲကောင်းစစ်စစ်တွေရဲ့ ရည်မှန်းချက် လုပ်ဆောင်ချက်တွေဟာ မှတ်တမ်းတွင်ကျန်ရစ်ခံဖို့သက်သက် မဟုတ်ဘူး။
ဘယ်သူရဲကောင်းကမှ သူရဲကောင်းဖြစ်ချင်စိတ်နဲ့ သူရဲကောင်းလုပ်ခဲ့တာ မဟုတ်ဘူး။

Monday, January 4, 2010

မာယာ

~ မာယာတွေ တကယ်ကိုများတဲ့ လောကထဲ ~ မာယာဟာ တကယ့်အမှန်တရား ~

Saturday, January 2, 2010

ချည်

ဘယ်သူမှ ကြားမဝင်လည်း ချည်ခင်ပါဆိုမှ ... ထွေးတယ်ကိုး။

Friday, January 1, 2010

၂၀၁၀

နှစ်သစ်ရောက်ပြီ..
မသိသေးသော လေ့လာချင်စရာများနှင့် ဉာဏ်မမီလောက်အောင် နက်နဲလွန်းသည့် စာသားများ..
မလုပ်ဖူးသေးသော ပျော်ရွှင်ရင်ခုန်ဖွယ်ရာများ..
မဝင်ရောက် မပိတ်မိခဲ့ဖူးသော စပ်စုချင်စရာ ထောင်ချောက်များ..
မရောက်ဖူးသော ရောက်ဖူးသော မမှတ်မိသော မှတ်မိသော သွားချင်သော မသွားချင်သော နေ ရာ များ . . .
အကုန်ဖတ်ပစ်မယ်ကြုံးဝါးရင် အိပ်မက်ထဲရောက်သွားသော စာအုပ်များ..
စသည် စသည် စသည် စသည် တို့ဖြင့်
ပြက္ခဒိန်စီးကြောင်းနှင့်အတူ သပွတ်အူတွေ မျောလာသည်..
သပွတ်အူတွေ မျောသွားသည်..
သပွတ်အူကို ဆေးချယ်တတ်သော အနုပညာရှင်များလည်း ရှိခဲ့ကြပါသည်..
အောင်မြင်ကြပါသည် အားကျမိပါသည် တရားကျမိပါသည်
ဘာပဲဖြစ်ဖြစ် “ဘာပဲဖြစ်ဖြစ်” လို့ ပြောလိုက်ရရင်ကို ဘာပဲဖြစ်ဖြစ် ကျေနပ်မိတတ်သည်
နေ့ရက်နှင့် နာရီ သွားနိုင်သလို အမီလိုက်ပြေးချင်လို့ ဖိနပ်စီးဖို့ ကြိုးစားနေပါပြီ
မာပါစေ သာပါစေကြောင်း ခြေလှမ်းတိုင်းကို ပန်းခက်ဖြင့် ကြိုပါ ..။