Thursday, December 31, 2009

Beth

There are many Beths in the world, shy and quiet, sitting in corners till needed, and living for others so cheerfully that no one sees the sacrifices till the little cricket on the hearth stops chirping, and the sweet, sunshiny presence vanishes, leaving silence and shadow behind.

-Louisa May Alcott- Little Women

Tuesday, December 29, 2009

Let me hope, မျှော်လင့်ခွင့်ပေးပါ

Even if tomorrow I will be surrounded by strangers, I believe a miracle will happen and that you will be there.

http://www.hatenkouyugi.com/


တကယ်လို့ ကျွန်မရဲ့ မနက်ဖန်ဟာ သူစိမ်းများအလယ်မှာ ဖြစ်နေခဲ့ရင်တောင် ရှင်ဟာ တစ်နေရာတစ်ထောင့်ကနေ ထူးဆန်းတိုက်ဆိုင်စွာ ပြန်ပေါ်လာလိမ့်မယ်လို့ ယုံကြည်တောင့်တနေမိတယ်။

Wednesday, December 23, 2009

စကားကြောရှည်သူများ...

အို ကျမ်းတတ်သီလကြောင် သူတော်ယောင်နှင့် ကြောင်သူတော်တို့။
သင်တို့အား ကြီးစွာသော သောကသည် ရောက်လတ္တံ့။
သင်တို့သည် မုဆိုးမ၏အိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသောပတ္ထနာစကားကို ရွတ်တတ်ကြ၏။
သင်တို့သည် ပိုမိုကြီးမားသော အပါယ်ဘုံသို့ ရောက်ကြလတ္တံ့။

သင်းအုပ်ဘုန်းကြီး၏စကား.. ထင်လင်း- မေတ္တာရှင်မလေး ပေါ်လီယာနာ

ပတ္ထနာစကား - ဆုတောင်းစကား

အိမ်ပြန်လမ်း

အမြှုပ်တဖွေးဖွေး ရနံ့တသင်းသင်းနှင့် အဆင်းလှစွာဆွဲဆောင်မှုရှိသော ယမကာကိုလည်း သုံးဆောင်ပါ။
အိမ်ပြန်လမ်းကိုလည်း မှတ်မိပါ။


ရုရှစကားပုံ - ဆရာနေဝင်းမြင့် ပြန်လည်မျှဝေသည်

ကျောက်ခေတ်ယဉ်ကျေူးမှု

မြန်မာပြည်မှာ ကျောက်ခေတ်ကတည်းက ထိန်းသိမ်းလာတဲ့ဓလေ့ နှစ်မျိုးရှိတယ်..

တစ်မျိုးက သစ်ကိုင်းတစ်မျိုးကိုခုတ် ကျောက်ပြားပေါ်သွေးပြီး ရတဲ့အနှစ်နဲ့ မျက်နှာမှာချယ်သအလှဆင်တဲ့ဓလေ့..
အခုတော့ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး ပေါ့..

နောက်တစ်ခုက သောက်ရေအိုး..
ကျောက်ခေတ်ကတည်းက ကျောက်အိုးထဲကရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်ခဲ့ကြတယ်.. တဖြည်းဖြည်းပြောင်းလာတော့ သဲကျောက်အိုး၊ မြေအိုး စသဖြင့်ပေါ့.. ကမ္ဘာမှာ မြေအိုးစဉ့်အိုးထဲကရေကို ယနေ့ထိ ခပ်သောက်တဲ့ တို့လူမျိုးတွေ ဖြစ်ပါတယ်..


ဆရာနေဝင်းမြင့်