တော်သေးတယ်
ဟိုဘက်ဘလော့မှာ မှားနှိပ်မိတာနဲ့ ကဗျာ လွတ်ထွက်သွားတယ် ..
Feed ထဲ ပေါ်ပြီးသား ဖြစ်နေမှာ ဆိုတော့ မသိမ်းဘဲထားတာ ပိုကောင်းပါမယ်လေ..
ပြောချင်တာက ကျည်ဆံ ခြုံမယ့်အစား ကျည်ကာလောက်တော့ ခြုံစေချင်တယ်..
ဟုတ်ပါတယ်
မေတ်တာခြုံတာ အလုံဆုံးပေါ့.. ဒါပေမဲ့
ကျည်ဆံတွေ သီပြီးခြုံထားရင် မပေါ့မပါး လေးနေမှာ စိုးတာပါ။
- - - - -
၂၀၁၁
နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက်
ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍
ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊
ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား
ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များစွာ သေဆုံးရကြောင်းလည်း
သိရသည်။
ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊
ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို
ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။
သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ်
- ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့်
ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး -
အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏
အသွေးအသားများသာဖြစ်သည်။
ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။
ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -
၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်
၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်
အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။
ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား
ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန်
ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။
(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)
ဒဂုန်တာရာ
၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ
- - - - -
စာကို သဘောကျလို့ လာသိမ်းထားပါတယ်..
အချင်းချင်း အမျက်အအီ တစ်စေ့မရှိ.. ချစ်သောမျက်စိဖြင့် မှိတ်ကွယ်ထားကြသည် ဖြစ်ပြီးလျှင် ...