Sunday, September 26, 2010

အာ.. မဟုတ်သော အာဏာ

Soe Min "အနှစ်နှစ်ဆယ်ကျော် အမျိုးမျိုးထိန်းသိမ်း လာခဲ့ရတဲ့အရာကို အခုချက်ချင်းကြီး သူများလက်ထဲ ၀ကွက်အပ်လိုက်ရမယ်ဆိုရင် ဘယ်သူကြည်ဖြူပါ့မလဲဗျာ။ နည်းနည်းပါးပါးတော့ ရသလောက်ကလေး မျက်စိအောက်မှာ ထားချင်သေးတာပေါ့။ တောင်းဆိုးပလုံးဆိုးမှ မဟုတ်တာ။ အာဏာဗျ။ အာဏာ။"
(အချစ်ကလေး.... ကိုယ့်ကိုနားလည်ပေးပါ...ကလေးရယ်....)


Wednesday, September 22, 2010

မိန်းမလျာကဗျာ ..

အမှန်တရားကို မျက်ရည်စို ပဝါပါးလေးနဲ့ ဖုံးထားလိုက်တဲ့အခါ
နာကျင်သူများရဲ့ အနာဖေးတွေ
အကြောက်တရားနဲ့အပြိုင် ထူထဲလာတယ်..
လိုလားခဲ့သော ဒီမိုကရေစီဟာ
လုံးပါး-ပါး အနားတွေဖွာ..
အကြင်နာစိတ် မပါတဲ့လူတွေ
ပြေပြစ်မှုထက် အမုန်းကို ပိုမက်နေကြလို့ပေါ့။

The Ballad of the Girlie Man by Charles BERNSTEIN



ဟိုဘက်က မပန်ဒိုရာရဲ့ ကဗျာအညွှန်းနဲ့ ဘာသာပြန်ကို မြင်ပြီးတော့ ပြန်မရေးဘဲ မနေနိုင်ဘူး။ ဘာမှပြန်မရတာတွေအတွက်ဆို စိတ်က သိပ်အပင်ပန်းခံချင်နေတယ်။ ကဗျာရေးတဲ့လူ သိပ်တော်ပါတယ်။
http://pandora-and-pandora.blogspot.com/2010/09/blog-post_20.html

ကဗျာက ပြင်းလွန်းလို့ ပထမတစ်ပိုဒ်နဲ့ပဲ နားပါဦးမယ်။
သူပြောနေတာက ဒီလိုဒီလိုအခြေအနေကို ကိုယ်ဘာမှလုပ်မပေးနိုင်တဲ့အခါ မိန်းမလျာလိုသာ ပဝါခြုံပြီး ကနေပါ တဲ့ ..။
ဘာသာစကားနဲ့ Lost in translation အကြောင်းတွေကို အငြင်းမပွားလိုဘူး။ English version ကိုပဲ နားလည်းချင်သလို နားလည်ပစ်လိုက်တယ်။

ပဒေသာပင်ကြီး ငရဲသားပိုင် ဖြစ်သွားချိန်ကစလို့ လူချမ်းသာတွေ ပိုချမ်းသာပြီး လူဆင်းရဲတွေ တွင်းထဲရောက်မြန်တယ်။ အဲ့ဒါကို လက်မခံတဲ့ ဘုရားသခင်ဆိုတာ စိတ်ကူးယဉ်ကြောင်မှုမျှသာ.... တဲ့။

ကဗျာဟာ စစ်ကို မနှိမ်နင်းနိုင်ပေမယ့် အမှားကို အားပေးမယ့် အဆိပ်တော့ မဖြစ်နိုင်ပါဘူး.... တဲ့။

မိန်းမလျာတွေ၊ ဂျူးတွေ၊ လူမဲတွေ ဘာသာရေးကို ပျက်စီးစေတယ် .. ဆိုပြီး အကောင်းစားမီဒီယာကနေ ဝါဒဖြန့်လည်းပဲ

သေပြီးတဲ့ ဘုရားသခင်ကို ပြန်ရှင်အောင် လုပ်ချင်သလား
လူတွေရင်ထဲက ရှင်သန်ဆဲ ဘုရားသခင်တွေ အီရတ်ရောက်စစ်သားတစ်ယောက်ကျတိုင်း လိုက်ကျဆုံးနေတာ သိသလား.... တဲ့
---

သူပြောတာတွေ ဘာမှ သေချာမသိဘူး..
ဒီတော့ မိန်းမလျာမဟုတ်တဲ့ မိန်းကလေးစစ်စစ်တစ်ယောက်ဟာ ဘာကိုမှ ကြောက်ရွံ့၊ စိုးရိမ်၊ စဉ်းစားဆင်ခြင်နေတာတွေ မလုပ်ဘဲနဲ့ အိပ်တာပဲ ကောင်းပါတယ်လေ။

သမ္မတကြီးတွေသာ မိန်းမလျာလို စစ်ကိုရွံရင် ကမ္ဘာကြီး ပိုငြိမ်းချမ်းမလား ???

ဗိုလ်ချုပ်အောင်ဆန်းနတ်

ဗိုလ်ချုပ်အောင်ဆန်းကို သူက ဘယ့်နှယ်ပြောတုန်းဆိုတော့ ဗိုလ်အောင်ဆန်း နတ်ဆိုတာ ဖြစ်ရမယ် ရှိရမယ်တဲ့။ မလုပ်ပါနဲ့ ကိုညိုမြရယ် အလကားနေမှ နတ်တွေက ရှုပ်လွန်းလို့ ရှိရတဲ့အထဲလို့ ကျွန်မက ပြောတော့၊ အဲ့ဒါ ဗမာ့နည်း၊ ဗမာ့ဟန်ပဲ ဗမာ့ပုံစံတဲ့။ သေလို့ရှိရင် နတ်ဖြစ်တယ်။ ဗမာတွေက ချစ်တယ်။ သူ့ကို အမြဲတမ်း အမှတ်ရတယ် တင်တယ် သတယ်တဲ့။ ဒါ ဗမာချစ်တဲ့ ပုံစံပဲတဲ့။ အဲဒီတော့ ဗိုလ်အောင်ဆန်း နတ်လည်း ရှိရမှာပေါ့တဲ့။ သူက အဲဒီလို ကျမကို ပြောသွားတာပါ။

ဦးညိုမြ (၂) နှစ်လည်တဲ့နေ့၊ အမရပူရတောင်လေးလုံးကျောင်း {၂၉-၉-၈၇}
လူထုဒေါ်အမာ- ဟောပြောချက်
http://mayaonlinemagazine.blogspot.com/2010/09/blog-post_21.html

Monday, September 20, 2010

Leadership

Leadership is not something you do to people, it's something you do with them. (Ken Blanchard)

Thursday, September 16, 2010

များစွာသော စီးပွားရေး ကော်ပိုရေးရှင်းကြီးများသည် အဖိုးအလွန်ကြီးပြီး ဘာမျအသုံးမဝင်သော ပစ္စည်းတွေ ထုတ်လုပ်ကာ၊ "မ" တွေ ဝယ်စေပြီး ခေါင်းပုံဖြတ် အမြတ်ယူကြသည်။
(ဒေါ်ခင်မျိုးချစ် ၏ "မ" စာအုပ်မှ)

ရောဂါ

မြန်မာပြည်ကလူတွေ သိပ်ကြောက်တဲ့ ရောဂါတစ်မျိုးကို ပညာရှင်တွေ သုတေသနလုပ်ဖို့ မေ့နေကြပါတယ်။ အဲ့ဒီရောဂါဟာ လူနဲ့စိတ်ကိုအားနည်းစေပြီး အခြားသောရောဂါတွေ ထပ်ဆင့်ဝင်လာမှာကို မေ့လျော့စေပါတယ်။ ရောဂါရဖို့ လွယ်သလောက် အမြန်နည်းနဲ့ပဲ လူတွေကုစားလေ့ရှိတဲ့၊ အမြစ်ပြတ်အောင် မကုနိုင်သေးတဲ့ ရောဂါဟာ ဗိုက်မဝမှာစိုးတဲ့ရောဂါ ဖြစ်ပါတယ်။

ဒီဆီကိုစားရင် နှလုံးရောဂါဖြစ်မယ်။ ဒါပါတာစားရင် ကျန်းမာရေးအတွက် ဆိုးတယ်။ ဒီလိုစားလိုက်ရင် ရောဂါပိုးဝင်မယ်.. ဆိုပေမယ့် .. အဲ့ဒါတွေမစားရင် ဗိုက်ဟောင်းလောင်းဖြစ်နေမယ် ဆိုတာမျိုးတွေ.. လူဘယ်နှယောက်က လောလောဆယ် ဗိုက်ပြည့်သွားပြီး ဒီနေ့အလုပ်လုပ်နိုင်ဖို့ ဆိုတာကို ပိုဦးစားပေးထားသလဲ ဆိုတာ စဉ်းစားသင့်တဲ့ အချက်ပါပဲ။

ဆရာဝန်ကို အသက်သခင် ကျေးဇူးရှင် ဆိုပြီး လေးစားရိုသေနေတဲ့ မြန်မာပြည်လို နေရာမျိုးမှာ ကျန်းမာရေးပညာပေးကျတော့ ဘာလို့ မထိရောက်ရသလဲ..
အားလို့ လျှောက်တွေးမိနေတာလည်း ရောဂါပဲ ထင်တယ်

Wednesday, September 15, 2010

(1) (2) (3)

Lawka Ahla relation of human beings to nature: (1) subjugated to nature , (2) in harmony with nature , or (3) dominant over nature. (Vandra Lea Masemann)
Well, most human wants to be more on (1) and less on (2).. That's why we become (3) at some point of time. (me)

Thursday, September 9, 2010

ကိုယ်ကပဲ တောင်းပန်လိုက်ပါတယ်

Dear,

Do u know it is rude to forward emails without deleting other people's addresses?
It is like giving my email address to other unknown people without my permission.
And also, when u forward something regardless of receiver's interest, it is better to put all the email addresses in Bcc: box.

Please, Please, Please put my email address in Bcc: instead of To: next time.

Thank you!

Not afraid - eminem



I'm not afraid..
to take a stand
everybody
come take my hand..

we'll walk this road together, through the storm
whatever weather, cold or warm
just let you know that you're not a lone
Holla if you feel like you've been down the same road..

သီချင်းရဲ့ Hook အပိုင်းကို သဘောကျတယ်.. လောလောဆယ် ခံစားနေရတာနဲ့ တိုက်ဆိုင်လို့လည်း ဖြစ်နိုင်ပါတယ်.. ဟိုနေ့က ရက်ပါလိုဝတ်မိလို့ ရက်ပ်စိတ်ပေါက်သွားတာတော့ မဟုတ်ပါဘူး..

အလကားနေရင်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေနဲ့ ကိုယ့်ဘာသာစိတ်ညစ်ခံနေတာ ကြာပြီ။ စိတ်က ပြတ်သားမှ ဖြစ်တော့မယ်။
သီချင်းထဲကလူလိုပဲ နံရံကိုထိုးခွဲပြီး တစ်နေရာကို လျှောက်သွားချင်တယ်။ (MTV ထဲက နံရံကတော့ လွယ်တာပေါ့)

And I just can't keep living this way
So starting today, I'm breaking out of this cage
I'm standing up, Imma face my demons
I'm manning up, Imma hold my ground
I've had enough, now I'm so fed up
Time to put my life back together right now

တစ်ခုခုကို ရိုက်ချိုးလိုက်ဖောက်ခွဲလိုက်ပြီးရင် စိတ်ထဲမှာတော့ ပေါ့ပါးသွားတယ်။ ဘာမှန်းမသိတဲ့အရာတွေ စုဝေးနေရင် စိတ်ဟာ ပိုလေးလံနေတတ်ပုံပဲ။ ဘာလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားမှန်း ကိုယ့်ဘာသာတောင် နားမလည်ဘူး.. အံ့သြစရာပဲ။

အိပ်ခါနီးတိုင်း ဘုရားရှိခိုးဖြစ်ဖို့ သတိထားရမယ်..