Monday, August 20, 2012

Just epic

Saturday, August 18, 2012

Thursday, August 16, 2012

a poem of ma pauk (sha sha pa pa)


အလုပ်
Posted on August 8, 2012   
(Ah-pauk)


ထင်သလို ဖြစ်မလာတော့…

ဖြစ်သလို မထင်ရက်တော့..။

အခန်းထဲမှာ ခြင်ကောင်ဝင်လာတာ ကျနော့်အပြစ်မဟုတ်ဖူး.။

ခြင်တွေကို လိုက်သတ်ရတာ ကျနော့်ဆန္ဒမဟုတ်..။

အိပ်မပျော်တာ ခြင်တွေကြောင့် မဟုတ်..။

ခြင်တွေကို သွေးစုပ်ခွင့်မပေးနိုင်တာ ကျနော်ကပ်စေးနည်းလို့မဟုတ်..။

ဒီလိုပါပဲ…

ဒီလိုပဲလေ……။

သူစိမ်းဆန်ကြတာ လိုအပ်လို့မဟုတ်ဘူး။

ဥပေက္ခာပြုပြီးနေနိုင်တာ ကိုယ့်အလိုအရ မဟုတ်ဖူး.။

အေးစက်စက် ဖြစ်သွားတာကို ကိုယ်တားမရဘူး။

သတင်းတွေ…..?

ဟင့်အင်း….ကိုယ်မကြားလိုဘူး..။

အစီအစဉ်တွေ….?

ကိုယ်နဲ့ မသက်ဆိုင်တော့..။

မျဉ်းပြိုင်ဆိုတာ သချင်္ာသင်တုန်းက ဆွဲဖူးတယ်..။

အခုတော့ လက်တွေ့ရင်ဆိုင်နေရတယ်..။

သူတို့ကပြောတယ်…။

ကိုယ်က ကောင်းတာလုပ်တယ်..တဲ့..။

မကောင်းတာလည်း လုပ်တယ်တဲ့..။

တကယ်တော့….

ကိုယ် ကောင်းတာလည်း မလုပ်ဘူး.။

မကောင်းတာလည်း မလုပ်ဘူး။

တကယ်တော့ ကိုယ်က…

ကိုယ်လုပ်ချင်ရာ လုပ်နေတာ..။

…………..။

https://ahpaukmm.wordpress.com/

Tuesday, August 14, 2012

Tuesday, August 7, 2012

Monday, August 6, 2012

grandpa's

Steve Evergreen
4:42 PM
sleep well. eat well. regulate your day and night timing. you will be fine.

(Sometimes, he really sounds like an old man. No comment to the past, yeah, I thought he was really mean.)